ဝမ်းတွင်းတွင် စစ်မှုထမ်းရမည့် လူငယ် စာရင်းကောက်ခံနေသော အုပ်ချုပ်ရေးမှူး ဌေးမောင်နှင့် ရပ်ကျေး စာရေး မျိုးဇင်ဝင်း တို့ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်မှုထမ်းရမည့် လူငယ်စာရင်းများ ကောက်ခံနေသော ကျေးရွာအုပ်ချုပ်ရေးမှူး ဌေးမောင်နှင့် ရပ်/ကျေး စာရေး မျိုးဇင်ဝင်း တို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်အချိန် ဝမ်းတွင်းမြို့နယ်၊ ရိုးကန်ကျေးရွာတွင် နေထိုင်သော အုပ်ချုပ်ရေးမှူး ဌေးမောင် နှင့် ထွေ/အုပ်မှ ရပ်ကျေး စာရေး မျိုးဇင်ဝင်း တို့ကို ၎င်းတို့နေအိမ်အတွင်း အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဌေးမောင်နှင့် စာရေး မျိုးဇင်ဝင်းသည် ကျေးရွာအုပ်စု အတွင်းရှိ စစ်မှုထမ်းရမည့် လူငယ်များ၏ စာရင်းများကို ကောက်ခံရတွင် ဦးဆောင်ပါဝင်ပြီး အကြမ်းဖက် စစ်တပ်ကိုလည်း လစဉ် စစ်မှုထမ်းလူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ပို့ဆောင်ပေးနေသူဖြစ်ကြောင်း၊ ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းပြီး အကြမ်းဖက် စစ်တပ်ထံ သတင်းပေးပို့ နေသူများဖြစ်ကြောင်း သိရှိရသည်။

“ပစ်ခတ်ခံရလို့ သေသွားတဲ့ စစ်ခွေးခန့် အုပ်ကြီးနဲ့ စာရေးက တော်တော်ဆိုးတဲ့ ကောင်တွေပါ။ စစ်မှုထမ်း အတွက် လူစုပေးတာတွေ စာရင်း ကောက်ပေးတာတွေကို လုပ်ဆောင်နေတာ စစ်မှုထမ်းကြေးဆိုပြီးတော့လည်း ကောက်တာတွေလည်းလုပ်ပါတယ်။ နောက်ပြီး သူတို့က တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း လိုက်စုံစမ်းပြီး စစ်ခွေးတွေကို ဖုန်းနဲ့ လှမ်းပြီးတော့ သတင်းပို့တာတွေလည်း လုပ်ပါတယ်။ ပြည်သူတွေကိုလည်း ခြိမ်းခြောက်ပြောဆိုတာတွေလည်း လုပ်ပါတယ်” ဟု ဒေသခံပြည်သူ က ပြောဆိုသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *