သီလဝါကနေပြီး အမိုနီယမ်နိုက်ထရိတ်တင်ထားတဲ့ သင်္ဘောတစ်စီးပေါ/-က်ကွဲရင် ရန်ကုန်မှာရှိတဲ့တိုက်တွေ အလိုလို ကြေသွားမှာ

ပေါက်ကွဲမှုများနှင့် သင်ခန်းစာ

မကြာသေးမီက သီလဝါဆိပ်ကမ်းသို့ အမိုးနီးယမ်းနိုက်ထရိတ် ဓာတ်မြေသြဇာ တင်လာတဲ့ သင်္ဘောအကြောင်း ကျွန်တော့်ကိုမေးတယ်။ အန္တရာယ်ရှိလားတဲ့။ အထားမတတ်ရင် ရန်ကုန်လို မြို့ကြီးများပင် ပြိုကျသွားနိုင်တယ်လို့ ကျွန်တော်ဖြေခဲ့ပါတယ်။

ဓာတုဗေဒပစ္စည်းတွေဟာ သုံးတတ်ရင် ဆေးပါ။ မသုံးတတ်ရင် ဘေးဖြစ်တယ်။ သူတို့ဟာ အဆင်မသင့်တဲ့အခါ ထားသိုမှုတွေကြောင့်လည်း ပေါက်ကွဲတတ်တာကို သတိပြုရမယ်။ ဖေ့စ်ဘုတ် စာမျက်နှာမှာတော့ ကျွန်တော့်ကို အလွန်အကျွံ ပြောတယ်ဆိုပြီး ဝေဖန်ထားပါတယ်။ သင်ခန်းစာအတွက် လေ့လာကြည့်ရအောင် –

တရုတ်ပြည်မှ ပြင်းထန်တဲ့ပေါက်ကွဲမှု

ပြီးခဲ့တဲ့အပတ်က တရုတ်ပြည် တိုင်အင်ဂျင်မြို့ (City of Tianjin) မှာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားတယ်။ ဒီပေါက်ကွဲမှုအပြီး နှစ်ရက်ခန့်အထိ ငြှိမ်းသတ်လို့ မရခဲ့ပါဘူး။ မီးသတ်သမား ၁၈ ယောက်လောက်အထိ သေဆုံးတယ်လို့ ဆိုတယ်။ လူ ၅၀ ကျော် သေဆုံးပြီး အယောက် ၇၀ ကျော်ကတော့ ပြင်းထန်စွာ ဒဏ်ရာရှိထားတယ်။ အသေးအဖွဲ ဒဏ်ရာရရှိသူတွေကိုတော့ များလွန်းလို့ မဖော်ပြတော့ဘူးလို့ သတင်းဌာနက ဆိုတယ်။ ပေါက်ကွဲမှုဟာ ပြင်းထန်တယ်။ နှစ်ကြိမ် ပေါက်ကွဲသတဲ့။ ဒုတိယပေါက်ကွဲမှုဟာ TNT ယမ်းအား ၂၁ တန်လောက်နဲ့ ညီတယ်လို့ ဆိုတယ်။ ပေါက်ကွဲမှုဟာ ဂိုဒေါင် ဒါမှမဟုတ် ကွန်တိန်နာတွေက ဖြစ်တယ်လို့ ဆိုတယ်။ (City of Tianjin) ဟာ ဆိပ်ကမ်းမြို့ပါ။ သင်္ဘောတင်ဖို့ လုပ်ထားတဲ့ကား အများကြီး ပျက်စီးတယ်။ ကွန်တိန်နာတွေ ထောင်သောင်းချီ တန်းစီထားတယ်။

ဘာကြောင့် ပေါက်ကွဲရတယ်ဆိုတာကို ဓာတုဗေဒ ပညာရှင် နှစ်ရာကျော်ပါတဲ့ အဖွဲ့တစ်ဖွဲ့က စုံစမ်း စစ်ဆေးနေတယ်လို့ ဆိုတယ်။ ဒီလို ပေါက်ကွဲမှု ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ ဓာတုဗေဒ ပညာရှင်တွေအနေနဲ့ တာ၀န်ရှိသလို ခံစားရပါတယ်။

