၆၈၀၀ စားတို့ ပုံဖျက်နေတဲ့ ဂူဂူ ​ဩဝါဒပေးခဲ့သော မဟာစည်တော်ကြီး

မဟာစည်တော်ကြီး အကြောင်းသိကောင်းစရာ

အမည်( ဘွဲ့ခံ) – မဟာဘေရီ(ခေါ်) အဓိက ဒုန္ဒုဘ ( စည်တကာ တို့ထက် လွန်ကဲသော စည်တော်ကြီး )

ထွင်းထုသည့် သစ်အမျိုးအစား – ကုက္ကိုလ်သား ( နှစ်ပေါင်း(၁၅၀)ကျော် သက်တမ်းရှိ )

အကျယ်အဝန်း – မျက်နှာ၀ ၅ပေ- ၄လက်မ အရှည် ၁၀ပေ-၈လက်မ လုံးဝန်းပတ် ၁၇ပေ- ၈လက်မ

အလေးချိန် – ဝ.၂၅ တန်

အမှတ်လက္ခဏာ – ဘေး တစ်ဖက် တစ်ချက်တွင် ပုဂံခေတ်လက်ရာ (၁၀၈)ကွက်သော ဗုဒ္ဓခြေတော်ရာ စက်လက္ခဏာအား နတ်မင်းကြီး(၂)ပါးမှ ပူဇော်နေဟန် ထွင်းထုထားကာ အတွင်းပိုင်း၌ ဘုရားအနေကဇာတင် သမ္ဗုဒ္ဓေဂါထာတော် ဓါရာဏပရိတ် ပဌာန်း(၂၄) ပစ္စည်းနှင့် ရှင်သီဝလိ ဂါထာတော်၊ ဘားမဲ့ဆရာတော်၏ ဘုရား(၄)ဆူအင်း ကြီးလေးကြီးအင်း ၁၀၈ ကွက် ဂါထာတော်များဖြင့် ထွင်းထု ပူဇော်

သြဝါဒ – သီတဂူဆရာတော်ဘုရားကြီး

ထွင်းထုပူဇော်သူ – ဆရာပွဲ ( မြန်မာ့ရိုးရာတူရိယာ လုပ်ငန်းပညာရှင်)

ထုလုပ်ရာဒေသ – စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ လက်ပံကုန်းရွာ

ကမ္ဘာ့အကြီးဆုံးသစ်တစ်လုံးထွင်း ဓမ္မစည်တော်ကြီး

ကမ္ဘာ့အကြီးဆုံး သစ်တစ်လုံး ထွင်း ဓမ္မစည်တော်ကြီး သစ်လုံးတစ်လုံးတည်းနှင့် ထွင်းသည့် စည်ထဲတွင် ကမ္ဘာ့အကြီးဆုံးဖြစ်သည်ဟုသိရသည်။ အာရှ နိုင်ငံများ၌ အလွန်ကြီးမားသည့် စည်ကြီးတွေရှိသော်လည်း သစ်တစ်လုံးတည်းဖြင့် ထွင်းခြင်းမဟုတ်ပေ။ ယခုအခါတွင် သစ်တစ်လုံးတည်းဖြင့်ထွင်းသည့် အကြီးဆုံး ဓမ္မစည်တော် အဖြစ် စစ်ကိုင်းကောင်းမှုတော်စေတီတွင် နောင်လာနောက် သားများ အစဉ်အဆက် တွေ့မြင်ရတော့မည်ဖြစ်သည်။

အင်းတော်မြို့ သုသာန်ဟောင်းတစ်ခု ကိုရှင်းလင်းရာ၌ အနီးအနားမှာရှိနေသည့် သက်တမ်း ၁၅၀ ကျော်ရှိသော ကုက္ကိုပင်ကြီးတစ်ပင်လှဲထားသည်ကို ဆရာပွဲ၏သား ဦးကျော်ညွန့်က တွေ့ရှိခဲ့ပါသည်။

ဦးကျော်ညွန့်သည် အထက်မြန်မာပြည်၊ အောက်မြန်မာပြည်နေရာများစွာအတွက် ဘုရားကျောင်းကန်များမှာ ထားဖို့ အလွန်ကြီးမားသောစည်တော်ကြီးများကို ထွင်းထု ရောင်းချခဲ့ဖူးပါသည်။ အထက်အညာဒေသ၌ သစ်ကြီး ဝါးကြီးများပေါများ၍သာ စည်တော်ကြီးများကိုထွင်းထုရန် လုံးပတ်ကြီးသောသစ်ပင်ကြီးများ ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။

