📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဆယ်ကျော်သက်နဲ့ စိတ်ရိုင်း

လက်ရှိ မြန်မာနိုင်ငံက ဆယ်ကျော်သက် အရွယ်တွေကြားမှာ အသေးအဖွဲ စကားများကြရုံ၊ မကျေနပ်ရုံမျှနဲ့ သွေးထွက်သံယို ဖြစ်တဲ့အထိ၊ အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ရိုက်နှက်ရမ်းကားမှုတွေ အလွယ်တကူ ကျူးလွန်လာကြတာကို တွေ့ရပါတယ်။

လူမြင်ကွင်းမှာတောင် အုပ်စုဖွဲ့၊ ပြောင်ပြောင်တင်းတင်း ရမ်းကားရဲတဲ့အထိ ဖြစ်လာကြတာပါ။ လက်ရှိ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ ကျောင်းသား လူငယ်တွေကြားမှာ အချင်းချင်း အနိုင်ကျင့်မှုတွေဟာ ပုံစံမျိုးစုံနဲ့ ပေါ်ပေါက်လာနေပါတယ်။

ဒီလို အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အနီးစပ်ဆုံးဖြစ်စဉ်ကို ပြောရမယ်ဆို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁၁) ရပ်ကွက်က ဖြစ်စဉ်ကို ပြောရမှာပါ။ အသက် ၁၅ နှစ်အရွယ် Grade-8 ကျောင်းသားနှစ်ယောက် အချင်းချင်း ရန်ဖြစ်ရာကနေ သွေးထွက်သံယို ဖြစ်တဲ့အထိ ရိုက်နှက်မှု ကျူးလွန်ခဲ့တဲ့ ဖြစ်စဥ်ပါ။

ကျောင်းဆင်းချိန်မှာ ကျောင်းသားတယောက်က အိမ်အထိ နောက်ယောင်ခံ လိုက်လာပြီး နောက်ထပ် ကျောင်းသားတယောက်ကို နောက်ကနေ ချောင်းရိုက်ခဲ့တာလို့ သိရပါတယ်။ အသုံးပြုခဲ့တဲ့ လက်နက်ကတော့ အလျား ၉ လက်မခန့်ရှိ ဂွင်းဂွဖြစ်ပါတယ်။

ဦးခေါင်းကို ရိုက်နှက်ခံရတာကြောင့် အရိုက်ခံရတဲ့ ကျောင်းသားဟာ ခေါင်းမှာ ၁ စင်တီမီတာခန့် သွေးထွက်ပေါက်ပြဲ ဒဏ်ရာ၊ ယာဘက်လက်မောင်း သွေးထွက်ပေါက်ပြဲ (မစိုးရိမ်ရ) ဒဏ်ရာတွေ ရရှိခဲ့ပြီး တောင်ကြီးဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒီဖြစ်စဉ်က ကျူးလွန်သူကို အေးသာယာနယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၄၇/၃၂၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

နောက်ထပ် ဖြစ်စဉ်တခုကတော့ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်က ဖြစ်စဉ်ပါ။ စက်တင်ဘာ ၁၇ ရက်နေ့က ဖြစ်ခဲ့တာပါ။ စမ်းချောင်းလင့်ခ် ညစျေးတန်းရှေ့၊ ဗားဂရာလမ်းမကြီးပေါ်မှာ နေ့ခင်းကြောင်တောင် လူမြင်ကွင်းကြီးထဲတင် ကျောင်းသားလူငယ်နှစ်ယောက်ကို ဆယ်ကျော်သက်အရွယ် လူငယ်အုပ်စုက ဝိုင်းရိုက်ပြီး ဓားနဲ့ထိုးခဲ့တာပါ။

ပုခုံးချင်း မတော်တဆ တိုက်မိရာကနေ ရန်ဖြစ် စကားများရာက ဓားနဲ့ထိုးရတဲ့အဆင့်အထိ ရောက်ခဲ့တာလို့ သိရပါတယ်။ ရိုက်နှက်ခံရပြီး ဓားနဲ့အထိုးခံရတဲ့ နှစ်ယောက်က Info Myanmar College က ကျောင်းသားတွေလို့ သိရပါတယ်။ ဒီဖြစ်စဥ်မှာ ကျောင်းသား တယောက်ဟာ အဆုတ်ကို ဓားနဲ့ နှစ်ချက် အထိုးခံရလို့ မေ့မျောသွားတာကြောင့် ဆေးရုံကို အရေးပေါ် ပို့လိုက်ရပြီး နောက်တယောက်ကတော့ ခေါင်းပေါက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို ဆယ်ကျော်သက် (Teenagers) တွေ လူမြင်ကွင်းမှာ ရဲရဲဝံ့ဝံ့ ဓားကိုင် ရမ်းကားရဲအထိ ရာဇဝတ်မှုတွေ ပြင်းထန်လာတာဟာ ကမ္ဘာတစ်ဝန်း လုံးဆိုင်ရာ လူမှုဗေဒနဲ့ စိတ်ပညာ ပြဿနာတခုဖြစ်တယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တယောက်က သုံးသပ်ပြောဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွား ပျက်စီးယိုယွင်းမှု အခြေအနေတွေနဲ့လည်း တိုက်ရိုက် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

