📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

သင်းသတ်ခံထားရတဲ့ ရန်ကုန်မြို့ပျက်ကြီးထဲ

မြို့ပြဟာ သင်းသတ်ခံထားရသလို သေဆုံးနေတယ်။ အပေါ်စီးက လှမ်းမြင်နေရတဲ့ ထိုးထိုးထောင်ထောင် အထပ်မြင့် အဆောက်အအုံတွေ ကြားထဲမှာ ကိုလိုနီခေတ်ဟောင်း လက်ကျန် အဆောက်အဦတွေ ဟိုတစု ဒီတစု တွေ့မြင်နေရတယ်။

မိုးရာသီ ညနေခင်းထဲမှာ မြို့လယ်ကောင်က အထပ်မြင့်အဆောက်အဦ သုံးခုကို လှမ်းမြင်နေရတယ်။ ပြတင်းပေါက်တွေ အစီအရီနဲ့ အလယ်က ထပ်မြင့်အဆောက်အဦဟာ တခါက အလွန်တရာ စည်ကားလှတဲ့ ဇိမ်ခံဟိုတယ်ကြီးတခုပါ။ အခုတော့ ဒီဟိုတယ်က အသက်မဲ့သွားခဲ့ပါပြီ။

ညနေရီတရောမှာ မြင်နေရတဲ့ ဒီဟိုတယ်ရဲ့ ပြတင်းပေါက်တွေဟာ အလင်းရောင်ကင်းမဲ့လို့နေတယ်။ မိုးသားတိမ်လိပ်ကြားက ဝင်လုဆဲ နေအလင်းနောက်ခံနဲ့ အသက်မဲ့ဟိုတယ်ဟာ ပန်းချီကားတချပ် ဖြစ်နေတယ်။ ဒီဟိုတယ်ဟာ ၂၀၂၁ ခုနှစ်ကတည်းက ပိတ်သွားခဲ့တာပါ။ ဆူးလေရှန်ဂရီလာ။

ဆူးလေရှန်ဂရီလာနဲ့ ဆာကူရာ အဆောက်အဦရဲ့ အပေါ်ဆုံးထပ် ပြတင်းပေါက်တွေကတော့ မီးရောင်တွေနဲ့ လင်းနေတာတွေ့ရတယ်။ Yangon Rooftop Bar စားသောက်ဆိုင်က မီးအလင်းရောင်တွေ ဖြစ်ပါလိမ့်မယ်။ ညနေစောင်းရင် ရန်ကုန်ဟာ အလိုလို ငြိမ်သက်သွားတယ်။ မြို့လယ်ကောင်မှာ ကားအသွားလာ၊ လူအသွားအလာ သိသိသာသာ ကျဲပါးသွားတယ်။

ရန်ကုန်ဟာ ပြောင်းလဲသွားတယ်။ အရင်လို မဟုတ်တော့။ အထပ် ၂၀ ရှိတဲ့ ဆူးလေလမ်းမပေါ်က ဆာကူရာအဆောက်အဦဟာ တခါတုန်းက နိုင်ငံတကာကုမ္ပဏီတွေ၊ နိုင်ငံတကာရုံးခန်းတွေနဲ့ အထပ်တိုင်းပြည့်လို့ မီးရောင်တထိန်ထိန်နဲ့ စည်ကားခဲ့တာပေါ့။ အခုတော့ အပေါ်ဆုံးထပ် စားသောက်ဆိုင် ပြတင်းပေါက်တွေကလွဲပြီး အဆောက်အဦတခုလုံးရဲ့ ပြတင်းပေါက်တွေမှာ အလင်းရောင် မတွေ့ရတော့ဘူး။

