📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စစ်မှူထမ်းတာဟာ ဂုဏ်ယူစရာဟု​မြေးနှစ်ဦးနိုင်ငံခြားပို့ထားတဲ့ဒါရိုက်တာ ပန်းချီစိုးမိုးပြော

စစ်မှူထမ်းတာဟာ ဂုဏ်ယူစရာဟု​မြေးနှစ်ဦးနိုင်ငံခြားပို့ထားတဲ့ဒါရိုက်တာ ပန်းချီစိုးမိုးပြော

“စစ်မှူထမ်းခိုင်းတာဂုဏ်ယူစရာဆိုရင်သူ့မြေးတွေအရင်ထမ်းခိုင်းလေ။သူ့မြေး၂ယောက် က နိုင်ငံခြားလွှတ်ထားတာ”-ရုပ်ရှင်​လောကသားတဦး

“တိုင်းပြည်ကို ကာကွယ်ဖို့ မဟုတ်ဘဲနဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစုရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ဖြစ်တဲ့အတွက် မတရားစစ်မှုထမ်းဥပဒေကိုဘယ်လိုမှလက်ခံနိုင်စရာ အကြောင်းမရှိဘူး”-ကိုရှင်းသန့် (စစ်ကိုင်းတိုင်း သပိတ်အင်အားစု)

​မြေးနှစ်ဦးကို နိုင်ငံခြားပို့ထားတဲ့ ရုပ်ရှင်ဒါရိုက်တာပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်က လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းနေချိန် စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းကြောင်းပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ မြဝတီစင်တာမှာပြုလုပ်တဲ့ အာဏာသိမ်းစစ်တပ်ကနေ စီစဥ်ရိုက်ကူးတဲ့ စစ်မှုထမ်း ဝါဒဖြန့်ချိရေး ဇာတ်ကား ပရက်ရှိုးမှာ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောဆိုခဲ့တာပါ။

စစ်မှုထမ်းကို ကြောက်အောင်လှုံဆော်နေကြသူ​တွေကြောင့် ကြောက်နေကြတာသာဖြစ်ပြီး စစ်မှုထမ်းခြင်းဟာ ဂုဏ်ယူစရာကောင်းကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောပါတယ်။

“စစ်မှုထမ်းကို ကြောက်တာမဟုတ်ဘူး။ စစ်မှုထမ်းကိုကြောက်အောင် လှူံဆော်နေကြလို့ ကြောက်တာ။ မလိုလားသော ပုဂ္ဂိုလ်များပေါ့။ နိုင်ငံ့အတွက် စစ်မှုထမ်းတာသည် ဂုဏ်ယူစရာကောင်းတယ်လို့ မမြင်ကြဘူး။ မြင်သွားရင် ကြောက်စရာမှ မလိုဘဲနဲ့”လို့ ၎င်းက ဆိုပါတယ်။

“စစ်မှူထမ်းခိုင်းတာဂုဏ်ယူစရာဆိုရင်သူ့မြေးတွေအရင်ထမ်းခိုင်းလေ။သူ့မြေး၂ယောက် က နိုင်ငံခြားလွှတ်ထားတာ”လို့ရုပ်ရှင်​လောကသားတဦးကတုန့်ပြန်ပါတယ်။

ပန်းချီစိုးမိုးဟာ မောင်မောင်အုန်း ပြန်ကြား​ရေးဝန်ကြီးဖြစ်တုန်းကလည်း ပေါင်းပြီး ပရောဂျက်တွေရယူခဲ့သလို ၊ အာဏာသိမ်း​ခေါင်း​ဆောင် အကြိုက် ဝါဒဖြန့်ချီ​ရေး​တွေလုပ်ပြီး မင်း​အောင်လှိုင် ဆီကပရောဂျက် တွေယူနေတယ်လို့ စစ်တပ်အတွင်းကဖြစ်စဥ်​တွေကိုသိသူက​ပြောပါတယ် ။

သူ့သားမက်မှာစစ်သားဖြစ်ပြီး စစ်တပ်အာဏာသိမ်းကတည်းကစစ်တပ်အတွက် အားတက်သ​ရော အလုပ်လုပ်ခဲ့တဲ့မိသားစုဖြစ်တယ်လို့ ပန်းချီစိုးမိုးကသိသူက​ပြောပါတယ် ။