နိုက်ထရိုဂျင်ဓာတ်မြေသြဇာ

အမှန်ကတော့ ဒီပေါက်ကွဲမှုဟာ ထားသိုမှုဆိုင်ရာ ပြသ၁နာနဲ့ ဆိုင်တာကို တွေ့ရမယ်။ ဥပမာ ၂၀၁၃ ခုနှစ်က အမေရိကန်ပြည်ထောင်စု တက္ကဆက်မှာ ဓာတ်မြေသြဇာစက်ရုံ ပေါက်ကွဲမှုတွေ ဖြစ်တယ်။ ဓာတ်မြေသြဇာစက်ရုံ ပေါက်ကွဲတယ်ဆိုရင် အမိုးနီးယမ်းနိုက်ထရိတ်တွေ ပေါက်ကွဲမှာပဲဆိုတာ သဘောပေါက်တယ်။ အမိုးနီးယမ်း နိုက်ထရိတ်ဟာ ဓာတ်မြေသြဇာအနေနဲ့ အရေးပါသလို ယမ်းအနေနဲ့ ပေါက်ကွဲမှု အင်မတန် ပြင်းထန်တဲ့ ဓာတ်ပစ္စည်းပါပဲ။ သမိုင်းကြောင်းကို ခဏလေး ပြန်ကြည့်ရအောင်ပါ။

ပထမကမ္ဘာစစ်ကြီးအပြီးမှာ စစ်ရှုံးတဲ့ ဂျာမန်တွေဟာ စစ်လျော်ကြေးအတွက် အကြီးအကျယ် ဦးနှောက် ခြောက်ခဲ့ကြတယ်။ ဓာတုဗေဒပညာရှင်ကြီး ပါမောက္ခဟေးဗား (Fitz Haber) က လေထဲမှာရှိတဲ့ နိုက်ထရိုဂျင်ကို ရယူပြီး အမိုးနီးယားကို ပြုလုပ်နိုင်ခဲ့တယ်။ တကယ်တော့ နိုက်ထရိုဂျင်ကို လေထဲက အခမဲ့ရပါတယ်။ သူ့ရဲ့နည်းစဉ်ဟာ အင်မတန် စရိတ်စကသက်သာပြီး အကျိုးရှိတယ်။ ဒါကို ယနေ့တိုင် သုံးနေသေးတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ စလေတို့၊ ကျွန်းချောင်းတို့က ဓာတ်မြေသြဇာ စက်ရုံတွေဟာ ဟေးဗားနည်းစဉ် (Haber Process) ကိုသုံးပြီး ပုလဲ ဓာတ်မြေသြဇာကို ထုတ်လုပ်နေတာပါ။ ဒီနည်းစဉ်နဲ့ ဓာတ်မြေသြဇာပြုလုပ်နိုင်သလို လက်နက်ခဲယမ်း မီးကျောက်တွေကိုလည်း ပြုလုပ်နိုင်တယ်။ ဒီနည်းနဲ့ ဟေးဗားဟာ ဂျာမနီရဲ့ ပထမကမ္ဘာစစ်က အကြွေးတွေကို ဆပ်နိုင်တဲ့အပြင် ဂျာမနီကို ချမ်းသာကြွယ်၀တဲ့ နိုင်ငံအဖြစ် ပြောင်းလဲစေနိုင်ခဲ့တယ်။

စက်ဆန်းပေါက်ကွဲမှု

လွန်ခဲ့တဲ့ ငါးနှစ်က ဖြစ်ပွားခဲ့တဲ့ စက်ဆန်းဂိုဒေါင် ပေါက်ကွဲမှုဟာလည်း အဲဒီ အမိုးနီးယား (အမိုးနီးယမ်းကလိုရိုက်၊ ဇ၀က်သာ)က အဓိက တရားခံပါပဲ။ ဒီပေါက်ကွဲမှုဟာ အင်မတန် ပြင်းထန် အားကောင်းတယ်။ ရန်ကုန်က ပေါက်ကွဲသံကို မိုင် ၅၀ အကွာအဝေးမှာရှိတဲ့ ပဲခူးနယ်ကပင် ကြားခဲ့ရတယ်။ အဲဒီအချိန်က ပွင့်လင်းမြင်သာမှု မရှိသေးတဲ့ ကာလပါပဲ။ ဒီတော့ အကြမ်းဖက်သမားတွေက ပစ်ဖောက်တဲ့ဗုံးလို့ ယူဆခဲ့ကြတယ်။ အမှန်တော့ မဟုတ်ပါဘူး။ ကံဆိုးချင်တော့ ဘယဆေးဂိုဒေါင်တွေကို မီးလောင်ကျွမ်းသွားတာပါပဲ။ အဲဒီအခါ မီးသတ်က ရေနဲ့ဖြန်းတယ်။ ဒီအခါ အမိုးနီးယမ်း ကလိုရိုက် (ဇ၀က်သာ) နဲ့ ဆိုဒီယမ်နိုက်ထရိတ် (ယမ်းစိမ်း) တို့ဟာ မီးသတ်သမားတွေရဲ့ ဖြန်းထားတဲ့ ရေစီးကြောင်းနဲ့ အတူ ရောသွားတော့တာပဲ။ ဒီအရောဟာ ကူးစက်လာတဲ့ မီးတောက်တွေထဲမှာ ဓာတ်ပြုကာ အမိုးနီးယမ်း နိုက်ထရိတ် ဖြစ်လာတော့တယ်။ အမိုးနီးယမ်း နိုက်ထရိတ်ဟာ အင်မတန် ပြင်းထန်တဲ့ ဗုံးဖြစ်လာတော့တာပါပဲ။ အဲဒီ အမိုးနီးယမ်းနိုက်ထရိတ်ဟာ မီးတောက်ရဲ့ အရှိန်ကြောင့် အသံကြီးမြည်ဟည်းကာ ပေါက်ကွဲတော့တယ်။ အင်္ဂလန်မှာလည်း ဒီလို ပေါက်ကွဲမှု ဖြစ်ဖူးတယ်။ ဓာတ်မြေသြဇာ စက်ရုံဟောင်း တစ်ခုပေါ်မှာ မီးလှုံဖို့ မီးမွှေးရင်း ပေါက်ကွဲမှုဖြစ်တယ်။ ဒီပေါက်ကွဲမှုကြောင့် မိုင်သုံးလေးဆယ်ဝေးတဲ့ အရပ်မှာရှိတဲ့ အိမ်တွေရဲ့ မှန်ပြတင်းပေါက်တွေတောင် ကွဲကြေသွားခဲ့ပါတယ်။

၂၀၁၃ က အမေရိကန်ပြည်ထောင်စု တက္ကဆက်မှာ ဒီလိုပေါက်ကွဲတာ ဒုတိယအကြိမ်ပါပဲ။ ပထမအကြိမ်က မြစ်ထဲက သင်္ဘောဆီက ပေါက်ကွဲမှုဖြစ်တာပါပဲ။ ဖြစ်ပွားပုံက ပင်လယ်ကူးသင်္ဘောကြီးရဲ့ ၀မြးထဲမှာ အမိုးနီးယမ်း မြေသြဇာတွေကို တင်ထားတယ်။ အဲဒီမှာ လူတစ်ယောက်ဟာ အမှတ်မထင် သူ့ရဲ့ သောက်လက်စ ဆေးလိပ်ကို သင်္ဘော၀မ်းထဲ ပစ်ချမိတယ်။ ဒီအခါ ပေါက်ကွဲမှုကြီး ဖြစ်ပွားတော့တာပါပဲ။ ပေါက်ကွဲမှု ပြင်းထန်လှတယ်။ သင်္ဘောပေါ်မှာရှိတဲ့ သံမဏိယက်မတွေဟာ လွင့်စင်ပြီး တိုက်တာအဆောက်အအုံတွေထဲကို ၀ငသြှားတဲ့အထိ ပြင်းထန်ခဲ့တယ်လို့ ဆိုတယ်။ ယနေ့ တက္ကဆက် ပေါက်ကွဲမှုဟာ ဘိုစတွန်မြို့ မာရသွန် ပြေးပွဲက ဗုံးပေါက်ကွဲမှုကြောင့် သတင်းသိပ်မဖြစ်လိုက်ဘူး။ ဓာတုဗေဒပစ္စည်းတွေကို နှစ်မျိုးသုံးနိုင်တာ အများသိကြပါတယ်။