အပင်ကြီး၏လုံးပတ် လောက်ရှိသော စည်တော်ကြီးမျိုး ဘဝတွင် တစ်သက် တစ်ခါမှ မထွင်းထုဖူးခဲ့ချေ။ မိမိ၏ ဘိုးစဉ်ဘောင်ဆက် ရိုးရာလုပ်ငန်းတစ်ခုလည်းဖြစ်၊ တိမ်မြုပ်နေသောအထက် အညာ၏ရှားပါးသောလက်မှုလုပ်ငန်းကိုလည်း ဖော်ထုတ် ပြသချင်သည့် ရည်ရွယ်ချက်လည်းဖြစ်၊ မြန်မာ့ဂုဏ်ဆောင် ကြီးမားသော စည်ကြီးတစ်ခုမွေးဖွားရန် ဆန္ဒကလည်းဖြစ်၊ ထိုဖြစ်ချင်သောစိတ်များဖြင့် ဆရာပွဲ၏သား ဦးကျော်ညွန့် မိသားစုသည် တစ်သက်မှာ တစ်ခါမှမမြင်ဖူးခဲ့သော မထု လုပ်ခဲ့ဖူးသည့် စည်တော်ကြီးကိုထွင်းထုရန် ခိုင်မာသော ဆုံးဖြတ်ချက်ချခဲ့ပါသည်။

ထွင်းထုမည့် ဓမ္မစည်တော်

ကြီးမား၍ပြိုလဲနေသော ကုက္ကိုပင်အိုကြီးနှင့် အနီး အနား သင်္ချိုင်းမှအုတ်ဂူဖွေးဖွေးများကိုကြည့်ကာ ဦးကျော် ညွန့်၏စိတ်ထဲတွင် သံဝေဂတရားရနံ့များရရှိလာသည်။ လူတို့သည် အိုကြသည်၊ နာကြသည်၊ သေကြသည်ကို ဤအပင်အိုကြီးမှ နှစ်ပေါင်းများစွာ နိစ္စဓူဝ ထိတွေ့နေရ သည်။ ထိုအပင်ကြီးမှ အို၊ နာ၊ သေ ပုံရိပ်များမှသည် သံသရာဝဋ်ဆင်းရဲချုပ်ငြိမ်းရာ၊ ကိလေသာချုပ်ငြိမ်းရာ၊ သစ္စာလေးပါးကိုသိရန်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန် မြတ် ဗုဒ္ဓ၏တရားဒေသနာတော်များကို ကြားယောင်မိလာသည်။

လောကသုံးပါးထက်မြင့်မြတ်သော၊ လောကသုံးပါးမှ လွန်မြောက်သော၊ လောကသုံးပါးကို အြွကင်းမရှိ သိတော် မူသော သုံးလောကထွတ်ထားမြတ်စွာဘုရားကိုယ်တော် မြတ်ကြီးကို ကြည်ညိုပူဇော်လိုစိတ် တဖွားဖွားဖြစ်ပေါ်လာ ၏။ လောကသုံးပါးအား သရုပ်ဖော်ထားသည့် မြတ်ဗုဒ္ဓ၏ ခြေတော်ရာကို စည်ကြီး၏ကိုယ်ပေါ်တွင် ထုထွင်းလိုစိတ် များဖြစ်ပေါ်ခဲ့သည်။

ဓမ္မစည်ကြီးအား စိတ်ကူးတွင် သရုပ်ဖော်

ဤသို့ဖြင့် ကုက္ကိုပင်အိုကြီးပြိုလဲနေသည်ကို မြင်ရာမှ ဆင့်ကဲဖြစ်ခြင်းများတွေးမိ၏။ ထို့နောက် ဆင့်ကဲပျက်ခြင်း များတွေးမိ၏။ အနုလုံ ပဋိလုံ မသိခြင်းအဝိဇ္ဇာ၏ဖြစ်တည် ခြင်းမှ ချုပ်ငြိမ်းခြင်းကိုတွေးမိသည်။