ထူးထူးခြားခြား ဒီဘက်က ဆူးလေစကွဲယား (Sule Square) အပေါ်ဆုံးထပ် ပြတင်းပေါက်တွေမှာတော့ မီးရောင်တွေ လင်းနေတာ တွေ့ရတယ်။ ဆူးလေလမ်းမပေါ်မှာ ဆူးလေစကွဲယားတခုပဲ ကုမ္ပဏီရုံးခန်းတချို့ ဖွင့်ထားတာ တွေ့ရတယ်။ တရုတ်ကုမ္ပဏီတွေလို့ ပြောကြတာပဲ။

၂၀၂၁ စစ်အအာဏာသိမ်းအပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအားလုံး မြန်မာပြည်က ပြန်ထွက်သွားတဲ့အခါ ထွက်မသွားဘဲ ကျန်နေခဲ့တာ တရုတ်ကုမ္ပဏီတချို့လို့ သိရတယ်။ တခါက စည်ကားခဲ့တဲ့ ရန်ကုန်ညနေခင်းတွေဟာ အခုတော့လည်း သွေ့သွေ့ခြောက်ခြောက်နဲ့။

၂၀၂၁ စစ်အအာဏာသိမ်းအပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအားလုံး မြန်မာပြည်က ပြန်ထွက်သွားတဲ့အခါ ထွက်မသွားဘဲ ကျန်နေခဲ့တာ တရုတ်ကုမ္ပဏီတချို့လို့ သိရတယ်။ တခါက စည်ကားခဲ့တဲ့ ရန်ကုန်ညနေခင်းတွေဟာ အခုတော့လည်း သွေ့သွေ့ခြောက်ခြောက်နဲ့။

ညနေ ၆ နာရီဆို ဗိုလ်ချုပ်ဈေးကြီးလည်း ပိတ်သွားပြီ။ အရင်က တိုးမပေါက်ခဲ့တဲ့ ဗိုလ်ချုပ်လမ်း ပလက်ဖောင်းတွေဟာ ခုတော့လည်း ဟာလာဟင်းလင်း ခြောက်သွေ့လို့။ လျှပ်စစ်မီး ပုံမှန်မရတော့တဲ့ မြို့ပြမှာ ညနေရီတရောဟာ မှောင်တဝက် လင်းတဝက် ခြောက်ခြားစရာ ဖြစ်နေတယ်။ ဗိုလ်ချုပ်လမ်းပေါ်က ဆောက်လက်စ အရိုးပြိုင်းပြိုင်း Yoma Central Project အဆောက်အဦနဲ့ ကရိန်းလက်တံရှည်တွေဟာ မှောင်ရီပျိုးပြထဲ အသက်မဲ့လို့ နေတယ်။

၁၈၇၇ ခုနှစ်က တည်ဆောက်ခဲ့တဲ့ မြန်မာ့မီးရထားရုံးချုပ် အဆောက်အဦဟောင်းကို ငုံပြီး ခေတ်မီဟိုတယ် တည်ဆောက်မယ့် စီမံကိန်းဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ ရပ်တန့်သွားခဲ့တာ ဒီနေ့အထိပါပဲ။

မှတ်မှတ်ရရ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ရန်ကုန်မြို့လယ်မှာ ခြိမ့်ခြိမ့်သဲ ဖြစ်နေချိန်အထိ ဒီစီမံကိန်းက ဆက်ပြီး လုပ်ဆောင်နေတာ တွေ့ရတယ်။ နောက်တော့လည်း လုံးဝ ရပ်ဆိုင်းသွားခဲ့တယ်။

စီမံကိန်းတင် ရပ်ခဲ့တာမဟုတ်။ ဦးဆောင် အကောင်အထည်ဖော်ခဲ့တဲ့ developer ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေလည်း အခုတော့ ထောင်ထဲမှာ။ သူအကောင်အထည်ဖော်ခဲ့တဲ့ Yangon Landmark အိမ်ရာစီမံကိန်းလည်း မြို့လယ်ကောင်မှာ အခုချိန်ထိ တန်းလန်း။

၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ၊ အကူအညီပေးသူတွေ အားလုံး စိတ်ပျက်လက်ပျက် ပြန်သွားကြရတယ်။ စီမံကိန်း တပိုင်းတန်းလန်းနဲ့ ကျန်နေခဲ့တဲ့အထဲမှာ သန်လျင် အမှတ် (၃) တံတားလည်း ပါဝင်ခဲ့တယ်။ ဒီတံတားကို ဂျပန်နိုင်ငံ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တာပါ။

ဂျပန်ကုမ္ပဏီတွေ စတင် ရင်းနှီးမြှုပ်နှံနေကြပြီဖြစ်တဲ့ သီလဝါ စက်မှုဇုန်နဲ့ ဆက်သွယ်ဖို့အတွက် ရည်ရွယ်တာ ဖြစ်တယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ တံတားစီမံကိန်းလည်း တန်းလန်းနဲ့ ရပ်သွားခဲ့တယ်။ ဒီတံတားကို ၂၀၂၂ ခုနှစ်မှာ စစ်ခေါင်းဆောင်ရဲ့ အဓမ္မတောင်းဆိုမှုနဲ့ ဆက်လက် တည်ဆောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ဖွင့်လှစ်နိုင်ခဲ့တယ်။

ကုန်ကျစရိတ်တချို့ကို စစ်ကောင်စီက ကျခံရတယ်လို့ သိရပြီး တံတားဖွင့်ပွဲကို ဂျပန်သံအမတ်ကြီး လာမတက်ခဲ့ဘူး။ သန်လျင် အမှတ် (၃) တံတားစီမံကိန်းဟာ ၂၀၁၉ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ စတင်ခဲ့တာဖြစ်တယ်။

အလားတူ တောင်ကိုးရီးယား အကူအညီနဲ့ တည်ဆောက်နေတဲ့ ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်။ ဒီတံတားစီမံကိန်းလည်း စစ်အာဏာသိမ်းပြီးတဲ့နောက် ရပ်တန့်သွားခဲ့တယ်။

စစ်ကောင်စီဟာ နောက်ပိုင်းမှာ ဒီတံတားစီမံကိန်းကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပြီး အခုတော့ ပြီးလုပြီးခင် အနေအထားကို ရောက်လာတာ တွေ့ရတယ်။ ဒီစီမံကိန်းတွေဟာ အရပ်သားအစိုးရမျက်နှာနဲ့ ရရှိခဲ့တဲ့ နိုင်ငံတကာအကူအညီတွေပါ။ ဖဲကြိုးဖြတ် ဝါသနာပါတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ အရင်က စခဲ့တဲ့ ဒီစီမံကိန်းတွေကို အပြီးသတ် ဖဲကြိုးဖြတ်ဖို့ပဲ စိတ်အားထက်သန်နေတာ တွေ့ရတယ်။

ရန်ကုန်ဟာ အရင်ရန်ကုန် မဟုတ်တော့ဘူး။ ရန်ကုန်ဟာ လေးနှစ်ကျော်ကာလအတွင်းမှာ နားမလည်နိုင်အောင် ပြောင်းလဲသွားတယ်။ လျှပ်စစ်မီး ပုံမှန်မရတာနဲ့ နေသားကျသွားသလို နေ့စဉ်နေ့တိုင်း ပြောင်းလဲ ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့လည်း အသားကျသွားပြီ။

လူတယောက် တနေ့တာ သာမန်အသုံးစရိတ်က ၁၀,၀၀၀ ကျပ် အနည်းဆုံး။ လက်ဖက်ရည်၊ ကော်ဖီတခွက် ၃,၀၀၀ ကျပ်။ ငွေဖောင်းပွသွားပုံက ကြောက်စရာ။ ၂၀၁၉ ခုနှစ်က တဒေါ်လာ ၁,၀၀၀ ကျပ်အထိ မာခဲ့တဲ့ မြန်မာငွေက အခု ၄,၅၀၀ ကျပ် ဖြစ်သွားပြီ။ ရွှေဈေးက ၇၇ သိန်းကျပ်။ ဘန်ကောက်၊ စင်ကာပူ Money Changer ငွေလဲနှုန်းစာရင်းမှာ ၂၀၂၀ အထိ မြန်မာကျပ်ငွေလဲနှုန်း ပါခဲ့ပေမယ့် အခုတော့ စာရင်းပျောက်သွားပြီ။