“သူသမီးကဆန္ဒပြတဲ့သူ​တွေကိုနာမည်လိပ်စာနဲ့မှတ်ထားပြီးသူနဲ့မတည့်တဲ့သူ​တွေကိုသတင်း​ပေးပြီးလိုက်ဖမ်းခိုင်းဖူးတယ်။ မိသားစုလိုက်ယုတ်မာတာ”လို့ ရုပ်ရှင်​လောကသားတဦးက​ပြောပါတယ် ။

ပန်းချီစိုးမိုးမှာ ​မြေးအမျိုးသားတစ်ဦး ၊အမျိုးသမီးတဦးရှိပြီးသူတို့ကို​တော့ စစ်မှုမထမ်းခိုင်းဘဲ နိုင်ငံခြားပို့ထားတာဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ စစ်မှုမထမ်းရတဲ့နိုင်ငံမရှိကြောင်း၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ ကိုရီးယား စတဲ့နိုင်ငံတွေမှာ နာမည်ကျော်အနုပညာရှင်တွေကအစ စစ်မှုထမ်းနေရကြောင်း ပန်းချီစိုးမိုးက ပြောပါ​သေးတယ်။

“ကိုရီးယားနာမည်ကြီး မင်းသား မင်းသမီးတွေလည်း ထမ်းတာပဲ။ ဟိုးအရင်ခေတ်တုန်းကဆိုရင် ခေတ်ဟောင်းမင်းသား Presley နာမည်ကြီးတဲ့ မင်းသားဆိုလည်း စစ်မှုထမ်းသွားရတာပဲ။ ကိုရီးယားမှာလည်း နာမည်ကြီးမင်းသားမင်းသမီး စစ်မှုထမ်းသွားရတာပဲ။ ဒါမထူးဆန်းဘူး။ ဒီအပေါ်မှာ ဂုဏ်ယူတတ်ရင် စစ်မှုထမ်းခြင်းသည် ဂုဏ်ယူစရာကောင်းတယ်”လို့ ၎င်းက ပြောပါတယ်။

သို့သော် လက်ရှိအချိန်ထိ ရုပ်ရှင်၊ သဘင်၊ ဂီတလောကက ဘယ်အနုပညာရှင်မှ စစ်မှုထမ်းရတာမရှိသေးကြောင်း သိရပါတယ်။

“မြေးတွေမြစ်တွေတော့ရှိမှာပေါ့။ ထမ်းခိုင်းလိုက်ပါလား စစ်တပ်အတွက်အကျိုးရှိသွားမှာပေါ့။ ပြီးတော့အနုပညာရှင်ဆိုတဲ့ကောင်တွေကိုလဲထမ်းဖို့တိုက်တွန်းပါလား။ ပိုလို့တောင်အကျိုးရှိဦးမယ်”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

ပန်းချီစိုးမိုးရဲ့ ပြောကြားချက်နဲ့ပတ်သတ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟကလည်း လက်ရှိမှာ ပန်းချီစိုးမိုးဟာ ရုပ်ရှင်အစည်းအရုံးမှာ တာဝန်ရှိတဲ့ လူကြီးတစ်ဦးဖြစ်တဲ့အတွက် အစည်းအရုံးအနေနဲ့ နိုင်ငံကျော် နာမည်ကြီး အနုပညာရှင်တွေ စစ်မှုမထမ်းမနေရ သို့မဟုတ် စစ်မှုထမ်းပြီးမှသာ ရုပ်ရှင်ရိုက်ကူးခွင့်ပြုမယ်လို့ တရားဝင် စာထုတ်ပြန်ပေးဖို့တုံ့ပြန်ပါတယ်။

“အခု ဒီအင်တာဗျူးထဲမှာပြောသလို နိုင်ငံကျော် နာမည်ကြီး သရုပ်ဆောင်တွေတောင် စစ်မှူထမ်းရတယ်၊ ဒါကို ဂုဏ်ယူရမယ့်အစား ကြောက်နေကြတယ် ဆိုရင်အစည်းအရုံးကနေ နိုင်ငံကျော် နာမည်ကြီးတွေ စစ်မှု မထမ်းမနေရ ဆိုပြီး စာထုတ်ကြည့်လိုက်ပါ။

