မကြာသေးခင်ကမှ လက်ထပ်ထားသည့် အသက် ၂၉ နှစ်အရွယ် ဆယ်လီမလေး မမေဘယ်ဦး နှလုံးရောဂါနဲ့ရုတ်တရက် အသက်ဆုံးရှုံး
နေ့မြင် ညပျောက်” ဆိုတဲ့ လောကဓံတရားအတိုင်း ရင်နင့်ဖွယ်ရာ ဝမ်းနည်းစရာ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ဆယ်လီမလေးတစ်ဦးအဖြစ် ထင်ရှားခဲ့သူ အသက် ၂၉ နှစ်အရွယ် မမေဘယ်ဦးဟာ နှလုံးရုတ်တရက် ရပ်တန့်သွားခဲ့တာကြောင့် ဘဝတစ်ပါးသို့ အပြီးတိုင် ခွဲခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။
သူမဟာ မကြာသေးခင်ကမှ အမျိုးသားဖြစ်သူနဲ့ ရွှေလက်တွဲကာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ပျော်ရွှင်စရာ ဘဝသစ်ကို စတင်နေချိန်၊ အသက်အရွယ်အားဖြင့်လည်း ၂၉ နှစ်သာ ရှိသေးချိန်မှာ အခုလို မမျှော်လင့်ဘဲ နှလုံးရုတ်တရက် ဖောက်ပြန်ကာ အသက်ဇီဝိန် ချုပ်ငြိမ်းခဲ့ရတာဖြစ်လို့ မိသားစုဝင်များ၊ ချစ်ရသူ အမျိုးသားနှင့်တကွ ပရိသတ်တွေပါ ယူကြုံးမရ ရင်ကွဲမတတ် ဝမ်းနည်းနေကြရပါတယ်။
မမေဘယ်ဦး၏ ကွယ်လွန်မှုသတင်းကြောင့် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အံ့အားသင့် ဝမ်းနည်းမှုတွေ အပြိုင်အဆိုင် ထွက်ပေါ်နေပြီး၊ ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူ အားလုံးက ထပ်တူထပ်မျှ နှမြောတသ ဝမ်းနည်းကြေကွဲလျက် ရှိကြပါတယ်။










Leave a Reply