📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မြစ်အထက်ပိုင်း၏ ရေဗုံးကြီး ဖြစ်လာနေသည့် တရုတ် ဧရာမဆည်ကြီး

ကမ္ဘာ့အကြီးဆုံး ဆည်ကြီးသည် ပထဝီနိုင်ငံရေးအရ အန္တရာယ်အများဆုံးနှင့် ငလျင်ဘေးဒဏ် အခံရဆုံး ဒေသများထဲမှ တခုတွင် ပေါ်ထွက်လာနေပြီဖြစ်သည်။ တရုတ်သည် အိန္ဒိယနယ်စပ်အနီး စစ်အင်အား အမြားအပြားဖြင့် တပ်စွဲထားသည့်နေရာနှင့် ကီလိုမီတာ အနည်းငယ်အကွာ၊ ကမ္ဘာ့အမြင့်ဆုံး တိဗက်ဒေသရှိ ဗြဟ္မပုတ္တရမြစ်ခေါ် ယာလုံဆန်ပိုမြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းကြီးတခုကို တည်ဆောက်လျက်ရှိသည်။

အဆိုပါ ဧရာမဆည်ကြီးသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း၌ လက်ရှိ ကမ္ဘာ့အကြီးဆုံးဖြစ်သော တရုတ်နိုင်ငံ၏ Three Gorges Dam ထက်ပင် သာလွန်ကြီးမားမည်ဖြစ်သည်။ ယင်းဆည်၏ ရေလှောင်ကန်သည် ရေထုထည် အမြောက်အမြားကို ထိန်းသိမ်းထားမည်ဖြစ်ရာ အိန္ဒိယ အရှေ့မြောက်ပိုင်းနှင့် ပင်လယ်ရေမျက်နှာပြင်ထက် အနည်းငယ်မျှသာ မြင့်သော မြစ်ဝကျွန်းပေါ်ဒေသ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပြည်သူသန်းပေါင်းများစွာ၏ အထက်ဘက်တွင် တည်ရှိနေမည်ဖြစ်သည်။

ယခုအခါ ပြင်ပဝေဖန်သူများထက် တရုတ် သိပ္ပံပညာရှင်များ ကိုယ်တိုင်က ထိုဆည်နှင့်ပတ်သက်၍ သတိပေးလာခြင်း ဖြစ်သည်။ အစိုးရနှင့် ဆက်နွှယ်သော တရုတ်ဘာသာစကားဖြင့် ထုတ်ဝေသည့် Sedimentary Geology and Tethyan Geology ဂျာနယ်တွင် နောက်ဆုံးဖော်ပြခဲ့သည့် သုတေသန စာတမ်းတစောင်၌ ဆည်ဆောက်မည့် နေရာ၌ စိုးရိမ်ဖွယ်ရာ ဘူမိဗေဒ အန္တရာယ်များ ရှိနေကြောင်း ထောက်ပြထားသည်။

ဆည်တည်ဆောက်ရာ မြေပြင်မှာ “ဖွဲ့စည်းပုံ လျော့ရဲပြီး ကျစ်လစ်မှု မရှိ” ကြောင်းနှင့် ပြတ်ရွေ့လှုပ်ရှားမှု သို့မဟုတ် ငလျင်တခုခုကြောင့် မြေပြင် မတည်ငြိမ်မှုများ လွယ်ကူစွာ ပေါ်ပေါက်လာနိုင်ပြီး ရေလှောင်ကန်ရော ပတ်ဝန်းကျင် အခြေခံအဆောက်အအုံများကိုပါ ခြိမ်းခြောက်နေကြောင်း ဘူမိဗေဒပညာရှင်များက သတိပေးထားသည်။ ဘေးအန္တရာယ် ကျရောက်နိုင်ခြေကို လျှော့ချရန်အတွက် ရေလှောင်ကန် ဘေးစောင်းများကို ပိုမိုခိုင်မာအောင် ပြုလုပ်ရန်၊ နံရံအကာအရံ အဆောက်အအုံများ တည်ဆောက်ရန်နှင့် အဓိက အစိတ်အပိုင်းများကို ပြန်လည်ဒီဇိုင်းဆွဲရန် သုတေသီများက အကြံပြုထားသည်။