ဗျောက်အိုးတွေနဲ့ ယမ်းတွေ

တကယ်တော့ ယမ်းကို စတင်တွေ့တာ တရုတ်တွေပါပဲ။ သူတို့ဟာ ပျော်ပွဲရွှင်ပွဲတွေမှာ မီးကျည်မီးပန်း ပစ်ဖောက်တဲ့နေရာမှာ ယမ်းတွေကို သုံးတယ်။ ဗျောက်အိုးတွေကို ယမ်းတွေနဲ့ ပြုလုပ်ပါတယ်။ သူတို့နည်းက ယမ်းစိမ်း ကန့် မီးသွေး (နဲ့ တစ်ခါတစ်ရံ ဖော့စဖရပ်စ်) တို့ကိုရောပြီး မီးရှို့တာပဲ ဖြစ်တယ်။ ဒီပစ္စည်းတွေအားလုံးဟာ သဘာ၀မှာရှိတယ်။ ဒီလို ယမ်းလုပ်တဲ့နည်းကို အနောက်တိုင်းက ရသွားပါတယ်။ သူတို့ဟာ ယမ်းတွေကို စမ်းသပ်ပြီး ပျော်ပွဲရွှင်ပွဲတွေမှာ မသုံးတော့ဘဲ သေနတ်တွေ လက်နက်တွေ လုပ်ရာမှာ အသုံးပြုခဲ့တယ်။ သေနတ်ဟာ ခေတ်တစ်ခေတ်ကို ပြောင်းသွားစေတယ်။

အဲဒီခေတ်က လေးနဲ့ မြားခေတ်ပေါ့။ ပထမက ဓား၊ နောက်တော့ မြားပေါ့။ သူတို့ကိုတော့ သေနတ်က နိုင်တယ်။ ဘိုးဝါးလို့ခေါ်တဲ့ မြေရှင် ပဒေသရာဇ်တွေဟာ ရဲတိုက်တွေ အခိုင်အမာဆောက်ပြီး ဘုရင်ကိုအာခံတဲ့ခေတ်ပါ။ သူတို့ဟာ နယ်မြေတွေကို အခိုင်အမာရထားလို့ ဘုရင့်တပ်တွေ တိုက်ခိုက်လို့မရနိုင်ဘူး။ ဒါပေမဲ့ တရုတ်ကရတဲ့ ယမ်းနည်းပညာတွေကြောင့် သေနတ်တွေ အမြောက်တွေ မော်တာတွေ ပေါ်လာတဲ့အခါ အဲဒီနယ်စားပယ်စား ပဒေသရာဇ်တွေ မခံနိုင်တော့ဘူး။ ဒီတော့ လက်နက်ချလာရတယ်။ ဒါဟာ လက်နက်ရဲ့ အကျိုးပြုမှုလို့ သမိုင်းပညာရှင်တွေက သုံးသပ်တယ်။ ဒါပေမဲ့ လက်နက်ဟာ အာဏာပါပဲ။ အာဏာဟာ ပျက်စီးခြင်းကို ဖြစ်စေတယ်။ ဆောင်းပါးအစမှာ တင်ပြခဲ့တဲ့ Fitz Haber ဆိုရင် ဓာတုလက်နက်တစ်ခု ဖြစ်တဲ့ ကလိုရင်းကို ရန်သူတွေကို တိုက်ရာမှာသုံးဖို့ ညွှန်ပြခဲ့တယ်။ ဒါပေမဲ့ အစိုးရရဲ့ ဂျူးတွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းတာကို တွေ့တော့ သူ ဂျာမနီကနေ ထွက်သွားပြီး ဆွစ်ဇာလန်မှာ တစ်သက်လုံး နေသွားခဲ့တယ်။

လွန်ခဲ့တဲ့အပတ်ကပဲ မြန်မာဟာလည်း ဓာတုလက်နက်တွေကို မသုံးဘူးဆိုတဲ့ ကွန်ဗင်းရှင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကမ္ဘာမှာ နာမည်ကြီးတဲ့ သိပ္ပံပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းဆိုရင်လည်း လက်နက်နဲ့ ပတ်သက်ပြီး တစ်ခါက မှားခဲ့ဖူးပါတယ်။ တကယ်တော့ အိုင်းစတိုင်းဟာ ကျွန်တော်တို့ ယနေ့သုံးနေတဲ့ ဆိုလာဆဲလ်လို့ခေါ်တဲ့ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ဓာတ်ထုတ်တဲ့ နည်းစဉ်ရဲ့ ဖခင်ကြီးလို့ ခေါ်နိုင်ပါတယ်။ သူဟာ နယူတန်ပြောသလို အလင်းဟာ လှိုင်းအနေနဲ့သာ ရှိတာကို လက်ခံပါတယ်။ ဒါပေမဲ့ လှိုင်းသာမက အမှုန်အနေနဲ့ပါ ဂုဏ်သတ္တိနှစ်ခု (Duel Properties ) ရှိတယ်လို့ တင်ပြခဲ့တယ်။ အဲဒီတင်ပြချက်ကြောင့် သူ နိုဘယ်လ်ဆုရခဲ့တာပါပဲ။

အဲဒါဟာ ယနေ့ဆိုလာပြားတွေရဲ့ အခြေခံပါ။ ဒါပေမဲ့ အိုင်းစတိုင်းရဲ့ စွမ်းအင်နဲ့ ဒြပ်ထုဆက်စပ်မှု ( E = mC2 ) ဆိုတဲ့ ညီမျှခြင်းဟာ သူ့ကို ကမ္ဘာကျော်စေခဲ့ပါတယ်။ ယူရေနီယံ ပလူတိုနီယံ စတဲ့ မတည်မြဲတဲ့ ဒြပ်စင်တွေကို ဖြိုခွဲလိုက်ရင် စွမ်းအင်များစွာ ထွက်လာနိုင်တယ်လို့ သူ့ညီမျှခြင်းက ဖော်ပြခဲ့တာပါပဲ။ ဒီကနေ လူတွေဟာ အဏုမြူဗုံးလုပ်လို့ ရတယ်ဆိုတာ သိလာတယ်။ အိုင်းစတိုင်း ကိုယ်တိုင်ကလည်း ဒုတိယကမ္ဘာစစ်မှာ အမေရိကန်သမ္မတ ထရူးမင်းကို အဏုမြူဗုံးလုပ်ဖို့ တိုက်တွန်းစာ ရေးခဲ့ဖူးတယ်။ အဲဒီစာကြောင့် အမေရိကန်တွေ အဏုမြူဗုံး လုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ အဏုမြူဗုံးကြဲချခဲ့တယ်လို့ သူကယူဆတယ်။ ဒါကြောင့် လူတွေအများကြီး သေရတယ်ဆိုပြီး အိုင်းစတိုင်းဟာ အတော်လေး တုန်လှုပ်သွားခဲ့တယ်။ သြဂုတ်လ ၆ ရက်က ဟီရိုရှီးမားနဲ့ သြဂုတ်လ ၉ ရက်နေ့မှာ အဏုမြူဗုံးချတာ အနှစ် ၇၀ ပြည့် နှစ်ပတ်လည်ဖြစ်တယ်။

