📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လေဖိအားနည်းရပ်ဝန်းနဲ့အတူ တနိုင်ငံလုံး ထစ်ချုန်းဦးမယ်

လေဖိအားနည်းရပ်ဝန်းကြောင့် နိုင်ငံတဝန်း မိုးထစ်ချုန်းရွာနိုင်၊ တာချီလိတ်တွင် ရေကြီးနေ

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေမှုနှင့် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတဝန်းမိုးထစ်ချုန်းရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MSLHA) က ထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာလ ၇ ရက်)ထုတ်ပြန်သည့် စက်တင်ဘာလ ၁၃ ရက်နေ့အထိ မိုးလေဝသခန့်မှန်းချက်တွင် အဆိုပါကာလအတွင်း မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မုတ်သုံလေအားကောင်းနိုင်ပြီး ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြသည်။

မြန်မာတနိုင်ငံလုံးတွင် နေရာစိပ်စိပ်နှင့် နေရာအနှံအပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ဆိုသည်။ ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်(ကယား)မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်များတွင် နေရာကွက် မိုးကြီးနိုင်ကြောင်း အသိပေးသည်။

အရပ်သားတပိုင်းစစ်အုပ်ချုပ်ရေးအဖွဲ့လက်အောက်ခံ မိုးဇလဌာန၏ ယနေ့ ထုတ်ပြန်သည့် မိုးကြီးမည့် သတိပေးချက်၌ မုတ်သုံလေနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်းမိုးရွာသွန်းနိုင်ကြောင်း ဆိုသည်။

မြစ်ရေကြီးမှုများအနေဖြင့် ဧရာ၀တီမြစ်သည် ဆိပ်သာမြို့တွင် နောက် နှစ်ရက်အတွင်း၊ ဟင်္သာတမြို့တွင် နောက် သုံးရက်အတွင်း၊ ဇလွန်မြို့တွင် နောက် သုံးရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ အသီးသီးရောက်ရှိနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

ရေကြီးမှု တလကျော်လာပြီဖြစ်သည့် ဧရာ၀တီတိုင်းရှိ ဒေသတချို့၌ ရေပြန်ကျလာပြီဖြစ်သော်လည်း ဒေသအများစုတွင် ဧရာ၀တီမြစ်ရေတိုးမှုနှင့် မိုးရွာသွန်းမှုများကြောင့် ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရဆဲဖြစ်ကာ ကူညီကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်နေရသည်။

ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ရှစ်လက်မခန့် ကျော်လွန်နေသည့် သံလွင်မြစ်ရေသည် နောက်တရက်အတွင်း ငါးလက်မခန့်၊ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ဆယ်လက်မခန့် ကျော်လွန်နေသည့် စစ်တောင်းမြစ်ရေသည် နောက်တရက်အတွင်း ခြောက်လက်မခန့်ကျဆင်းကာ စိုးရိမ်ရေမှတ်အထက် အသီးသီးဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလက ဖော်ပြသည်။

ယနေ့ နံနက် ၆နာရီခွဲအချိန်တိုင်းထွာချက်အရ တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်အောက် ၃ပေ၁လက်မခန့်တွင် ရောက်ရှိနေသည့် မယ်ဆိုင်ချောင်းရေသည်လည်း နောက် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်အထက် ခြောက်လက်မခန့် ကျော်လွန်ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျချောင်းရေစီးဆင်းမှုများကြောင့် ယနေ့ နံနက်ပိုင်းမှစ၍ မယ်ဆိုင်ချောင်းရေမြင့်တက်ကာ ရေကြီးမှုများ စတင်ဖြစ်ပေါ်နေသည်။

“ မနေ့က တောင်ပေါ်ဘက်မှာ မိုးတနေ့လုံး ရွာတော့ မယ်ဆိုင်ချောင်းရေမြင့်တက်လာတာ။ တာချီလိတ်က အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဆန်ဆိုင်း၊ ပုန်းထွန်၊ မယ်ခေါင်နဲ့ ရန်အောင်မြေတွေမှာ ရေစဝင်နေပြီ။ မကာဟိုခမ်းရပ်ကွက်နဲ့ မြို့ပတ်လမ်းပေါ်မှာလည်း ရေတွေရှိနေပါတယ်။ မယ်ဆိုင်ချောင်းကတော့ ရေတိုးနေဆဲပါ” ဟု တာချီလိတ်ဒေသခံတဦးက ပြောသည်။

အလားတူ ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဆိုင်မြို့တွင်လည်း တာချီလိတ်ဘက်မှစီးဆင်းလာသည့် ရေအား တားဆီးထားသည့် အရှည် မီတာ ၂၀ ခန့်ရှိသည့် နံရံ ပြိုကျမှုကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သော်လည်း သဲအိတ်များဖြင့် ပိတ်ဆို့နိုင်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံရှိ ဒေသတချို့ ရေကြီးမှုများကြုံနေရချိန် မိုးရွာသွန်းမှုများ ဆက်ရှိနိုင်ပြီး မြစ်ရေများလည်း မြင့်တက်နေသည့်အတွက် ပြည်သူများအနေဖြင့် ရေကြီးမှုဘေးသတိပြုကြရန် မိုးဇလဌာနများက တိုက်တွန်းထားသည်။

ဓာတ်ပုံ – မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ယနေနံနက်ပိုင်းက ရေကြီးမှုဖြစ်နေစဉ်

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်