📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဂျပန်က ကမ္ဘာကို တင်ပို့နေတဲ့ တန်ဖိုးကြီးရေခဲများ

ဟာ ရေခဲပဲ ဘာတန်ဖိုးရှိလို့လဲ ရေခဲသေတ္တာထဲကနေ အလွယ်တကူ ရနိုင်တဲ့ အရာပဲလေ။ ဟုတ်ပါတယ် ပုံမှန်ရေခဲတွေက အလွယ်တကူ ပေါပေါများများရနိုင်ပါတယ်။

ဒါပေမဲ့ ရေခဲချင်းအတူတူ ဂျပန်နိုင်ငံက ဒီရေခဲကတော့ အလွယ်တကူ မရတဲ့ တန်ဖိုးကြီး ရေခဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ၊ Kanazawa မြို့မှာ ကမ္ဘာ့နာမည်အကြီးဆုံး ဘား (Bar) တွေအတွက် ရည်ရွယ်ပြီး ရေခဲတုံးလေးတွေကို ရတနာတစ်ပါးလို သေသေချာချာ ပုံဖော်ဖြတ်တောက်နေတဲ့ ပညာရှင်တွေ ရှိပါတယ်။

သူတို့ကတော့ ဂျပန် Ishikawa စီရင်စုက နှစ်တစ်ရာကျော် သက်တမ်းရှိ Kuramoto Ice ကုမ္ပဏီက အလုပ်သမားတွေ ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ကြည်လင်တောက်ပတဲ့ ဇိမ်ခံ ပရီမီယံ ရေခဲတွေကို ထုတ်လုပ်နေတဲ့ ဂျပန်ကုမ္ပဏီ အနည်းငယ်ထဲက တစ်ခု ဖြစ်ပါတယ်။

ဈေးကွက်ဝင်လာတဲ့ တန်ဖိုးကြီးရေခဲတုံးများ

ဒီရေခဲတုံးလေးတွေဟာ သာမန်ရေခဲတွေထက် အရည်ပျော်နှုန်း အလွန် နှေးပါတယ်။ ဒါဟာ ဂျပန်ရဲ့ ကော့တေးယဉ်ကျေးမှုမှာ မပါမဖြစ်တဲ့ အရာတစ်ခုပါ။ အခုဆိုရင် အမေရိကန်ကနေ သြစတြေးလျအထိ နိုင်ငံတကာက နာမည်ကြီး ဘားတွေမှာပါ ဒီရေခဲတွေက အရမ်း နာမည်ကြီးနေပါပြီ။ ဘားပိုင်ရှင်တွေဟာ ဂျပန်ကလာတဲ့ ဒီရေခဲတစ်တုံးကို ၂၀၀ ယန်း (အမေရိကန်ဒေါ်လာ ၁.၂၅ ခန့်) အထိတောင် ဈေးကြီးပေး ဝယ်ယူနေကြရပါတယ်။

Kuramoto Ice ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်မှာ နိုင်ငံတကာကို စတင်တင်ပို့ကတည်းက ရောင်းအား နှစ်ဆကျော်အထိ တက်လာခဲ့ပါတယ်။ တကယ်တော့ သူတို့ကုမ္ပဏီ ရှိတဲ့ အီရှီကာဝါ စီရင်စုမှာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ဧရာမ နိုတို မြေငလျင်ကြီး လှုပ်ခတ်ပြီး အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။ ငလျင်ကြောင့် Kuramoto ကုမ္ပဏီရဲ့ စက်ရုံတွေ အပျက်အစီးများခဲ့ပေမဲ့ သူတို့ရဲ့ နှစ် ၁၀၀ သက်တမ်းရှိ အမွေအနှစ်ကို မပျက်စီးခံဘဲ ကြံ့ကြံ့ခံ ပြန်လည် ထူထောင်ပြီး ကမ္ဘာ့ဈေးကွက်ကို ဆက်လက် လွှမ်းမိုးထားနိုင်ခဲ့တာပါ။

ကြည်လင်တောက်ပတဲ့ ရေခဲကို ဘယ်လိုဖန်တီးသလဲ

“ကျွန်တော်တို့က ရေခဲခဲတဲ့အခါ အချိန်ယူပြီး ဖြည်းဖြည်းချင်း ခဲစေပါတယ်။ ရေကိုလည်း အမြဲလှုပ်ရှားနေအောင် လုပ်ထားပါတယ်။ ဒါမှသာ အရည်အသွေးကောင်းတဲ့ ရေခဲကို ရတာပါ” လို့ ကုမ္ပဏီရဲ့ ပဉ္စမမြောက် မျိုးဆက် အကြီးအကဲဖြစ်သူ အသက် ၄၁ နှစ်အရွယ် Kazuhiko Kuramoto က ရှင်းပြပါတယ်။

အချိန်ယူခြင်း – အိမ်မှာခဲတဲ့ ရေခဲက နာရီအနည်းငယ်ပဲ ကြာပြီး စက်ရုံထုတ် သာမန်ရေခဲတွေက မိနစ် ၃၀ လောက်ပဲ ကြာပါတယ်။ ဒါပေမဲ့ သူတို့ကတော့ ရေခဲဖို့အတွက် ၄၈ နာရီကနေ ၇၂ နာရီ (၃ ရက်) အထိ အချိန်ယူပါတယ်။

အညစ်အကြေး ဖယ်ရှားခြင်း – ရေခဲစခဲတဲ့အခါ အပြင်ဘက်ကနေ အတွင်းဘက်ကို ခဲသွားတာမို့ ရေထဲမှာပါတဲ့ အညစ်အကြေးတွေက အလယ်ဗဟိုကို စုသွားပါတယ်။ အဲဒီ အညစ်အကြေးပါတဲ့ ရေတွေကို ဖယ်ရှားပြီး ရေသန့်တွေနဲ့ အကြိမ်ကြိမ် အစားထိုးပါတယ်။