ဒီဘက်နှစ်အတွင်း ရန်ကုန်မှာ အိမ်ခြံမြေ အရောင်းအဝယ်တွေ ဖြစ်ကြတယ်။ ကျပ်သိန်းပေါင်း ၁ သိန်းတဲ့။ ကျပ်သိန်းပေါင်း ၅၀,၀၀၀ ဆိုတာ မြောက်ဒဂုံလိုနေရာက ပေ ၄၀၊ ၆၀ လုံးချင်းအိမ်။ ကျပ် သိန်းပေါင်း ၃၀,၀၀၀၊ ၂၀,၀၀၀ ဆိုတာ သာမန်ဖြစ်သွားပြီ။

အင်းလျားလို ဝင်ဒါမီယာတို့လိုနေရာတွေမှာ ကျပ်သိန်းပေါင်း ၃ သိန်း၊ ၄ သိန်း။ ဘယ်သူတွေက ဝယ်လို့ အရောင်းအဝယ် ဖြစ်နေကြတာလဲ။ အမည်မသိ လူတစုက ဝယ်နေကြတာလို့လည်း ကြားရတယ်။

ရန်ကုန်ဟာ စစ်ရှောင်အားလုံးရဲ့ ခိုလှုံရာ ဖြစ်လာတယ်။ စစ်ကိုင်းငလျင်လှုပ်တော့ ရန်ကုန်ဆင်းလာသူတွေ ရှိတယ်။ မိုးကုတ်သူဌေးတွေ ရန်ကုန်ကို ရှောင်လာတာ ရှိတယ်။ အမည်မသိ လူတစုက “တရုတ်” တွေ၊ ကိုးကန့်တွေ၊ ကျားဖြန့်တွေလို့လည်း ပြောတယ်။ ဟုတ်၊ မဟုတ် မသိ။

သေချာတာက ရန်ကုန်မှာ လူတန်းစား ပိုစုံလာတယ်။ အနယ်နယ်အရပ်ရပ်က ငွေကြေးပြည်စုံ ကြွယ်ဝသူတွေဟာ ရန်ကုန်မှာ လာပြီး ခိုလှုံနေကြတယ်။ စနစ်တကျ ကောက်ယူထားတဲ့ စာရင်း မရှိပေမယ့် ရန်ကုန်ဟာ ဒီတနှစ်အတွင်း လူဦးရေ သိန်းချီ တိုးပွားလာတယ်။ မြန်မာပြည်အရပ်ရပ်က ငွေကြေးပြည့်စုံတဲ့ စစ်ရှောင်တွေ ရှိသလို သာမန်အခြေခံ လူတန်းစားတွေလည်း သိသိသာသာ တိုးပွားလာတယ်။

သေချာတာက ရန်ကုန်မှာ လူတန်းစား ပိုစုံလာတယ်။ အနယ်နယ်အရပ်ရပ်က ငွေကြေးပြည်စုံ ကြွယ်ဝသူတွေဟာ ရန်ကုန်မှာ လာပြီး ခိုလှုံနေကြတယ်။ စနစ်တကျ ကောက်ယူထားတဲ့ စာရင်း မရှိပေမယ့် ရန်ကုန်ဟာ ဒီတနှစ်အတွင်း လူဦးရေ သိန်းချီ တိုးပွားလာတယ်။ မြန်မာပြည်အရပ်ရပ်က ငွေကြေးပြည့်စုံတဲ့ စစ်ရှောင်တွေ ရှိသလို သာမန်အခြေခံ လူတန်းစားတွေလည်း သိသိသာသာ တိုးပွားလာတယ်။