ကွန်မြူနစ်အစိုးရ လက်အောက်တွင် လုပ်ကိုင်နေသော သိပ္ပံပညာရှင်များက ထိုကဲ့သို့ သတိပေးချက်များ ထုတ်ပြန်လာပါက နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မဖြစ်မနေ အာရုံစိုက် ဂရုပြုရမည်ဖြစ်သည်။

ဆည်သစ်ကို ဗြဟ္မပုတ္တရမြစ်ကွေ့ကြီးနေရာတွင် တည်ဆောက်နေခြင်းဖြစ်ပြီး ထိုနေရာ၌ မြစ်ရေသည် အိန္ဒိယနိုင်ငံအတွင်းသို့ မဝင်ရောက်မီ ကမ္ဘာ့အနက်ဆုံးနှင့် အရှည်ဆုံး လျှိုမြှောင်ကြီးအတွင်းသို့ အရှိန်ဖြင့် စီးဆင်းသွားသည်။ ထို့ပြင် အိန္ဒိယနှင့် ယူရေးရှား ကျောက်ချပ်လွှာတို့ ဖြည်းဖြည်းချင်း တိုက်မိရာမှ ဖြစ်ပေါ်လာသော ဟိမဝန္တာ ငလျင်ကြောအတွင်း တည့်တည့် ကျရောက်နေသည်။ ဤဒေသသည် ပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးပြီး ကမ္ဘာပေါ်တွင် ငလျင်ဒဏ်အခံရဆုံး ဒေသများထဲမှ တခုဖြစ်သည်။

အန္တရာယ်မှာ ငလျင်ကြောင့် ဆည်ပျက်စီးသွားနိုင်ခြေတခုတည်း မဟုတ်ပါ။ အလွန်တရာ ကြီးမားသည့် ရေလှောင်ကန်ကြီးတခုသည် ဘူမိဗေဒဆိုင်ရာ ဖိအားများကို ပိုမိုပြင်းထန်စေခြင်းဖြင့် ၎င်းကိုယ်တိုင် ငလျင်လှုပ်ခတ်မှုကို စတင်ဖြစ်ပေါ်စေနိုင်ခြင်းပင် ဖြစ်သည်။ ရေလှောင်ကန်ကြောင့် ဖြစ်ပေါ်လာသည့် ငလျင်လှုပ်ခတ်မှု (RTS) ဖြစ်စဉ်များကို ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက တွေ့ရှိခဲ့ကြပြီးဖြစ်သည်။

တရုတ်နိုင်ငံတွင် ငလျင်နှင့် ဆည်ဆက်နွှယ်မှု ဖြစ်နိုင်ခြေ နမူနာတခု ပေါ်ပေါက်ခဲ့ဖူးသည်။ ခေတ်သစ် တရုတ်သမိုင်းတွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်များထဲမှ တခုဖြစ်သည့် ၂၀၀၈ ခုနှစ် တိဗက်ကုန်းပြင်မြင့် အရှေ့ဘက်စွန်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စီချွန်ပြည်နယ်တွင် လူပေါင်း ၉၀,၀၀၀ နီးပါး သေဆုံးခဲ့ရသည်။

ငလျင်နှင့်ဆည် ဆက်နွှယ်မှုနှင့်ပတ်သက်ပြီး သိပ္ပံပညာရှင်များအကြား ဆက်လက်ငြင်းခုံနေကြဆဲ ဖြစ်သော်လည်း ဇိပင်းပု (Zipingpu) ဆည်သစ်တွင် သိုလှောင်ထားသော ရေထု၏ များပြားသော အလေးချိန်သည် မြေအောက်ပြတ်ရွေ့ကြောအတိုင်း ဖိအားများကို ပိုမိုမြင့်တက်စေခဲ့ပြီး ငလျင်လှုပ်ခတ်မှုကို ဆယ်စုနှစ်ပေါင်းများစွာ (သို့မဟုတ်) ရာစုနှစ်ပေါင်းများစွာပင် ‌စော၍ ဖြစ်ပေါ်လာစေခဲ့ကြောင်း ယုံကြည်စိတ်ချရသည့် သုတေသနများက ကောက်ချက်ချသည်။

