ဘာသာ​ရေးအ​ဆောက်အအုံအချို့ပျက်စီး

စစ်ကောင်စီက မင်းကွန်းပုထိုးတော်ကြီးအနီးရှိ ၎င်းတို့၏ စစ်စခန်းဟောင်းနေရာကို မတ်လ၁၉ ည၌ လေကြောင်းမှဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများကပြောသည်။

“သူတို့စခန်းဟောင်းကို သူတို့ ပြန်ကြဲတာ။ မှားကြဲတာလို့ ထင်တယ်။ အဲ့ဒီမှာ PDFတွေ ရှိမနေပါဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်တပ်က မတ်လ ၁၉ ရက်ညတွင်လေကြောင်းတိုက်ခိုက်သည့် နေရာသည် မင်းကွန်းပုထိုးတော်ကြီး အနောက်ဘက် မနောမယတောင်ကုန်းမှ စစ်ကောင်စီစခန်းဟောင်းနေရာဖြစ်သည်။

လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် လူထိုခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံအချို့ ပျက်စီးခဲ့သည်။

မင်းကွန်းပုထိုးတော်ကြီးနှင့် မနောမယတောင်ကုန်းသည် ကိုက် ၁၀၀၀ ခန့်သာ ဝေးသည်။

“လက်ရှိကမင်းကွန်းနယ်ကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးချင်နေတာ။ PDFတွေက စောင့်ဖြတ်တိုက်နေလို့ရှေ့မတိုးနိုင်တဲ့အနေအထားပါ။ အခြေအနေက လုံခြုံရေးစိတ်မချရပါ”ဟု ဒေသခံတဦးကပြောသည်။

မင်းကွန်း​ဒေသသည် ဒုတိယကမ္ဘာစစ် ကာလတွင် ဖက်ဆစ်ဂျပန်တပ် များက​ရော ၊ ဗြိတိသျှ ကိုလိုနီတပ်များကပါ ​စေတီ၊ ပုထိုးများစွာရှိ​သော သာသနနယ်​မြေဖြစ်သည့် မင်းကွန်း​ဒေသကို ဗုံးမကြဲ၍ မန္တ​လေးမြို့မှ​ ဒေသခံများ စစ်​ရှောင်ကြ​သော​နေရာဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်​ကောင်စီကမူ သာသနာ့ နယ်​မြေပါမ​ရှောင် ဗုံးကြဲ​နေခြင်းဖြစ်​ကြောင်း​ဒေစခံတစ်ဦးက​ပြောသည်။

မင်းကွန်းတွင် ၂၀၂၄ ဩဂုတ်လမှစတင်ပြီး တိုက်ပွဲမကြာခဏဖြစ်နေကာယနေ့အထိစစ်ရေးအခြေအနေ လှုပ်ရှားမှုများရှိနေသည်ဟု စစ်ရှောင်ခဲ့သာ ဒေသခံများကပြောသည်။

၂၀၂၄ သြဂုတ် ၂၂ ရက်က နံနက် ၉ နာရီခန့်က မင်းကွန်းမြသိန်းတန်ဘုရား၌ တပ်စွဲထားသည့် အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ရဲဘော်၂ ဦးဒဏ်ရာရခဲ့သည်။

၂၀၂၄ အောက်တိုဘာလ ၁၆ရက်ကလည်း မင်းကွန်း ပုထိုးတော်ကြီး အနီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသေည စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

လက်ရှိစစ်ရေးအခြေအနေအရ မင်းကွန်းဒေသတစ်ခုလုံး သတိပြု နေကြရကြောင်း ဒေသခံအချို့ကပြောသည်။

(မင်းကွန်း​ဒေသတွင် ​စစ်​ကောင်စီ၏လေ​ကြောင်းတိုက်ခိုက်ခံရပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *