ပုံမှန်ထက် ၄ ဆပိုပြီး မိုးရွာသွန်းမယ့်ဒေသတွေ ကြေညာလိုက်ပြီ

မိုး (၄) ဆ ပိုရွာပါမည် ဆိုပြီး ထွက်ပေါ်လာတဲ့ နောက်ဆုံးရ မိုးလေဝသ အခြေအနေ

လက်ရှိ မြန်မာနိုင်ငံအနှံ့မှာ မိုးလေဝသ အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး လာမယ့်ရက်ပိုင်းအတွင်း ဒေသတော်တော်များများမှာ မထင်မှတ်ထားလောက်အောင် မိုးကြီးမယ့် အခြေအနေတစ်ခု ရှိနေပါတယ်။

အထူးသဖြင့် ရွာသွန်းမြဲ မိုးရေချိန်ထက် (၄) ဆလောက်အထိ ပိုမို ရွာသွန်းနိုင်တဲ့အတွက် အောက်ပါ ဒေသတွေအနေနဲ့ အခုကတည်းက ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားဖို့ မိုးလေဝသပညာရှင်ဒေါက်တာစိုင်းခွန်အာကာရဲ့သတိပေးချက် ထွက်ပေါ်လာပါတယ်။

ဩဂုတ်လ (၁၆) ရက်မှ (၂၀) ရက်အတွင်း အထူးသတိထားရမယ့် ခရိုင်များ

ဒီကနေ့ ဩဂုတ်လ (၁၆) ရက်နေ့ကစပြီး လာမယ့် (၂၀) ရက်နေ့အတွင်းမှာ –

ညောင်လေးပင်ခရိုင်၊ ပဲခူးခရိုင် အရှေ့ပိုင်း၊ သံတောင်ကြီးခရိုင်

ကျိုက်ထို၊ ဘားအံ၊ ကော့ကရိတ်

မြောက်ဦး၊ အမ်း၊ တောင်ကုတ်၊ သံတွဲခရိုင် တွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါတယ်။

ဩဂုတ်လ (၂၀) ရက်မှ (၂၅) ရက်အတွင်း ဆက်တိုက် မိုးပိုမယ့် ခရိုင်များ

ရက်ပိုင်းအကြာ ဩဂုတ်လ (၂၀) ရက်ကနေ (၂၅) ရက်နေ့အထိမှာတော့ မိုးရွာသွန်းမှု ဧရိယာ ပိုမို ကျယ်ပြန့်လာပြီး –

ကချင်ပြည်နယ် ဘက်တွင်: မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်

ရခိုင်နှင့် ချင်း ဘက်တွင်: မောင်တော၊ မြောက်ဦး၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ပလက်ဝ၊ မင်းတပ်၊ မတူပီ နဲ့ ရခိုင်ရိုးမ တစ်လျှောက်

မြေပြန့်နှင့် အောက်ပိုင်း ဒေသများတွင်: မြန်အောင်၊ နတ္တလင်း၊ ပုသိမ်၊ ညောင်လေးပင်၊ ပဲခူး (အရှေ့ပိုင်း)၊ နေပြည်တော် (အရှေ့ပိုင်း)၊ သရက် (အနောက်ပိုင်း)၊ သံတောင်ကြီး၊ ဖာပွန်၊ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ထားဝယ်၊ ရေး၊ မော်လမြိုင်၊ သထုံ၊ ကျိုက်ထိုခရိုင် တို့မှာ ပုံမှန်ထက် (၄) ဆကျော်အထိ မိုးအဆက်မပြတ် ရွာသွန်းနိုင်ခြေ ရှိနေပါတယ်။

ဒီဒေသတွေဟာ ပုံမှန်အားဖြင့်လည်း မိုးကြီးတတ်တဲ့ နေရာတွေဖြစ်လို့ ရုတ်တရက် ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် လုပ်ငန်းခွင်တွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ နေထိုင်ရေးအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အချိန်မနှောင်းခင် အခုကတည်းက ပြုလုပ်ထားကြဖို့ သတင်းပေး တင်ဆက်လိုက်ရပါတယ်။

(မိုးလေဝသ အပြောင်းအလဲ ရှိခဲ့ရင် အချိန်နဲ့ တပြေးညီ ဆက်လက် တင်ဆက်ပေးသွားပါမယ်)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်