တရုတ်နိုင်ငံသည် ထိုသိပ္ပံနည်းကျ ဖြစ်နိုင်ခြေကို ရင်ဆိုင်ဖြေရှင်းမည့်အစား ပိုမိုထိခိုက်လွယ်သော ဘူမိဗေဒ အနေအထားတွင် ပိုမိုကြီးမားသည့် ဆည်စီမံကိန်းကြီးကို စတင်ခဲ့သည်။ သို့သော် ဟိမဝန္တာ ပြတ်ရွေ့စနစ်ရော ဆည်ကျိုးမှု နောက်ဆက်တွဲများပါ နိုင်ငံနယ်နိမိတ်ကို ငဲ့ကွက်မည် မဟုတ်ပါ။ ၂၀၂၅ ခုနှစ်က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်သော ငလျင်သည် ဤငလျင်ကြော မည်မျှ ချိတ်ဆက်နေကြောင်း သက်သေပြခဲ့ပြီး ငလျင်၏ တုန်ခါမှုများသည် ကီလိုမီတာ ၁,၀၀၀ ခန့် အကွာအဝေးရှိ ဘန်ကောက်မြို့ရှိ မိုးမျှော်တိုက်ကြီးတခု ပြိုကျသည်အထိ ကူးစက်သက်ရောက်ခဲ့သည်။

ဗြဟ္မပုတ္တရမြစ်သည် အိန္ဒိယမြောက်အရှေ့ပိုင်း၏ အသက်သွေးကြောဖြစ်ပြီး စိုက်ပျိုးရေးခြံများကို ရေပေးဝေခြင်း၊ ငါးဖမ်းလုပ်ငန်းများကို ထောက်ပံ့ပေးခြင်း၊ စိမ့်မြေဧရိယာများကို ရေပြန်လည်ဖြည့်တင်းပေးခြင်းနှင့်ပြည်သူသန်းပေါင်းများစွာ၏ ဝမ်းစာကို ထောက်ပံ့ပေးပြီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ စီးဝင်သွားခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အတွက်မူ ဤမြစ်သည် သောက်သုံးရေ သန့်ရရှိရာ တခုတည်းသော ပင်မ ရင်းမြစ်ဖြစ်သည်။

မဲခေါင်မြစ်ပေါ်ရှိ တရုတ်၏ ဆည်ကြီးများကဲ့သို့ပင် ယခု စူပါဆည်ကြီးသည် နယ်စပ်ဖြတ်ကျော် မြစ်စီးဆင်းမှုကို ပြောင်းလဲစေကာ မြစ်၏ ဂေဟစနစ်နှင့် မြစ်ဝှမ်းတလျှောက်ရှိ နိုင်ငံများ၏ စိုက်ပျိုးရေးအတွက် အရေးပါသော အာဟာရဓာတ် ကြွယ်ဝသည့် နှုန်းမြေများ အောက်ပိုင်းသို့ စီးဆင်းမှုကို လျှော့ချပစ်မည့် အန္တရာယ်ရှိနေသည်။

ပို၍ဆိုးသည်မှာ ဘေးအန္တရာယ်ဆိုးကြီး ဖြစ်စေသည့် အဆောက်အအုံ ပျက်စီးမှု (သို့မဟုတ်) ငလျင်ကြောင့် ဆည်ထိခိုက်ပြီးနောက် ရေများကို အရေးပေါ် လွှတ်ထုတ်လိုက်ပါက ကြိုတင်သတိပေးချက် အနည်းငယ်ဖြင့် အောက်ပိုင်းရှိ လူထုထူထပ်စွာ နေထိုင်သည့် လွင်ပြင်များတလျှောက် ပျက်စီးဆုံးရှုံးမှုကြီးမားသော ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေနိုင်သည်။

တိဗက်ဒေသမှ အင်ဂျင်နီယာပိုင်းဆိုင်ရာ ချို့ယွင်းချက်တခုသည် နယ်မြေသေးငယ်သည့် နိုင်ငံငယ်လေးများမှလွဲ၍ ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံးဖြစ်သော ဘင်္ဂလားဒေ့ရှ်အထိ ကူးစက်မည့် လူသားချင်းစာနာမှုဆိုင်ရာ ဘေးအန္တရာယ်ဆိုးကြီး ဖြစ်သွားနိုင်သည်။

အာရှ မြစ်ကြီးအများစု မြစ်ဖျားခံရာ တိဗက်ကုန်းပြင်မြင့်အား ထိန်းချုပ်ထားနိုင်မှုကို တရုတ်က ဗျူဟာမြောက် အသာစီးရယူမှုအဖြစ် ပိုမိုအသုံးပြုလာသည်။ မြစ်များပေါ်၌ ဆည်များကို အဆင့်ဆင့် တည်ဆောက်ထားကာ တင်းမာမှုများရှိချိန်တွင် ရေစီးဆင်းမှုအချက်အလက်များကို ပိတ်ပင်ခဲ့သလို အောက်ပိုင်းနိုင်ငံများနှင့် ရေဝေမျှရေး သဘောတူညီချက်များ ချုပ်ဆိုရန်လည်း ငြင်းဆန်ခဲ့သည်။ ရေသည် အဓမ္မဖိအားပေးသည့် နိုင်ငံရေးလက်နက်တခုအဖြစ် အသွင်ပြောင်းလာခဲ့သည်။

တရုတ်က ၎င်းကို “ရာစုနှစ်၏ စီမံကိန်း” ဟု ခေါ်ဆိုထားသည့် ဤစီမံကိန်း၏ အရွယ်အစားနှင့် ပမာဏမှာ အလွန်ကြီးမားသဖြင့် မြစ်ရေစီးဆင်းမှုများအပေါ် မကြုံစဖူး အတိုင်းအတာဖြင့် ထိန်းချုပ်နိုင်စွမ်းကို မလွဲမသွေ ရရှိမည်ဖြစ်သည်။ ပုံမှန် ရေလှောင်ကန် လုပ်ငန်းဆောင်ရွက်မှုများသည်ပင် အောက်ပိုင်း ဂေဟစနစ်များ၊ စိုက်ပျိုးရေး၊ နှုန်းမြေ သယ်ပို့မှုနှင့် ရေကြီးရေလျှံမှု ပုံစံများကို သက်ရောက်နိုင်သည်။

သို့သော်လည်း အဆိုပါစီမံကိန်းသည် နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ ကြီးမားသော သက်ရောက်မှုများ ရှိနေလင့်ကစား တရုတ်အစိုးရက နည်းပညာဆိုင်ရာ အချက်အလက်များကို သိပ်မထုတ်ပြန်ဘဲ လျှို့ဝှက်ထားဆဲ ဖြစ်သည်။ စီမံကိန်းတွင် ပတ်ဝန်းကျင်ဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်သော ဘူမိဗေဒ ဆန်းစစ်မှုနှင့် ထိခိုက်လွယ်သည့် အောက်ပိုင်းနိုင်ငံများနှင့် စိတ်ချရသော ဆွေးနွေးမှုများ မရှိပေ။

နယ်စပ်ဖြတ်ကျော် မြစ်များကို မျှဝေသုံးစွဲသည့် နိုင်ငံများ၌ အချင်းချင်း တာဝန်ယူမှုများရှိကြောင်း နိုင်ငံတကာဥပဒေက ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ယင်းတို့တွင် နယ်စပ်ဖြတ်ကျော် ထိခိုက်မှုများ ကာကွယ်ရေး၊ အချက်အလက်များ ဖလှယ်ရေးနှင့် မြစ်အောက်ပိုင်းနိုင်ငံများကို ထိခိုက်နိုင်သည့် စီမံကိန်းများအတွက် တိုင်ပင်ဆွေးနွေးရေးတို့ ပါဝင်သည်။

ဤမူများကို လိုက်နာဆောင်ရွက်ခြင်းသည် မျှဝေသုံးစွဲနေသော အရင်းအမြစ်များကို ကာကွယ်ရန် အဓိက သော့ချက်ဖြစ်သည်။ တရုတ်က ပွင့်လင်းမြင်သာမှု မရှိဘဲ ဆက်လက် သတင်းအမှောင်ချထားမှုသည် ထိုမူများကို ထိခိုက်ပျက်စီးစေသည်။

ဟိမဝန္တာ မြစ်ဝှမ်းဒေသကို အာရှ၏ ရေမျှော်စင်ဟု ခေါ်ဆိုလေ့ရှိကြသည်။ အကြောင်းမှာ ယင်း၏ မြစ်များသည် နိုင်ငံအများအပြားရှိ ပြည်သူ ၂ ဘီလီယံနီးပါးကို ထောက်ပံ့ပေးထားသောကြောင့် ဖြစ်သည်။ ကမ္ဘာပေါ်တွင် တခါမှ မဆောက်ဖူးသေးသည့် အကြီးမားဆုံးဆည်ကြီးကို ဤထိခိုက်လွယ်သော သဘာဝဂေဟစနစ်အတွင်း တည်ဆောက်လာချိန်၌ စီမံကိန်းနှင့်ပတ်သက်၍ လျှို့ဝှက်ထားမှုများက ဒေသတွင်း လုံခြုံရေးအတွက် အန္တရာယ်တရပ် ဖြစ်လာနိုင်သည်။

တရုတ်နိုင်ငံအနေဖြင့် အလွန်တရာ အရေးပါသော အခြေအနေများကို ထည့်သွင်းစဉ်းစားလျက် တည်နေရာကို စစ်ဆေးရန်၊ စီမံကိန်း၏ ဘူမိဗေဒဆိုင်ရာ ယူဆချက်များကို ပြန်လည်သုံးသပ်ရန်နှင့် အကြံပြုထားသော ဒီဇိုင်းပြင်ဆင်မှုများ လုံလောက်မှုရှိ၊မရှိ အကဲဖြတ်ရန် နိုင်ငံတကာ ငလျင်ဗေဒပညာရှင်များ၊ ဘူမိဗေဒပညာရှင်များနှင့် ဆည်ဘေးအန္တရာယ်ကင်းရှင်းရေး ကျွမ်းကျင်သူများပါဝင်သော လွတ်လပ်သည့် အဖွဲ့တဖွဲ့ကို ချက်ချင်း ဖိတ်ခေါ်သင့်သည်။

တရုတ်နိုင်ငံအနေဖြင့်လည်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် တနှစ်ပတ်လုံး အချိန်နှင့်တပြေးညီ ရေအရင်းအမြစ်ဆိုင်ရာ အချက်အလက်များ မျှဝေခြင်းနှင့် အရေးပေါ်အခြေအနေ အသိပေးအကြောင်းကြားရေး ယန္တရားများကို စနစ်တကျ အကောင်အထည်ဖော်သင့်သည်။ ထို့ပြင် အဓိက ဒီဇိုင်းပြောင်းလဲမှုများ ပြုလုပ်မည့်အခါတွင်လည်း နယ်စပ်ဖြတ်ကျော် ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်ပြုလုပ်ရန် ကတိပြုသင့်သည်။

သက်သေများအရ တရုတ်၏ သိပ္ပံအသိုင်းအဝိုင်းက အဆိုပါ အန္တရာယ်ကို နိုင်ငံရေး ခေါင်းဆောင်ပိုင်းထက် ပိုမို သဘောပေါက်ထားကြသည်။ ယခုအခါ တရုတ်၏ ဘူမိဗေဒပညာရှင်များကိုယ်တိုင်ကပင် သတိပေးချက်များ ထုတ်ပြန်လာပြီဖြစ်ရာ မူဝါဒချမှတ်သူများသည် မြစ်ညာပိုင်းတွင် ရေဗုံးတလုံး စတင် မတပ်ဆင်မီ ပွင့်လင်းမြင်သာမှုကို လက်ခံကျင့်သုံးပြီး ရေအရင်းအမြစ်ဆိုင်ရာ တာဝန်ဝတ္တရားများကို အသိအမှတ်ပြုရမည်ဖြစ်သည်။

Project Syndicate မှ China’s Super-Dam Is Becoming an Upstream Water Bomb အား Brownie ဘာသာပြန်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်