သံသရာဒုက္ခ မွေးဖွားခြင်း၊ သေဆုံးခြင်းဝဋ်ဆင်းရဲမှ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုတွေးမိ၏။ ဤသုသာန်တစပြင်မှရရှိ သော ကုက္ကိုပင်ကြီးတွင် ဇာတိဟူသည့်အကြောင်းကြောင့် အိုခြင်း၊ သေခြင်း၊ ဆင်းရဲခြင်း၊ ငြွေိုကးခြင်းများစွာတို့၏ အငွေ့အသက်များစွာကိုတွေ့မြင်ရ၏။ ထိုမှအကြောင်းပြု၍ သံသရာဝဋ်ဆင်းရဲခြင်းအကြောင်းတို့ချုပ်ငြိမ်းရာ မြတ်ဗုဒ္ဓ ၏တရားတော်များကို ကြားနာမိ၏။

ထိုမှတစ်ဖန် လောက သုံးပါးဖြစ်သည့်လူ၊ နတ်၊ ဗြဟ္မာ စသော သတ္တလောက၊ (၂၁)လောကပြုပြင်စီရင်တတ်သော သင်္ခါရလောက၊ (၂၈)လောကတော၊ တောင်၊ ရေ၊ မြေ၊ သမုဒ္ဒရာ စသော သြကာသ လောက၊ (၅၉) လောက ထိုလောကသုံးပါးကို အြွကင်းမရှိ သိသော်မူသည့်မြတ်စွာဘုရားကို ပူဇော်သော အားဖြင့် ခြေဖဝါးတော်နှစ်ပြင်၌ (၁၀၈)ကွက်စီသော စက် လက္ခဏာ တို့ကိုမြင်ယောင်မိ၏။

ဓမ္မစည်တော်ကြီးကို စတင်ထွင်းထုခြင်း

မှတ်မှတ်ရရ နေ့ထူးနေ့မြတ်ဖြစ်သည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့)တွင် စည်တော် ကြီးအား စတင်ထွင်းထုပါသည်။

စည်တော်ကြီး၏အတိုင်းအတာ

စည်တော်ကြီးမှာအတိုင်းအတာအားဖြင့် အမြင့် ၅ ပေ ၄ -လက်မ၊ အရှည် ၁၀ ပေ ၈ -လက်မ၊ မျက်နှာဝ ၄ ပေ ၆ -လက်မ၊ လုံးဝန်းပတ် ၁၇ ပေ ၈- လက်မ၊ အလေး ချိန်မှာ ခန့်မှန်း သုည ဒသမ ၂၅ တန်ခန့်ရှိပါသည်။ စည်တော်ကြီး၏အတွင်းပိုင်းမှာ ဗုဒ္ဓ၏တရားဒေသနာတော် များအားရေးသားပြီး စည်တော်ကြီး၏အပြင်ဘက် တစ်ဖက် တစ်ချက်မှာ ခြေတော်ရာ(၁၀၈)ကွက်ကို ထွင်းထုခဲ့ပါသည်။ စည်တော်ကြီးအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ထွင်းထုပြီးစီးခဲ့ပါသည်။ စည်တော်၏စည်ကျစ်ကြိုးအတွက် နွားသားရေ ၁၈ ချပ်ကုန်ပြီး စည်မျက်နှာပြင်အတွက် ကျွဲသားရေ နှစ်ချပ်ကုန်ပါသည်။

အတိမဟန္တဒုန္ဒုဘစည်တော်ကြီး

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရက စည်တော်ကြီးအား အတိမဟန္တဒုန္ဒုဘ စည်တော်ကြီးဟု ဘွဲ့အမည်ပေးခဲ့ပြီး ၁၀–၃–၂၀၁၉ ရက် ညချမ်းချိန်ခါ ၇ နာရီခွဲအချိန်မှစတင်၍ စစ်ကိုင်းတိုင်းဒေသ ကြီး ကသာခရိုင် အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် အင်းမြသာယာအားကစားကွင်းတွင် ဆင်ယင်ကျင်းပသော အတိမဟန္တဒုန္ဒုဘစည်တော်ကြီးအား စစ်ကိုင်းမြို့ ရာဇ မဏိစူဠာ ကောင်းမှုတော်စေတီတော်သို့ ပင့်ဆောင်ခြင်း အထိမ်းအမှတ် သီတဂူဓမ္မသဘင်ကို ဟောကြားချီးမြှင့်ပေး တော်မူခဲ့ပါသည်။

