မူဆယ် – နမ့်ခမ်းလမ်းပေါ် က KIA ဂိတ်ကို ဒေသခံတွေ ပွဲကြမ်းလိုက်ပြီ

ယာ‌ဉ်မောင်း ၁ ဦးပစ်ခတ်ခံရပြီးနောက် မူဆယ် – နမ့်ခမ်းလမ်းပေါ် ရှိ KIA ဂိတ်ကို ဒေသခံများ ဖျက်ဆီး ဖယ်ရှား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်ရှိ မူဆယ်-နမ့်ခမ်းလမ်းပေါ်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA)ရဲ့ စစ်ဆေးရေးဂိတ်တခုကို ဒေသခံတွေက ဩဂုတ် ၂၈ ရက် နေ့ခင်းပိုင်းမှာ ဖျက်ဆီး ဖယ်ရှားလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

KIA ဂိတ်ကနေ ယာ‌ဉ်မောင်းတယောက်ကို ပစ်ခတ်မိလို့ ဒဏ်ရာရသွားပြီးနောက် ဒေသခံ ရွာသား တွေ အင်အား ၂၀၀ လောက်က လာပြီးတော့ ဆန္ဒပြ၊ ဖျက်ဆီး ဖယ်ရှားလိုက်ပြီလို့ KIA နဲ့ နီးစပ်သူ အမျိုးသား တယောက်က ပြောပါတယ်။

“မနေ့ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်လောက်က မူဆယ် – နမ့်ခမ်း လမ်းမပေါ် နန့်လိုင်ရွာအနီးက KIA စစ်‌ဆေးရေးဂိတ်မှာ စစ်ကောင်စီထောက်လှမ်းရေး သံသယရှိသူ ပါလာတဲ့ကားကို စစ်ဆေးဖို့ ဝာားမြစ်တာမှာ မရပ်ပဲ ကားမောင်းပြေးတာကို လိုက်လံပစ်ခတ်ရာက တခြားကားက ကားမောင်းသူ နမ့်စန့်ရွာခံ အမျိုးသား တ‌ဦးကို ထိသွားတာ။ ကားအကြီး တုန်ဖုန်း ကားအပြာကို ထိသွားတာ။ ပစ်တာက တယောက်၊ ထိသွားတာက တခြားကားပေါ်က တယောက်။”

ထိမှန် ဒဏ်ရာရတဲ့ ကားသမားကို ချိုင်းကနေ ကျည်ဖောက်ဝင် ဒဏ်ရာရှိသွားပြီး မူဆယ်ဘက် ဆေးကုသဖို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ရဲ့လက်အောက်ခံ ထောက်လှမ်းရေးပါတယ်ဆိုပြီး သတင်းရထားလို့ အဲဒီကားကို စောင့်နေတာလို့လည်း KIA နဲ့ နီးစပ်သူ နောက်တယောက်က ပြောပါတယ်။

ဒေသခံအမျိုးသမီးတယောက်ကတော့ အရပ်သားတွေ ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ လမ်းမှာ ပစ်ခတ်တာမျိုးတော့ မလုပ်သင့်ဘူးလို့ ပြောပါတယ်။

ဒေသခံ သဲကား ယာဉ်မောင်းကို ကျည်ထိမှန် ဒဏ်ရာရသွားတာကြောင့် ဒေသခံတွေက အဲဒီနေရာမှာ စစ်ဆေးရေးဂိတ် မထားဖို့ လူအင်အား ၂၀၀ လောက်နဲ့ ဆန္ဒပြခဲ့ကြတာပါ။

ဂိတ်တဲကိုလည်း ဖြိုဖျက်၊ မီးရှို့ဖျက်ဆီး၊ ဖယ်ရှားလိုက်ပြီး KIA တပ်ဖွဲ့တွေလည်း အဲဒီ နေရာက နေရာ ရွှေ့ပြောင်းပေးခဲ့ကာ ပစ်ခတ်သူလည်း အရေးယူခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်