လေပူဖောင်း ဖယ်ရှားခြင်း – လေပူဖောင်းတွေ မပါအောင် အမြဲမွှေပေးရပါတယ်။ ဒါကြောင့် Junpyo လို့ခေါ်တဲ့ မှန်ချပ်လို လုံးဝ ကြည်လင်နေတဲ့ ရေခဲကို ရရှိတာပါ။

ဒီလို လေပူဖောင်းနဲ့ အညစ်အကြေး ကင်းစင်တဲ့ ဂျပန်ရေခဲ ဟာ ရိုးရိုးရေခဲထက် သိပ်သည်းဆ ပိုများပါတယ်။ ဒါကြောင့် အပြင်က အပူကို စုပ်ယူနိုင်စွမ်း နည်းသွားလို့ အရည်ပျော်နှုန်း သိသိသာသာ နှေးကွေးသွားကြောင်း သိပ္ပံသုတေသနတွေက အတိအကျ သက်သေပြထားပါတယ်။ ကာနာဇာဝါမြို့က စက်ရုံမှာတော့ အလုပ်သမားတွေက ဧရာမ ရေခဲတုံးကြီးတွေကို အနှုတ် ၁၀ ဒီဂရီ အခန်းထဲမှာ သေချာ ထုပ်ပိုး သိမ်းဆည်းပြီး ကမ္ဘာတလွှားကို တင်ပို့ကြပါတယ်။

ကမ္ဘာကျော်ဘားများရဲ့ ရွေးချယ်မှု

ဒီနှစ် အာရှရဲ့ အကောင်းဆုံး ဘား (၅၀) စာရင်းဝင်ခဲ့တဲ့ စင်ကာပူက Native ဘားဟာ Kuramoto ကုမ္ပဏီဆီကနေ တစ်နှစ်ကို ရေခဲ ကီလိုဂရမ် ၉၀၀ လောက် တင်သွင်းပါတယ်။ “ပြည်တွင်းထုတ် ရေခဲက ဈေးပိုသက်သာပေမဲ့ ဂျပန်ကလာတဲ့ Kuramoto ရေခဲက ပိုကြည်လင်တယ်၊ ပိုသိပ်သည်းပြီး အရည်ပျော်တာ ပိုနှေးတယ်” လို့ ဘားပိုင်ရှင်က ပြောပါတယ်။

ကုမ္ပဏီပိုင်ရှင် ကူရာမိုတိုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က Las Vegas ကို ရောက်တုန်းက ဈေးကြီးတဲ့ ကော့တေးတွေမှာ အရည်ပျော်လွယ်ပြီး အရသာပေါ့သွားစေတဲ့ အရည်အသွေးညံ့ ရေခဲတွေကို သုံးနေတာ မြင်ခဲ့ရပါတယ်။ အဲဒီကတည်းက သူတို့ရဲ့ ရေခဲတွေကို အမေရိကန်ဘားတွေဆီ တင်ပို့ဖို့ အိပ်မက်မက်ခဲ့တာပါ။

ကော့တေးတစ်ခွက်ရဲ့ အသက်

တိုကျိုမြို့အနီးက ဟီလ်တန် ဟိုတယ်ဘားမှာ ဘားတင်ဒါ Shingo Miyachi က Kuramoto ရဲ့ ကြည်လင်နေတဲ့ ရေခဲတုံးကြီး တစ်တုံးနဲ့ ကော့တေးကို ဖျော်စပ်ပြပါတယ်။

ဂျပန် ဘားတင်ဒါတွေဟာ ရေခဲကို သာမန်အတိုင်း မသုံးပါဘူး။ စိန်တုံးလို (Diamond cut) အရောင်လက်နေတဲ့ ရေခဲတုံးတွေ၊ စက်လုံးတိတိကျကျ ဖြစ်နေတဲ့ ရေခဲလုံးတွေကို ဓားပြားနဲ့ လက်ဆုံ သုံးပြီး ကိုယ်တိုင် အနုစိတ် ထွင်းထု ဖန်တီးကြတဲ့ အနုပညာ ကို အဓိက တန်ဖိုးထားကြတာပါ။ ရေခဲက ဖန်ခွက်နဲ့ ကွက်တိဖြစ်နေပြီး အရမ်းကြည်လင်လွန်းလို့ ဖန်ခွက်ထဲမှာ ရေခဲမှန်းတောင် မသိသာပါဘူး။

“ရေခဲက ကော့တေးအရသာအပေါ် အရမ်းကို သက်ရောက်မှု ရှိပါတယ်။ ရေခဲ အရည်ပျော်သွားရင် သောက်လိုက်တဲ့အချိန် ကျန်ခဲ့တဲ့ အရသာကို အထူးသဖြင့် ထိခိုက်စေပါတယ်။ ရေခဲကို ကြည့်လိုက်တာနဲ့ ဘားတင်ဒါက ကော့တေးအရသာအပေါ် ဘယ်လောက် အလေးအနက်ထားလဲ ဆိုတာကို သိနိုင်ပါတယ်။ ဖန်ခွက်၊ ရေခဲနဲ့ ဖျော်ရည်တို့ သဟဇာတဖြစ်ဖြစ် ပေါင်းစပ်သွားမှသာ တကယ့် ကော့တေးကောင်း တစ်ခွက် ဖြစ်လာတာပါ” လို့ သူက ရှင်းပြပါတယ်။

Ref: Malay Mail – ‘Like a jewel’: Japan’s luxury ice revered by bars worldwide

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်