📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ကိုငြိမ်းမောင် ကျေးဇူးနဲ့ ကမ္ဗည်းစံချိန်သစ် ရေးထိုးနိုင်ခဲ့တဲ့ “အမွေ” ရုပ်ရှင်ဇာတ်ကားကြီး

နေအောင်ပါဝင်တဲ့ “အ​မွေ”ရုပ်ရှင် ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်

စစ်မှူထမ်းတာကို ထောက်ခံပြောဆိုခဲ့တဲ့ ရုပ်ရှင်မင်းသား နေအောင်ပါဝင်ထားတဲ့ “အမွေ” ရုပ်ရှင်ဇာတ်ကားဟာ ပထမရက်မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်သွားခဲ့ကြောင်း ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်မှာ စတင်ရုံတင်ပြသတဲ့ ဒါရိုက်တာ သြရသ ရိုက်ကူးပြီး နေအောင်၊ နေတိုး၊ ဇင်အောင်၊ နော်ဖော်အယ်ထားတို့ပါဝင်ထားတဲ့”အမွေ” ရုပ်ရှင်ဇာတ်ကားဟာ စတင်ပြသတဲ့ ဒီကနေ့မှာတင် ဝင်ငွေအနည်းဆုံး စံချိန်တင်သွားခဲ့တာဖြစ်ကြောင်း ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

“မြန်မာ့ရုပ်ရှင်လောကရဲ့ ဝင်ငွေစံချိန် အနည်းဆုံးကား အဖြစ် စံချိန်တင်သွားပြီဖြစ်။ နာမည်ကြီး မင်းသား နေတိုး ပါသည့်တိုင် ၊ နာမည်ကြီး ဒါရိုက်တာ သြရသ ရိုက်ကူးသည့်တိုင် ကို နေအောင်ကြောင့်ဖြစ်သွား..”လို့ မြန်မာ့ရုပ်ရှင်လောကသားတစ်ဦးက ပြောပါတယ်။

အမွေရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသူ ဒါရိုက်တာ သြရသဟာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သူဖြစ်ပြီး သူရိုက်တဲ့ ဇာတ်ကားအများစုဟာ ဝင်ငွေစံချိန်တင်တာ၊ ထိုက်သင့်တဲ့ဝင်ငွေရရှိတာတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

အလားတူ အမွေဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသား နေတိုးဟာလည်း လက်ရှိ ထိပ်တန်းသရုပ်ဆောင်ဖြစ်ပြီး သူရဲ့အရင်ကရုံတင်ဇာတ်ကား​တွေဟာ အခုဇာတ်ကားလောက် ဆိုးဆိုးရွားရွား စံချိန်တင် ဝင်ငွေအနည်းဆုံးဖြစ်တာမျိုး မရှိဖူးဘူးလို့ ရုပ်ရှင်လောကနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

နေအောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ စစ်မှုထမ်းတာနဲ့ ပတ်သက်ပြီး ထောက်ခံပြောဆိုခဲ့လို့ ပြည်သူ​တွေကအပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

“လူတွေက မြန်မာတစ်ပြည်လုံးပေါ့။ ကြောက်လို့ပြေးကြနိုင်ငံခြားပြေးကြနဲ့ အများကြီးပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အသက်မစွန့်ချင်ကြဘူးလား။ အသက်လည်း မစွန့်ခိုင်းပါဘူး။ ဒီမြေရယ်၊ ဒီရေရယ်၊ ဒီလေရယ်ရှုပြီး ဒီတိုင်းပြည်အတွက် ဘာမှအကျိုးမပြုရင် အဲဒီလူယောကျာ်း၊ အဲမိန်းမ ဘာဖြစ်သွားမှာတုန်း။ ကိုယ့်ဟာကို စဥ်းစားဖို့မေးတာနော်။ ကျွန်တော်မပြောဘူး။ ကျွန်တော်တို့ စစ်သား သားသမီး သတ်လည်းသေသွားမယ်။ စစ်တပ်မှားတယ်မှန်တယ် ကျွန်တော်မသိဘူး။ ယူနီဖောင်းမြင်ရင်ကိုချစ်တာလေ။ ဝင်ချင်တယ်ညီကိုနှစ်ယောက်လုံး။ မာမီကပေးမဝင်ဘူး”လို့ ပြောခဲ့ပါတယ်။

အဆိုပါဇာတ်ကားကို အာဏာသိမ်းခေါင်းဆောင်သမီး ခင်သီရိသက်မွန်ရဲ့ စီးပွားဖက် ရွှေမန်း ရဲ့ ခတ္တိယရုပ်ရှင်ထုတ်လုပ်ရေးနဲ့ MRTV-4 တို့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ကြောင်း သိရပါတယ်။

စစ်တပ်နဲ့ နီးစပ်သူ​တွေရဲ့ ရုပ်ရှင် ဇာတ်ကားဖြစ်တာမို့ မင်္ဂလာရုပ်ရှင်ရုံအုပ်စု ၊ Junction ရုပ်ရှင်ရုံ​တွေမှာပြသတဲ့ J cineplex စတဲ့ရုပ်ရှင်ရုံ​တွေ အကုန်လုံးက ရုံတင်ပြသ​ပေးခဲ့ကြ​ပေမယ့် ကြည့်ရှုသူစံချိန်တင်နည်းပြီး ရုံဝင်​ငွေအနည်းငယ်ပဲရကာ အနည်းဆုံးစံချိန်တင်ခဲ့တာလို့ ရုပ်ရှင်​လောကသားအချို့က​ပြောပါတယ် ။

(စစ်တပ်​ထောက်ခံသူ​တွေ နဲ့ မင်း​အောင်လှိုင်သမီးမိတ်​ဆွေ​ ရွှေမန်းရဲ့ ရုပ်ရှင်ထုတ်လုပ်​ရေးက ရိုက်ကူးတဲ့အ​မွှေ ဇာတ်ကား​ကြော်ငြာဓါတ်ပုံ)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်