စစ်မှူထမ်း ပြီးမှ ရိုက်ကူးခွင့်ပြုမယ်လို့ စာထုတ်ကြည့်လိုက်။ အဲဒီမှာ နာမည်ကြီး နိုင်ငံကျော် တွေက အန်ကယ့်မျက်နှာကို ဘယ်ဟာ နဲ့ ထိုး ကြမလဲဆိုတာ လက်တွေ့သိပါလိမ့်မယ်။ ကိုယ်လွတ်တိုင်း ဖားပြီးမပြောပါနဲ့”လို့ သူက လူမှုကွန်ယက်မှာရေးသားထားပါတယ်။

ပန်းချီစိုးမိုးက “လူတွေရဲ့မလိုလားအပ်တဲ့ လူတွေရဲ့အသိဉာဏ်သေးသိမ်တာပေါ့။လူတချို့ရဲ့ အသိဉာဏ်သေးသိမ်မှုကြောင့် အမြင်လွဲတာပေါ့။ စစ်မှုထမ်းခြင်းသည်ဘာမှမကောင်းစရာအ​ကြောင်းမရှိဘူး။ နိုင်ငံ့တာဝန်ကျေသွားတာပေါ့။ နှစ်နှစ်တာကာလ ဘာမှမကြာလိုက်ဘူး”လို့ဆိုခဲ့တာပါ။

ပန်းချီစိုးမိုးရဲ့​ပြောကြားချက်အ​ပေါ်စစ်ကိုင်းတိုင်း သပိတ်အင်အားစုမှကိုရှင်းသန့်ကလည်း”ဒါရိုက်တာပန်းချီစိုးမိုးဆိုတာကတော့အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဖိနပ်ကို လျှာနဲ့ခဏခဏယပ်နေတဲ့သူ ဖြစ်တဲ့အတွက် ဒီလိုစကားမျိုး ထွက်လာတာတော့ မဆန်းဘူးပေါ့နော်။

မတရားစစ်မှူထမ်းဥပဒေဆိုတာက တိုင်းပြည်ကို ကာကွယ်ဖို့ မဟုတ်ဘဲနဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဖြစ်တဲ့အတွက် မတရားစစ်မှုထမ်းဥပဒေကိုဘယ်လိုမှလက်ခံနိုင်စရာ အကြောင်းမရှိဘူး။

ပြီးတော့ မင်းအောင်လှိုင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်ရဲ့အာဏာကို မတရားသိမ်းထားတာဖြစ်တယ်။ အကြမ်းဖက်စစ်အုပ်စုအဆင့်ပဲ ရှိတယ်။ ဓါးပြအဆင့်ပဲရှိတယ်။ ဒါမျိုးတွေကို ကာကွယ်ပေးဖို့အတွက် ဘယ်လိုအကြောင်းပြချက်နဲ့မှ လက်ခံလို့မရဘူးဆိုတာတော့ အားလုံးသိအောင်ပြောချင်ပါတယ်”လို့ တုံ့ပြန်ပါတယ်။

တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” အမည်ရှိ ဝါဒဖြန့်ဇာတ်လမ်းတိုဟာ စစ်မှုထမ်း ဝါဒဖြန့် ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်) ရိုက်ကူးထားတာဖြစ်ပါတယ်။

ပန်းချီစိုးမိုးဟာ ကြယ်စင်မော်ကွန်းရုပ်ရှင်ဇာတ်ကားအပါအဝင် စစ်တပ် ဝါဒဖြန့်ရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများ အများအပြားရိုက်
ကူးခဲ့သူဖြစ်ပါတယ်။ အာဏာသိမ်းကာလ ၂၀၂၃ ခုနှစ်မှာပဲ ရုပ်ရှင်တစ်သက်တာဆုကို ရရှိခဲ့ပါတယ်။

(ဒါရိုက်တာပန်းချီစိုးမိုးရဲ့ သမီး ၊သားမက်၊​မြေးနှစ်ဦး /အာဏာသိမ်း​ခေါင်း​ဆောင်မိသားစုနဲ့ရင်းနှီးတဲ့ခရိုနီလက်သစ် နိုင်ဖြိုး​​ကျော် ၊ဝတ်မှုန်​ရွှေရည် တို့ကိုပန်းချီစိုးမိုးနဲ့အတူ​တွေ့ရစဥ်။ဓါတ်ပုံ-File photo)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်