ဆရာပွဲနှင့် သားကျော်ညွန့်

တချို့က ဗုံချစ်သူလို့တောင် အမည်ပေးထားကြသည်။ဆရာပွဲဟာ ပင်လည်ဘူးမြို့နယ် တောင်မော်ရွာ ဇာတိ ဖြစ်ပါသည်။ မန္တလေးမှ ဗုံလုပ်ငန်းပညာရှင် ဦးဖိုးကွန်း- ဒေါ်ခင်သိန်းတို့၏သမီးဖြစ်သူ ဒေါ်သန်းသန်းနှင့် အကြောင်း ပါကာ ဦးဖိုးကွန်းထံမှ မြန်မာ့ရိုးရာဗုံလုပ်ငန်းပညာကို သင်ယူပြီး ယခုလက်ပံကုန်းရွာတွင် မြန်မာ့ရိုးရာ အိုးစည်၊ ဗုံ၊ ပတ်လုံး၊ပတ်မ၊ စည်တို၊ ပဟိုရ်စည်၊ ဓမ္မစည်၊ စခွန့် စသည်တို့ကိုလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုခဲ့ သည်မှာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီဖြစ်သည်။

မျောက်ငို၊ ယမနေ၊ ကုက္ကို စသောအသားများဖြင့် ဗုံကိုထွင်းရပါသည်။ ဗုံ၏အသံအရည်အသွေးကောင်းပြီး အသံမှန်ရန်မှာ ဗုံ၏အတွင်းသားအား ချောမွေ့ရန် အဓိက ဖြစ်၍ ဗုံထွင်းလျှင် အထူးသတိထားရသည်ဟု ဆရာပွဲ၏ သားဖြစ်သူ ဦးကျော်ညွန့်က ပြောသည်။ ဆရာပွဲ ဗုံလုပ်ငန်း တည်ရှိရာနေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာ ကသာ–ဗန်းမောက် ကားလမ်းမကြီးနံဘေးတွင်ဖြစ်ပါသည်။

အင်းတော်မြို့၏ မြောက်ဘက် တစ်မိုင်လောက်အကွာတွင် အင်းတော် အင်းကြီး ရှိပါသည်။ အင်းတော်အင်း၏အရှေ့ဘက် ကမ်းနံဘေးတွင် လက်ပံကုန်းရွာနှင့် အင်းရွာရှိ၍ ထိုနေရာအား လက်ပံကုန်း ကွန်ကရစ်တံတားဖြင့်ခြားထားပါသည်။ ဆရာပွဲ၏အိမ်မှာ လက်ပံကုန်းတံတားမရောက်ခင် လက်ပံကုန်းဘုန်းကြီး ကျောင်းနှင့်လမ်းသာခြား၍ လမ်းအနောက်ဘက် အင်းတော် အင်းနံဘေးတွင်တည်ရှိသည်။

ယခုလုပ်ငန်းကို ဆရာပွဲ၏သားဖြစ်သူ ဦးကျော်ညွန့်က ဦးစီးပြီးဆက်သွယ်လိုပါက ဖုန်းနံပါတ်-–ဝ၉–၄၀ဝ၄၂၈၆၅၇၊ ဝ၉–၇၉၃၉၇၂၈၂၀ တို့သို့ဆက်သွယ်နိုင်ပါသည်။ အသေး စိတ်ကို ီဠြ တို့ပြည် တို့မြေ အစီအစဉ်၏ ]ကသာမြို့ တစ်ခွင်} ကဏ္ဍ၏ ]အင်းတော်မြို့ဆရာပွဲ} တွင် ကြည့်ရှု နိုင်ပါသည်။

ဆရာပွဲမကွယ်လွန်မီ နောက်ဆုံးတွေ့ဆုံမေးမြန်းဖြစ် သည်များကိုတင်ပြလိုပါသည်။

“ကျွန်တော့်ဇာတိက ဟိုးအနောက်ထဲက၊ ]ကတူး}။ ပင်လည်ဘူးမြို့နားက တောင်မော်ရွာပါ။ မန္တလေးကမိန်းမ နဲ့ရတော့ ဒီပညာက သူ့အဖေဆီက သင်ခဲ့တာ။ သူ့အဖေက ဦးဖိုးကွန်းတဲ့။ ဟိုးတုန်းက ဘုရားကြီးနားလိပ်ကန်ဘေးမှာ။ တကယ့်ဆိုင်းဆရာတွေ၊ နံမည်ကြီးတွေသုံးတာ။ စိန်စတင်း တို့၊ စိန်ဗိုလ်တင့်ဆို သားအဖလိုပါပဲ။

