အရေးကြီးတဲ့အကြောင်းအရင်းပါ ‼️
Fan (အမာခံပရိတ်သတ်အနေနဲ့ဟန်ဆောင်နေပြီး) ခင်ပိုး ရဲ့သိက္ခာ ၊ အရှက်တရား ကိုထိခို၊က်စေနိုင်တဲ့ မဟုတ်မမှန် + သတင်းအမှားတွေအပြောခံထားရတဲ့အကြောင်းကိုတင်မှာမလို့ စာရှည်ပါမယ် ၊ မရှင်းရင်မရလို့ တရားဝင်တင်လိုက်ပါတယ် ။
ခင်ပိုးကိုချစ်ခင်အားပေးကြတဲ့ fan” လေးတွေအများကြီးရှိကြပါတယ် အဲ့အထဲကတစ်ယောက်က ရှေ့တင်မှာတော့ အားပေးနေသလိုဟန်ဆောင်နေပြီး ကွယ်ရာမှာတော့ မဟုတ်မမှန် (လူအထင်သေးစေနိုင်တဲ့သတင်းအမှား) false news တွေကို တခြား ခင်ပိုးကိုချစ်ပေးကြတဲ့ fan” တွေ၊ ပရိတ်သတ်တွေကိုပြောနေခဲ့တာပါ ။
မနေ့ကညနေက သူပြောတာကို မြင်ခဲ့တဲ့ ညီမလေးတွေနဲ့ ခင်ပိုးကိုချစ်ပေးတဲ့အစ်မတွေရယ် (အဓိကပြောတဲ့သူကိုပါ) အကုန်လုံးစုပြီး group ဖွဲ့ပြီး သူနဲ့ဒဲ့ရှင်းခဲ့ပါတယ် ၊
အောက်မှာသူပြောထားတဲ့ စာတွေ ss တွေပြပေးထားပါတယ် ဒါတောင် အကုန်မဟုတ်သေးပါဘူး ။
သူ အဓိကမဟုတ်မမှန်ပြောထားတဲ့အကြောင်းအရာတွေက…
– ယောင်္ကျားလေးတစ်ယောက်နဲ့ဟိုတယ်အခန်းထဲဝင်သွားတာကိုသူကိုယ်တိုင်တွေ့လိုက်တာ
– ဝေါ်၊ ကိ ကိုလိပ်ပြီးသုံးတာ : ဆေ း သုံးတာတောင်အိမ်မှာ ကြိ၊တ်စက်ပါထားပြီးသုံးတာ
– ကျွန်မတို့မိသားစုနဲ့အရမ်းခင်သလို fan တွေအမြင်မှာဟန်ဆောင်တာ
– အမိုးပျောက်တုံးကသူပြန်ရှာပေးလို့တွေ့တာဆိုတာတွေ
– သူကယောင်္ကျားတစ်ယောက်ဖြစ်ပြီး အရပ် (၆) ပေရှိတယ် နာမည်ကြီးမော်ဒယ်တွေနဲ့တစ်တန်းတည်းဖြစ်ပြီး မော်ဒယ်တစ်ယောက်ရဲ့ဝမ်းကွဲ နာမည်ကြီးအဆိုတော်ကောင်လေးနဲ့ဆို karaoke အတူဆိုကြတဲ့အထိသူ့အနေအထားရှိတာ (တကယ်တော့ သူ့ဘဝအစစ်က မိန်းမပါ)
– သူနဲ့ကျွန်မကဟိုလိုလိုဒီလိုလိုအနေအထားလို့သူများတွေသိအောင်လိုက်ပြောတာ
– သူအဖြေတောင်းတုံးက Aegyo လုပ်ပြမှ အဖြေပြန်ပေးမယ်လို့ ကျွန်မကပြောခဲ့တယ်ဆိုတာတွေ
– သူ့ကို အစ်ကိုကြီးတစ်ယောက်လိုအားကိုးတာတွေ
– ဘာအခက်အခဲပဲရှိရှိသူ့ကိုတိုင်ပင်ပြီး အားကိုးအကူညီတောင်းတာတွေ
ဒီလို အမျိုးမျိုးသော မဟုတ်မမှန် ၊ ကျွန်မကို လူအထင်သေးစေနိုင်သော စကားတွေနဲ့ ကျွန်မရဲ့သိက္ခာကိုချပြီးပြောဆိုခဲ့တာပါ ။
ဒါတွေကို မနေ့ကအတော်လေးရှင်းလိုက်ရပါတယ် ကျွန်မနဲ့မန်နေဂျာအစ်မ နှစ်ယောက်တည်း သူ့ကိုသီးသန့်မေးနေခဲ့တုံးက “မဟုတ်ပါဘူး” ဆိုတဲ့စကားကိုပဲပြောပြီး တွင်တွင်ငြင်းခဲ့ပင်မယ့် သူတကယ်ပြောခဲ့တဲ့ ကာယကံရှင်တွေကိုပါ group chat ထဲထည့်ပြီး အကုန်အစအဆုံးပြန်မေးတော့မှ “ပြောခဲ့မိတယ်ထင်တယ်” / “မမှတ်မိတော့ဘူး” ဒီလို တာဝန်မဲ့တဲ့စကားတွေကိုပြောလာခဲ့တာပါ ။
အခုထပ်သိရသလောက်ဆို ခင်ပိုး ရဲ့ Fan Meeting ကိုအကြောင်းပြပြီး fan တချို့ဆီကငွေလိမ်သွားတယ်လို့သိရပါတယ် ။
သူနဲ့ ဘာ Fan Meeting ကိစ္စမှအရင်ကတည်းကပြောထားတာမရှိခဲ့ပါဘူး TikT*k Live မှာလည်း မလုပ်ဖြစ်သေးဘူး လုပ်ဖြစ်ရင်ပြောမယ်လို့ပဲ ကြည့်ရှု့သူတွေကိုပြောခဲ့တာပါ သူနဲ့ဘာမှမဆိုင်သလို သူ့ကိုလည်းဘာတာဝန်မှမပေးထားပါဘူး ။
နောက်ထပ်သိရတာတွေထပ်တင်ပါအုံးမယ်
မနေ့ညက group chat ထဲမှာရှိခဲ့တဲ့သူတွေကို tag ထားပါတယ် ။










Leave a Reply