ဓာတုဗေဒပစ္စည်း

အမှန်တော့ မီးကိုစတွေ့တဲ့ လူသားတွေဟာ မီးရဲ့ အကျိုးပြုမှုကို ခံစားရသလို မီးရဲ့နှိပ်စက်မှုကိုလည်း ခံစားရပါတယ်။ ဒီအတိုင်းပါပဲ။ လက်နက်နဲ့ ပတ်သက်တဲ့ ဓာတုဗေဒပညာဟာ တစ်ဖက်ကလည်း လူသားကို အကျိုးပြုတဲ့ ဓာတုဗေဒပစ္စည်းပေါင်း များစွာကို ထုတ်ပေးလျက်ရှိတယ်။ ယနေ့ လူတွေသုံးနေတဲ့ အသုံးအဆောင်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကျော်ဟာ ဓာတုဗေဒနည်းနဲ့ ပြုလုပ်ထားတာတွေချည်းပါပဲ။

လူတွေဟာ လောင်စာစွမ်းအင်တွေကိုသုံးပြီး ရေအောက်မြေပေါ်လေထဲမှာ နည်းမျိုးစုံနဲ့ ဆက်သွယ် ကူးသန်းလာနိုင်ကြပြီဖြစ်တယ်။ အင်မတန် သန့်စင်တဲ့ ဆီလီကွန် (Si) ကိုသုံးပြီး အကောင်းဆုံး ကွန်ပျူတာတွေကို ထုတ်လာနိုင်တယ်။ ရှားပါးဒြပ်စင် (Rare Earth Metals ) တွေကိုသုံးပြီး Hybrid ကားများ မိုဘိုင်းဖုန်းများ၊ Tablets များ၊ Laptop ကွန်ပျူတာများအတွက် ဘက္ကထရီများကို ထုတ်ဖို့ အကူအညီပြုနိုင်ခဲ့တယ်။ ဒါတွေဟာ ဓာတုဗေဒနည်းစဉ်တွေပဲဖြစ်တယ်။ မြန်မာပြည်မှာလည်း ဒီပြသ၁နာတွေ ရိုက်ခတ်မှုရှိလာတယ်။ အဲဒါက မြန်မာပြည်မှာ သတ္တုသယံဇာတတွေ ရှိတယ်။ (Rare Earth Metals) တွေရှိတယ်။

အနောက်တိုင်းဟာ တရုတ်နိုင်ငံက အခမ်းအနားတွေမှာသုံးတဲ့ ခဲယမ်းမီးကျောက် နည်းပညာကို ရယူသွားတယ်။ ပြီးတော့ သူတို့က ဒါကို အခမ်းအနားမှာ မသုံးဘူး။ လက်နက်တွေ ဖန်တီး ထုတ်လုပ်ခဲ့တယ်။ သူတို့ဟာ လက်နက်တွေနဲ့ တိုက်ခိုက် အနိုင်ကျင့်လာခဲ့ပြီး နောက်ဆုံး တစ်ကမ္ဘာလုံးကို ကျွန်ပြုခဲ့တယ်။ နယ်ချဲ့ (Colonized) လုပ်ခဲ့တယ်။ ယနေ့ကတော့ Globalization ခေတ်ပေါ့လေ။ ကူးသန်းရောင်း၀ယ် ဆက်ဆံရေးကောင်းပါမှ အားလုံး အဆင်ပြေတာ အမှန်ပါပဲ။ ကုန်ကြမ်းယူ ကုန်ချောကို ရောင်းတာပေါ့။ တရုတ်က ကုန်ကြမ်းကိုရယူပြီး ကုန်ချောလုပ်တယ်။ အလုပ်သမားတွေကို လုပ်ခနည်းနည်းနဲ့ ခိုင်းတော့ သူ့ဆီက ပစ္စည်းတွေ စျေးပေါတယ်။ ခုပေါက်ကွဲမှုဖြစ်တဲ့ (City of Tianjin) ဟာ ဆိပ်ကမ်းမြို့ဆိုတော့ ဒီကုန်ကြမ်း ပစ္စည်းတွေကို အဲဒီနေရာမှာ သိုလှောင်ထားရတယ်။ အဲဒီကနေ ပို့ဆောင်ရတယ်။

သိုလှောင်မှုပြဿနာ

သိုလှောင်တဲ့အခါ ပြဿနာအကြီးကြီးရှိတယ်။ ဥပမာ ကျောက်မီးသွေးကို ပုံထားရင် အချိန်ကြာတဲ့အခါ အလိုလို မီးထလောင်တယ်။ အချို့က မီးပွားကျလို့ဖြစ်တာလို့ ထင်တယ်။ မဟုတ်ပါဘူး။ ပုံထားတဲ့အခါ ဖိအားဖြစ်လာပြီး အပူရှိန်တက်လာတာက မီးလောင်တယ်။ ဖော့ဖရပ်စ် (အဝါ) ဟာ လေထဲရောက်ရင် အလိုလို မီးလောင်တယ်။ (သူ့ကို ရေအောက်မှာ ထားရတယ်) ဆိုဒီယမ်တို့ ပိုတက်ဆီယမ်တို့ဟာလည်း ရေနဲ့ထိရင် ထပြီးလောင်ကျွမ်း ပေါက်ကွဲတယ်။ (သူ့ကို ရေနံဆီအောက်မှာ ထားရတယ်)။ ကယ်လ်စီယမ်ကာဘိုဒ် (CaC2) ဟာလည်း ရေဖြန်းရင် မီးလောင်စေတဲ့ ဓာတ်ငွေ့ထွက်လာတယ်။ တရုတ်ပြည်က မီးသတ်သမားတွေ ရေဖြန်းလို့ မီးလောင်ပေါက်ကွဲ သေဆုံးကာ ကယ်လ်စီယမ်ကာဘိုဒ်ကြောင့်လို့ အချို့ပညာရှင်တွေက ယူဆတယ်။

ပြင်းထန်တဲ့ ပေါက်ကွဲမှုကတော့ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်ဆိုင်ယာနိုဒ်တွေကြောင့်လို့ အချို့ကဆိုတယ်။ ဆိုဒီယမ် ဆိုင်ယာနိုဒ်တွေကနေ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုဒ် ဓာတ်ငွေ့တွေ အလွယ်တကူ ထွက်လာနိုင်တယ်။ ဒီဆိုင်ယာနိုဒ်တွေဟာ အဆိပ်တွေဖြစ်သလို ပေါက်ကွဲမှုကို ဖြစ်စေတယ်။ ဆိုဒီယမ်ဆိုင်ယာနိုဒ်ကိုတော့ ရွှေချွတ်တဲ့နေရာမှာ သုံးတယ်။ မြန်မာပြည်ကိုလည်း တရုတ်က ရောင်းပါတယ်။ ပြင်းထန်တဲ့ ပေါက်ကွဲမှု နောက်တစ်ခုကတော့ စက်ဆန်းဂိုဒေါင်မှာ ဖြစ်တဲ့ပုံစံလိုဖြစ်နိုင်တယ်။ ဆိုဒီယမ်နိုက်ထရိတ် (ယမ်းစိမ်း) နဲ့ အမိုးနီးယမ်းကလိုရိုဒ် (ဇ၀က်သာ) တို့ အရောကို ရေနဲ့ဖြန်းပြီး မီးလောင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအရာဟာ အမိုးနီးယမ်းနိုက်ထရိတ်ကို ဖြစ်ပေါ်စေတယ်။ ဒါကို မီးရှို့လိုက်ရင် လေးငါးဆယ်မိုင်က ပြတင်းပေါက်မှန်တွေ ကွဲကြေတဲ့အထိ ပေါက်ကွဲမှု ပြင်းထန်တယ်။ အသံလည်းကျယ်တယ်။ မှားရင်ပြင် ဆင်ခြင်ပြီး ရှေ့ဆက်ကြဖို့ တင်ပြအပ်ပါတယ်။

ဒေါက်တာခင်မောင်ညို

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်