သူမှသူ၊ ဦးဖိုးကွန်းမှ ဦးဖိုးကွန်း၊ သူ့လက်ရာမဟုတ်ရင်မသုံး။ ဟိုးတုန်းက ရုံပိတ် ပွဲဆိုတော့ မန္တလေးက ဇာတ်လွတ်ခဲတယ်။ ဘယ်ဇာတ်ပါပါ ဒီကိုဦးတိုက်တယ်။ အကုန်လုံးဘယ်ဇာတ်လာလာ ရုံပိတ်ဆို ပိုက်ဆံမပေးရဘူး။ ကျွန်တော် အင်းတော်ရောက်ခဲ့တာ က အသက်(၂၀)ကျော်ကျော်လောက်က ရောက်ခဲ့တာ။ မန္တလေးက ဦးဖိုးကွန်းသမီးနဲ့ရတော့ ဗုံလုပ်တဲ့ပညာ သူ့ဆီက သင်တာ။

သင်တာက ဒီကနေ သွားသွားသင်တာ။ ကလေးကို မန္တလေးမှာ တစ်နှစ်ကျောင်းထားတယ်။ ခြောက်တန်း။ အဲဒါသူများလုပ်တာကိုင်တာကြည့်တယ်။ ကြည့်ပြီးမှ အဲဒါ တတ်ခဲ့တာ။ ဝါသနာကလည်း ရှိတယ်လေ။ ကျွန်တော်က အနုပညာဝါသနာလည်းရှိတယ်၊ လုပ်လည်းလုပ်ချင်တယ် ဆိုတော့လုပ်ဖြစ်တော့တာပါ။ နောက်မှ အကုန်လုံးလေ့လာ ခဲ့တာ။ အဲဒီတုန်းက ကျုပ်အသက် (၃၀) အရွယ်လောက် ရှိပြီ။ အခု ဒီပညာနဲ့ ဒီမှာလုပ်စားတာ နှစ်ပေါင်း ၄၀ ကျော် သွားပြီ။

အခုနောက်ပိုင်းတော့ဗျာ မန္တလေးမှာ တုံးလည်း မရှိ တော့ဘူး။ ကုန်ကြမ်းမရှိတော့ဘူး။ ဒီ့ပြင်ဆီက ပို့ရင်ပို့မှပဲ။

နာမည်ခံပဲ အဲဒီမှာက ရှိတော့တာကိုး။ ဟိုတုန်းက လည်း ဒီလိုပဲ။ ဒီလောက်ကြီးမကြီးကျယ်ဘူး။ နယ်ကပို့တာ လေးတွေပဲရှိတယ်။ ပျော်ဘွယ်ဘက်ကလည်း ပို့တယ်။ ကျုပ်တို့ဆီမှာတော့ ကုန်ကြမ်းပေါတယ်လေ။ သားရေ ဆိုလည်း နယ်က ပို့ကြပါတယ်၊ အိုသေ၊ နာသေလေးတွေ ပေါ့ဗျာ။ နွားသားရေလေးတွေပေါ့။

အခုခေတ်က ပိုလို့ တိုးတက်တယ်လို့ ပြောရမှာပဗျာ။ ဟိုမှာလည်း ထွက်ကုန် နည်းနည်းလျော့သွားပြီဆိုတော့ နယ်က ဒိုင်ခံလိုဖြစ်နေတာ ကိုး။ ဟိုမှာ ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်ကိုပို့တာ။ ဟိုတုန်းက ရှုံးတယ်၊ အရှုံးခံပြီးမှပို့ရတယ်။ ရှုံးချင်ရှုံးပါလေ့စေ တစ်ရက် ငါ့နာမည်ပေါ်ရမယ်၊ ဒီလိုခံယူထားတယ်။

အဲဒီမှာ သစ်လည်းမရှိဘူး၊ ဝါးလည်းမရှိဘူး၊ ဟိုးတုန်းကတည်းက နာမည် အဲဒီမှာပေါ်တော့တယ်။ နာမည်သာ ကြီးနေတာ ငါရှုံးနေတာလို့ ကိုယ့်ဘာသာသိတယ်။ အရှုံးခံပြီးမှကို ပို့တာ။ အခေါင်းပို့ကိုးဗျ။ အကျက်မဟုတ်ဘူး အခေါင်း ပို့တာ။ (အခေါင်းဆိုသည်မှာ ဗုံပုံစံကုန်ကြမ်းကိုဆိုလိုသည်။ သားရေမကျပ်ရသေး)။ နောင်တစ်ချိန်မှာတော့ ဒီရိုးရာ ပညာပျောက်ကွယ်မှာ စိုးရိမ်တာဗျာ။ စိုးရိမ်လို့လည်း ထိန်းသာ။ မြေးတွေတောင် သင်ထားတာ။

ဟိုကသား တစ်ယောက်တည်း သားက ရိုးရာထိန်းသိမ်းတာပ။ အခု ဗြောတွေလုပ်နေရတယ်၊ ရှမ်းဗြောတွေ၊ ရှမ်းနီဗြော။ ရှမ်း ဒိုးပတ်ပေါ့ဗျာ။ စည်ဆိုလည်း အမျိုးမျိုးရှိတယ်။ ဓမ္မစည်၊ အခုဘုန်းကြီးကျောင်းတွေမှာထားတာ၊ ယွန်းစည်၊ စည်တော် ကြီးအမျိုးမျိုးပ။ ပတ်ဝိုင်းတွေလည်း တော်တော်လုပ်ရတယ်။

ပတ်ဝိုင်းမှာက နာမည်အကြီးဆုံး ဦးဖိုးကွန်း၊ သူတိုင်းပေး ထားတဲ့၊ သူလုပ်ထားခဲ့တဲ့အတိုင်းတွေ အခုချိန်အထိ လက် လွှတ်လို့မရဘူး။ သူ့ပတ်လုံးက နာမည်ကြီး၊ ဆိုင်းဆရာ နာမည်ကြီးဆို သူကိုမသိသူ မရှိဘူး၊ သူ့ပစ္စည်းမသုံးရတာ မရှိဘူး။ သူ့ဆိုင်းလုံးမှ သူ့ဆိုင်းလုံး။ နယ်ကဝယ်တာက အပြင်မှာထွက်တဲ့ဟာဝယ်တာ။ သူ့ဟာနဲ့ မတူဘူး၊ သူ့ဟာ သုံးလိုက်ရင် ဒီ့ပြင်ဟာမသုံးချင်တော့ဘူး။ ဦးဖိုးကွန်း ဦးဖိုး ကွန်းနဲ့ နာမည်ကြီးပ။

“ဆရာပွဲက ဆရာလည်းဖြစ် အဖေယောက္ခမလည်း ဖြစ်တဲ့ ဦးဖိုးကွန်းကိုသတိရသွားပုံရှိပါတယ်။ အပြင်မှာတော့ ဆရာပွဲရဲ့ သားနဲ့မြေးက ဗုံများကို သားရေကျပ်နေကြပါ တယ်။ ညနေဆည်းဆာ တိမ်နီတို့ကလည်း အင်းအတွင်း ငုပ်လျှိုးစ နေလုံးနီအား ဝန်းရံလျက်။

အိပ်တန်းပြန်ငှက်ငယ် တို့က အင်းကိုဖြတ်ပြီး တောအုပ်ဆီသို့ အုပ်စုဖွဲ့ပျံသန်း လျက်။ အင်းအနောက်ဘက် မုဆိုးမစေတီမှာလည်း ကြက် သွေးရောင် ကောင်းကင်အောက် လွမ်းဆွတ်ဖွယ် အထီး ကျန်လျက်။ အင်းမြောက်ထိပ် သက္ကယ်ကျင်းရွာကလေးမှာ လည်း တဖြည်းဖြည်း အမှောင်ထုအတွင်း မပီဝိုးတဝါး တိုးဝင်လျက်။

မြင်ကွင်းများက ပန်းချီကားတစ်ချပ်ကိုခံစားရသလို ထူးကဲသည့်အာရုံခံစားမှုကို ပေးနေပါသည်။ အင်းတော် အင်း၏ ညနေဆည်းဆာနေဝင်ချိန်အလှက ကျွန်တော် တို့အား ညှို့ယူနိုင်စွမ်းရှိလှသည်။ သဘာဝအလှအနားမှ မြန်မာ့ရိုးရာအလှများကိုပုံဖော်ပေးနေသော ဆရာပွဲမိသားစု အား ကျွန်တော်တို့ အမြဲသတိရနေမည်သာ။

ခရက်တစ်-Myanmar Time

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်