“အတုမြင် အတတ်သင်လာတာတွေပေါ့။ ဆိုရှယ်မီဒီယာနဲ့လည်း ဆိုင်တယ်။ ဆယ်ကျော်သက် အရွယ်ဆိုတာ ပတ်ဝန်းကျင်ကို အတုခိုးလွယ်တဲ့ အရွယ်ဖြစ်တယ်။ ဂန်းစတားစတိုင်လ်တွေ၊ အကြမ်းဖက် လှုပ်ရှားမှုတွေကို ဂုဏ်ယူဝင့်ကြွားစွာ ပြသလေ့ရှိတဲ့ ဆိုရှယ်မီဒီယာ ဗီဒီယိုတွေနဲ့ ဂိမ်းတွေ၊ ဥပမာ GTA လိုမျိုး ဂိမ်းတွေပေါ့။ ဒါတွေက စိတ်ပိုင်းဆိုင်ရာကို လွှမ်းမိုးပြီး အကြမ်းဖက်မှုကို သာမန်ကိစ္စတခုလို့ပဲ မြင်လာစေတယ်” လို့ သူက ပြောပါတယ်။

ဆယ်ကျော်သက်တွေဟာ တယောက်တည်း ရှိချိန်ထက် သူငယ်ချင်းအုပ်စု၊ လူမိုက်ဂိုဏ်း (Youth Gangs) အဖွဲ့ဝင်တွေနဲ့ အတူရှိချိန်မှာ ပိုမို ရဲတင်းလာတတ်ကြတယ်လို့ သူက ပြောပါတယ်။ “အဖွဲ့ထဲမှာ အထာကျစေရန်” (ဒါမှမဟုတ်) “အုပ်စုသိက္ခာအတွက်” လို့ ဆိုကာ လူမြင်ကွင်းမှာတောင် အကြမ်းဖက်ဖို့ ဝန်မလေးတော့ဘူးလို့ ဆိုပါတယ်။

လူတယောက်မှာ ဦးနှောက်ရဲ့ ဆင်ခြင်တုံတရားနဲ့ စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ အစိတ်အပိုင်း (Prefrontal Cortex) ဟာ အသက် ၂၅ နှစ်ဝန်းကျင်မှသာ အပြည့်အဝ ဖွံ့ဖြိုးတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်တွေဟာ အကျိုးအပြစ်ကို မစဉ်းစားတော့ဘဲ ခဏတာ ဒေါသနဲ့ မာနကြောင့် ချက်ချင်း လက်ပါမိသွားတတ်ကြတယ်လို့ သူက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံ အခြေအနေနဲ့ နှိုင်းယှဉ် သုံးသပ်ရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုတွေက ဆယ်ကျော်သက်တွေရဲ့ ရာဇဝတ်မှုနှုန်းကို ပိုပြီး မြင့်တက်စေတယ်လို့ ဆိုပါတယ်။ ရက်စက် ကြမ်းကြုတ်တတ်လာစေဖို့ မြေတောင်မြှောက်ပေးသလို ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

“လက်ရှိကာလမှာ သွေးထွက်သံယို မြင်ကွင်းတွေကို ဆိုရှယ်မီဒီယာပေါ်မှာရော၊ ပြင်ပမှာပါ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတာပါ။ ဒီအခြေအနေက ဆယ်ကျော်သက်တွေရဲ့ စိတ်ထဲမှာ လူ့အသက် ဆိုတာကို တန်ဖိုးမထားတတ်ကြတော့ဘူး။ အကြမ်းဖက်မှုကို စိတ္တဇဆန်ဆန် ကျင့်သားရသွားစေတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ သာမန် ခိုးဆိုးလုနှိုက်မှုနဲ့ လူသတ်မှုတွေလိုမျိုး ပြည်သူ့လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ကာကွယ် အရေးယူနိုင်စွမ်း အလွန်ကျဆင်းနေတယ်လို့ သူက ပြောပါတယ်။

“အခုက ဘယ်လိုဖြစ်နေလဲဆို လူသတ်ရင်တောင် လွတ်အောင်ပြေးလို့ရတယ်၊ ငွေပေးရင် ပြီးသွားနိုင်တယ် ဆိုတဲ့ အတွေးမျိုးတွေပေါ့။ ဒါတွေကြောင့် လူငယ်တွေက ဥပဒေကို မလေးစားကြတော့ဘူး။ ပြစ်မှာတွေကို ရဲရဲဝံ့ဝံ့ ကျူးလွန်လာစေတဲ့ အဓိက အချက် ဖြစ်တယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းမှာ မူးယစ်ဆေးဝါးတွေ အလွယ်တကူ ရရှိနေတာကလည်း အခုလိုမျိုး ပြဿနာတွေ ဖြစ်လာ‌စေကို ပံ့ပိုးပေးနေတယ်လို့ သူက ပြောပါတယ်။ အထူးသဖြင့် WY လိုမျိုး စိတ်ကြွဆေးပြားတွေ၊ ကတ်တမင်းနဲ့ ကာဆီဒင်လိုမျိုး သောက်ဆေးတွေဟာ ဆယ်ကျော်သက်တွေအကြား အလွန်ကို ပေါများနေတယ်လို့ ဆိုပါတယ်။

“ဒါတွေက ဘယ်နေရာမှာမဆို အလွယ်တကူ ဝယ်ယူလို့ ရနေတယ်။ ဒီဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် စိတ်ဖောက်ပြန်တာ၊ မဆင်ခြင်နိုင်တာ၊ သွေးကြွပြီး လူသတ်တဲ့အထိ ရက်စက်နိုင်ကြတာတွေ ဖြစ်လာတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဆယ်ကျော်သက်အရွယ် အကြမ်းဖက်မှုတွေဟာ မြို့ပြမှာရော နယ်မြို့တွေမှာပါ စိမ့်ဝင် ပျံ့နှံ့နေတာပါ။ နိုင်ငံတဝန်းရှိ စာသင်ကျောင်း အများအပြားမှာလည်း ကျောင်းသားချင်း အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။

စက်တင်ဘာ ၉ ရက်ကလည်း ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်မှာ အဆောင်နေ ကျောင်းသားချင်း စကားများရာကနေ ဓားထိုးမှုဖြစ်ပြီး ကျောင်းသားတယောက် သေဆုံးကာ တယောက် ဒဏ်ရာရခဲ့သလို စက်တင်ဘာ ၅ ရက်နေ့ကလည်း ပဲခူးတိုင်း လက်ပံတန်းမြို့နယ်၊ အမှတ် (၁) အထက်တန်းကျောင်းမှာ ၁၁ တန်းကျောင်းသားက ကျောင်းသူတယောက်ကို ဓားနဲ့ထိုးလို့ ကျောင်းသူ သေဆုံးခဲ့ပါတယ်။

အဲဒီလိုပဲ ဇွန်လ ၂၃ ရက်နေ့ကလည်း မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ယာဥ်တော်စံကျေးရွာ၊ မူလတန်းလွန်ကျောင်းမှာ ၆ တန်းကျောင်သားတယောက်က အတန်းဖော် ကျောင်းသားကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။ ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်းက ကျောင်းတွေမှာ အုပ်စုဖွဲ့ အနိုင်ကျင့်မှုနဲ့ ခိုက်ရန်ဖြစ်ပွားတာတွေကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားကျောင်းသူ ၁၀ ယောက် ရှိတယ်လို့ သိရပါတယ်။

လက်ရှိကာလမှာ ခေတ်စနစ်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေအရ လူငယ်တွေ (အထူးသဖြင့် ဆယ်ကျော်သက် အရွယ်လေးတွေ) ဟာ ရေလိုက်လွဲပြီး အတုယူမှား၊ အမြင်မှားတွေ ဖြစ်လာနေကြပါတယ်။ မူးယစ်ဆေး သုံးစွဲတာ၊ အကြမ်းဖက်တာ၊ ခိုးဆိုးလုယက်တာတွေက စလို့ နောက်ဆုံး လူ့အသက်ကိုပါ ရန်ရှာရဲတဲ့အထိ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေ ရှိလာကြတာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့နေရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဆယ်ကျော်သက်လူငယ်တွေ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တာ၊ ပါဝင် ပတ်သက်လာတာတွေဟာ စိုးရိမ်ဖွယ်ရာ ပြဿနာကြီးတခု ဖြစ်လာနေပါတယ်။ ဒါကို ဖြေရှင်းနိုင်ဖို့ မိသားစု၊ ပညာရေးစနစ်၊ လူမှုအသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းဆောင်ရွက်မှုတွေ အင်မတန်မှကို လိုအပ်နေတာဖြစ်ပြီး အချိန်မီ ထိန်းသိမ်းနိုင်ကြဖို့ အသိပေး ရေးသားလိုက်ရပါတယ်။ ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်