စစ်မှုထမ်းရမှာကြောက်ပြီးနိုင်ငံခြားကိုထွက်ပြေးနေကြတယ်လို့ လူငယ်တွေကိုစစ်တပ်ထောက်ခံသူသရုပ်ဆောင်နေအောင်စွပ်စွဲပြစ်တင်
စစ်တပ်ဝါဒဖြန့် ဇာတ်လမ်းတိုအဖြစ် ဖန်တီးထားသည့် “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ဇာတ်လမ်းတိုတွင် ပါဝင်သရုပ်ဆောင်ထားသူ နေအောင်က စစ်မှုထမ်းခြင်းနှင့်ပတ်သက်၍ လူငယ်များအား မေးခွန်းထုတ် ပြောဆိုခဲ့သည်။
စက်တင်ဘာ ၁၅ ရက်က အဆိုပါဇာတ်လမ်းတို ပြသသည့်အခမ်းအနားတွင် နေအောင်က လူငယ်များအနေဖြင့် ကိုယ့်တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့်လိုစိတ်ရှိသင့်ကြောင်း ပြောဆိုခဲ့သည်။
ထို့အပြင် စစ်တပ်၏ လုပ်ရပ်များ မှားယွင်းခြင်း၊ မှန်ကန်ခြင်းကို မသိသော်လည်း စစ်ယူနီဖောင်းကို မြင်လျှင် ချစ်ခင်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။
နေအောင်က ယခင်က စစ်တပ်အတွင်း ဝင်ရောက်တာဝန်ထမ်းဆောင်လိုခဲ့သော်လည်း မိခင်ဖြစ်သူက ခွင့်မပြုသဖြင့် ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း ပြောဆိုထားသည်။
၎င်းပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်လမ်းတိုကို ကြည့်ရှုစဉ် မျက်ရည်ကျခဲ့ရကြောင်းနှင့် စစ်တပ်၏ “နာမည်ကြီးမှု” သည် အမိန့်နာခံမှုနှင့် စည်းလုံးညီညွတ်မှုတို့ကြောင့် ဖြစ်သည်ဟုလည်း နေအောင်က ဆိုသည်။
ရုပ်ရှင်သရုပ်ဆောင် နေအောင်သည် စစ်တပ်အပေါ် ထောက်ခံသည့် သဘောထားများကို ယခင်ကလည်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်ပြီး ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း စစ်တပ်နှင့် နီးစပ်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
‘စစ်မှုထမ်းရမှာ ကြောက်လို့ တချို့က နိုင်ငံခြားပြေးကုန်ကြတယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် အသက် မစွန့်ချင်ကြဘူးလား’ လို့ ပြောလာတဲ့ နေအောင်



Leave a Reply