အထူးသဖြင့် ရန်ကုန်ဟာ ရခိုင်ပြည်နယ်က စစ်ရှောင် ရွှေ့ပြောင်းအခြေချသူတွေရဲ့ ခိုလှုံရာဖြစ်လာတယ်။ တာမွေ၊ ကျောက်မြောင်း၊ စမ်းချောင်း၊ ရွှေပြည်သာတို့မှာ ရခိုင်တိုင်းရင်းသားတွေ အများကြီး တွေ့လာရတယ်။

လေးနှစ်ကျော်ကြာ စစ်ပွဲဟာ မပြီးဆုံးသေးသလို နိုင်ငံအနှံ့မှာ တိုက်ပွဲတွေက ဆက်ပြီး ဖြစ်နေတုန်းပဲ။ ကရင်နီ၊ ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်း၊ ချင်း၊ မကွေး၊ ရခိုင် စတဲ့ နိုင်ငံအနှံ့၊ မြို့ပေါင်း ၉၀ ကျော်ကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုပေမယ့် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် ဝန်းကျင်တွေကသာ လတ်တလော စစ်မဲ့ဒေသအဖြစ် ကျန်နေရစ်သေးတယ်။ စစ်ရှောင်သူတွေရဲ့ အဓိက ခိုလှုံရာဟာ ဒီမြို့ကြီးတွေပဲ ဖြစ်တယ်။

တော်လှန်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေတွေဟာ တကယ့်တကယ်တော့ လုံးဝလွတ်မြောက်သွားတဲ့ နယ်မြေတွေ ဖြစ်မလာသေးသလို လူမှုဘဝ ဒုက္ခမျိုးစုံနဲ့ (ဗုံးလန့်) ကျီးလန့်စာစား နေထိုင်နေကြရဆဲ အခြေအနေမှာ ရှိနေသေးတယ်။

ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်မြို့ အများအပြားကို ထိန်းချုပ်ထားတယ်ဆိုပေမယ့် အဆင်ပြေ၊ တတ်နိုင်တဲ့ ရခိုင်မိသားစုတွေကတော့ ပိုပြီးလုံခြုံစိတ်ချရတဲ့ ရန်ကုန်ကိုပဲ ရွေးချယ် ရွှေ့ပြောင်းလာခဲ့ကြတယ်။ ဒေသမှာ ကျန်ရစ်နေကြသူတွေဟာ စွန့်ခွာဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အဆုံး ကျန်နေရစ်ခဲ့ကြသူတွေပါ။

ဒီအထဲမှာ ဝမ်းနည်းစရာ အကောင်းဆုံးက စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့က ဒေသခံတွေပါ။ သူတို့တတွေဟာ ဘယ်ကိုမှ ထွက်ခွာသွားလို့လည်းမရ၊ ဘာမှ လုပ်ကိုင်စားလို့လည်း မရ။ မြို့အနီးဝန်းကျင်မှာ လှောင်ပိတ်ခံထားရသလို ဖြစ်နေတယ်။ စစ်တွေမြို့ပေါ်က ငွေကြေးတတ်နိုင်သူတွေကတော့ မြို့အနီးကို စစ်မီးတောက် ကူးမလာခင်ကတည်းက မြို့ကို စွန့်ခွာတိမ်းရှောင်သွားခဲ့ကြပါပြီ။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးကြသူပေါင်း ၃.၅ သန်း ရှိတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် တိကျတဲ့ စာရင်းတော့ ဖြစ်နိုင်မယ်မထင်ဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူတွေရှိသလို ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားသူတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေ မခန့်မှန်းနိုင်အောင် ရှိခဲ့တယ်။

Gen-Z လို့ ခေါ်ကြတဲ့ ဆယ်ကျော်သက်လူငယ် အမြောက်အများ လက်နက်ကိုင်တော်လှန်ရေးထဲ ကူးပြောင်းရောက်ရှိသွားသလို စစ်မှုမထမ်းမနေရ အဓမ္မပြဋ္ဌာန်းချက်ကြောင့် ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ လူငယ်လူရွယ် လူသားအရင်းအမြစ် မရေမတွက်နိုင်အောင် ရှိခဲ့တယ်။

