မြင်းခြံ ခမရ ၁၅ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်

မြင်းခြံမြို့၊ ခမရ ၁၅ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်ရှိ ခမရ ၁၅ တပ်ရင်း စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၇ ရက် ညနေ ၃ နာရီ ၂၀ မိနစ်က မြင်းခြံမြို့ရှိ တပ်မ- ၉၉ လက်အောက်ခံ ခမရ- ၁၅ ခြေမြန် တပ်ရင်းရှိ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ပြောက် ကျားစနစ်ဖြင့် အနီးကပ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“မြင်းခြံမြို့၊ ခမရ ၁၅ ဂိတ်ကို ဝင်ပစ်တာ၊ ခွေး ၃ ကောင်သေတယ်၊ အဓိကတိုက်တွန်းချင်တာက ပြည်သူတွေအားတင်းထားဖို့ပါပဲ၊ အချိန်တန်ရင် မြို့ပြတွေကို ဝင်နိုင်အောင်ကြိုးစားသွားမှာပါ၊ အဲဒါ ကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေး ဆေးဝါးတွေ ဆောင်ထားကြဖို့ တိုက်တွန်းချင်တယ်၊ ပြီးရင် ဘယ်လောက်ပဲ စိတ်ဓာတ်ကျကျ တော်လှန်ရေးကို လက်မလျော့ပဲနဲ့ နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါ ဝင်ပေးဖို့ပါ” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်ဖွဲ့ ၊ Anyar Federal Task Force (AFTF) နှင့် ဝံပုလွေ ပျောက်ကြား အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *