အကြွေးသိန်းသောင်းချီချေးယူပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားတဲ့ Project K အဖွဲ့ဝင်ဟောင်း Morris မြန်မာပြည်သို့ ခပ်တည်တည်ဖြင့် ပြန်ရောက်နေထိုင်🙏🏻🙏🏻
နာမည်ကြီး Boy Band တစ်ခုဖြစ်တဲ့ Project K အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း Morris ဟာ လွန်ခဲ့တဲ့လေးနှစ်ကျော်က ငွေကြေးဆိုင်ရာ အရှုပ်အရှင်းတွေနဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးနောက် အခုအခါမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။
ဖြစ်စဉ်ရဲ့အစမှာတော့ Morris ရဲ့အမွှာညီအကိုတော်စပ်သူ ဘုန်းနေလင်းခိုင် က မြန်မာပြည်ပြန်ရောက်လာတဲ့အမှတ်တရအနေနဲ့ ” ၄ နှစ်ကြာမှ ပထမဆုံး ညီကိုနှစ်ယောက်အတူရိုက်တဲ့ ပုံ ” ဆိုပြီး ဆိုရှယ်မီဒီယာမှာ ဝမ်းသာအားရ တင်ပြလာခဲ့ပါတယ်။
အဲ့ဒီလို တင်လိုက်ချိန်မှာပဲ လွန်ခဲ့တဲ့လေးနှစ်ကျော်ကတည်းက ကျန်ရစ်ခဲ့တဲ့ အကြွေးရှင်တွေနဲ့ အနုပညာရှင်အသိုင်းအဝိုင်းကပါ Comment မှာ ဝိုင်းဝန်းတောင်းဆိုလာကြပါတော့တယ်။ “ဘယ်လိုဖြေရှင်းပေးမှာလဲ”၊ “စာပြန်ပါ”၊ “မသိချင်ယောင်မဆောင်ပါနဲ့” ဆိုပြီး ဝိုင်းဝန်းဖိအားပေးလာကြတာဖြစ်ပါတယ်။
ထိုအထဲမှာ “မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတယ်” ရုပ်ရှင်ကားကြီးရဲ့ ဒါရိုက်တာ PK မင်းချစ်သူ နှင့်ဇနီး တို့အပြင် အဆိုတော် ချမ်းမြေ့ဦး တို့လည်း ပါဝင်ပါတယ်။
* ဒါရိုက်တာကြီးဆီမှ – သိန်း ၁၀၀၀ ကျော်
* အဆိုတော် ချမ်းမြေ့ဦးဆီမှ – သိန်း ၄၀၀
* အခြားသော အကြွေးရှင်များဆီမှ – သိန်း ၁၀၀၀၊ ၅၀၀ စသဖြင့် လူပေါင်း များစွာဆီမှ အသီးသီး ချေးယူကာ ထိုင်းနိုင်ငံကို ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်ကျော်က သိန်းသောင်းပေါင်းများစွာ(သိန်း ၄၊ ၅ သောင်း )ဆိုတဲ့ ပမာဏဟာ ဒီဘက်ခေတ်ငွေကြေးဖောင်းပွမှုနဲ့ ဈေးကွက်တန်ဖိုးအရဆိုရင် အဆပေါင်းများစွာ ပိုမိုတန်ဖိုးကြီးမားနေပြီဖြစ်ပါတယ်။
သူ့ရဲ့ တိမ်းရှောင်သွားမှုကြောင့် ချွေးနည်းစာနဲ့ ရှာဖွေစုဆောင်းထားရတဲ့ ဘဝတွေ၊ ရင်းနှီးထားရတဲ့ အကြွေးရှင်တွေဟာ စိတ်ပူပင်သောကရောက်ပြီး ဆုံးရှုံးနစ်နာခဲ့ရသူတွေ မနည်းတော့ပါဘူး။
ဒါပေမဲ့ အခုချိန်မှာတော့ ဘာမှမဖြစ်ခဲ့သလိုလိုနဲ့ အားလုံးကို ဂရုမစိုက်ဘဲ ခပ်တည်တည်နဲ့ လူ့လောကထဲ ပြန်လည်နေထိုင်ဖို့ လမ်းစပြုနေပြီဖြစ်ပါတယ်။
အရင်က ဒီငွေတွေနဲ့ပတ်သက်ပြီး အကြွေးတွေယူပြီး ထွက်ပြေးစဉ်တုန်းကတော့ အမွှာညီအကိုရော မိသားစုကပါ “သူတို့နဲ့မဆိုင်ဘူး” လို့ ငြင်းဆန်ပယ်ချခဲ့ကြတာဖြစ်ပြီး၊ အခုလို အကြွေးရှင်တွေ အခက်အခဲဖြစ်နေချိန်မှာတော့ အကိုဖြစ်သူက တစုံတစ်ရာတာဝန်ယူဖြေရှင်းပေးဖို့ထက် ဝမ်းသာအားရနဲ့ ပြန်လည်ကြိုဆိုနေကြပြန်ပါတော့တယ်။



Leave a Reply