စနစ်တကျ ကောက်ယူထားတဲ့ ကိန်းဂဏန်း မရှိပေမယ့် အာဏာသိမ်းပြီး လေးနှစ်တာအတွင်း သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ ကိုးရီးယား၊ ဂျပန်၊ အာရပ်စော်ဘွားများနိုင်ငံ (UAE) အစရှိတဲ့ နိုင်ငံများကို ထွက်ပြေးခိုလှုံခဲ့ကြတယ်။

ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံသားအများစုရဲ့ ခိုလှုံရာဖြစ်နေပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၆ သန်းကျော် ရှိတယ်လို့ သိရတယ်။

စစ်အာဏာသိမ်း လေးနှစ်ကျော် ကာလအတွင်း တိုင်းပြည်ဟာ လုံးဝ ပျက်စီးသွားတယ်။ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးမှု၊ ရာဇဝတ်မှုမျိုစုံ နိုင်ငံအနှံ့၊ နေရာအနှံ့မှာ။ တရားဥပဒေစိုးမိုးမှု လုံးဝ ကင်းမဲ့သွားခဲ့တယ်။

အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး၊ အနိမ့်ကျဆုံး၊ ရာဇဝတ်မှု အထူပြောဆုံး၊ တဦးချင်းဝင်ငွေ အနည်းဆုံး။ တဦးချင်းဝင်ငွေအရ နံပါတ် (၁၀) အရှေ့တီမောက ၁,၄၅၀ ဒေါ်လာ။ နံပါတ် (၁၁) မြန်မာက ၁,၂၅၀ ဒေါ်လာ။

ပျက်သုဉ်းသွားတဲ့နိုင်ငံ (failed state) တခု၊ အဖက်ဖက်က ချည့်နဲ့ယိုယွင်းသွားတဲ့ နိုင်ငံတခုဟာ လေးနှစ်ကျော် ကြာလာတဲ့အခါ အသက်ငွေ့ငွေ့ရှူရင်း ဖုတ်လှိုက်ဖုတ်လှိုက်နဲ့တော့ ခရီးဆက်နေတုန်းပါ။

ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးဟာ အခုချိန်ထိတော့ စစ်မဲ့ဇုန်အဖြစ် လွတ်မြောက်နေဆဲပါ။ တနေရာရာကို ထွက်မပြေးသွားနိုင်ကြသူတွေဟာ ဒီမြို့တွေမှာပဲ ခိုလှုံနေကြရတယ်။ ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ စစ်အာဏာရှင်လက်အောက် ခေါင်းငုံ့သည်းခံနေကြရသူတွေ ရှိသလို ခေတ်အဆက်ဆက် အာဏာရှင်နဲ့ ပေါင်းစားနေကြသူတွေလည်း အခုချိန်မှာ ခေါင်းထောင်လာတာ တွေ့ရတယ်။

ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးဟာ အခုချိန်ထိတော့ စစ်မဲ့ဇုန်အဖြစ် လွတ်မြောက်နေဆဲပါ။ တနေရာရာကို ထွက်မပြေးသွားနိုင်ကြသူတွေဟာ ဒီမြို့တွေမှာပဲ ခိုလှုံနေကြရတယ်။ ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ စစ်အာဏာရှင်လက်အောက် ခေါင်းငုံ့သည်းခံနေကြရသူတွေ ရှိသလို ခေတ်အဆက်ဆက် အာဏာရှင်နဲ့ ပေါင်းစားနေကြသူတွေလည်း အခုချိန်မှာ ခေါင်းထောင်လာတာ တွေ့ရတယ်။

မှောင်တဝက်၊ လင်းတဝက်နဲ့ အသားကျလာတဲ့ ရန်ကုန်မြို့ဟာ ညနေစောင်းရင် တိတ်ဆိတ်သွားတတ်သလို ည ၇ နာရီဆို ဘတ်စ်ကားမှတ်တိုင်တွေမှာ လူသူကင်းမဲ့သလောက် ဖြစ်သွားပြီ။ တရားဥပဒေစိုးမိုးမှု မရှိလေတော့ မှတ်တိုင်မှာ ယောင်ချာချာဖြစ်နေတဲ့ လူငယ်တဦးဟာလည်း ရုတ်တရက် စစ်မှုထမ်း သားကောင်အဖြစ် ဖမ်းဆီးခံရနိုင်တယ်။

တချိန်တည်းမှာပဲ ဇိမ်ခံကား အကောင်းစားတွေ အစီအရီ ရပ်နားထားတဲ့ ဘားဆိုင်တချို့မှာ စည်ကားနေတာလည်း တွေ့ရတယ်။ စစ်တပ်အသိုင်းအဝန်းနဲ့ နီးစပ်တဲ့လူငယ်တွေ ပျော်ပါးကြတဲ့ ကလပ်တွေ၊ ဘားတွေကတော့ တညတာလုံး တံခါးမရှိ၊ ဓားမရှိ၊ ကြောက်ရမယ့်သူ မရှိ။ မူးယစ်ဆေးဝါးတွေ ပေါ်ပေါ်ထင်ထင် အသုံးပြုကြ။

အပေါ်ယံကိုကြည့်ရင် ရန်ကုန်ဟာ ဘာမှမဖြစ်သလို ဘာသိဘာသာပါ။ စနေ၊ တနင်္ဂနွေ ဂျန်းရှင်းစင်တာ၊ ဂျန်းရှင်းစကွဲယား၊ မြန်မာပလာဇာ၊ ရှော့ပင်းမောလ်တွေက စည်ကားမြဲ။ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်း၊ စမ်းချောင်း၊ တာမွေ၊ ကျောက်မြောင်း ညနေခင်းတွေဟာ စားသောက်ဆိုင်တွေ၊ လမ်းဘေးစာ ဆိုင်ကလေးတွေ၊ အကင်ဆိုင်၊ ဘီယာဆိုင်တွေ လူငယ်တွေနဲ့ စည်ကားနေမြဲပဲ။

အချိန်ကြာလာတဲ့အခါ လူတွေဟာ ဒဏ်ရာကို မေ့ထားချင်လာကြတယ်။ ဖိစီးမှုတွေကို သည်းမခံနိုင်တဲ့အခါ သက်သာရာကို ရှာဖွေလာကြတယ်။ အေးရာအေးကြောင်း လွတ်မြောက်ရာမှာ နေထိုင်ကြသူတွေလိုပဲ မလွတ်မြောက်သေးတဲ့ ပြည်တွင်းက လူတချို့လည်း စိတ်ထွက်ပေါက်ကို ရှာကြတာပါ။ ဒုက္ခတွင်းထဲ ပျော်နေကြသူတွေပေါ့။

အေးရာအေးကြောင်း ပြည်ပက လူတွေလိုပဲ မလွတ်မြောက်သေးတဲ့ ပြည်တွင်းက လူတွေလည်း စစ်အာဏာရှင်စနစ် ဘယ်တော့ကျဆုံးမလဲ မျှော်လင့်နေကြတာပါ။ ရွေးကောက်ပွဲကို စိတ်မဝင်စားတာ၊ စစ်သတင်းတွေဖတ်ပြီး ကီးဘုတ်ရှေ့ထိုင် လက်ခုပ်တီးကြတာချင်းလည်း အတူတူပါပဲ။ စစ်ကြီး မပြီးဆုံးသေးသရွေ့တော့ ရန်ကုန်ဟာ စစ်ပွဲထဲမှာပဲ ဖြစ်သလို ပျော်နေဦးမယ် ထင်ပါတယ်။

✍🏻နွေနေ

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်