ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ တွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ဆက်တွဲ အမြန်လမ်းရဲမှူးကြီးနှင့် နယ်မြေခံ စစ်ဒေသမှူးတို့ကို စစ်ကောင်စီက သတိပေး ကြိမ်းမောင်း (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ ပေါ်တွင် တိုက်ခိုက်မှု ဖြစ်ပွားမှု၏ နောက်ဆက်တွဲ အမြန်လမ်းရဲမှူးကြီးနှင့် နယ်မြေခံ စစ်ဒေသမှူးတို့ကို လုံခြုံရေး ပေါ့လျော့မှုဖြင့် စစ်ကောင်စီက သတိပေး ကြိမ်းမောင်းကြောင်း နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရဲကား ၁ စီး၊ အိမ်စီးကား ၂ စီးဖြင့် ကင်းပတ်ရန် ထွက်လာစဉ် နွားထိုးကြီး PDF နှင့် တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့မှုဖြစ်ပွားခဲ့ပြီး ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရန်ကုန်- မန္တလေး အမြန်လမ်းတွင် ၁ နာရီနီးပါး ယာယီ လမ်းပိတ်ဆို့လိုက်ရပြီး ကားများ ရပ်တန့်ခဲ့ရကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် စစ်တပ်က လာရောက်၍ မိုင်တိုင်အမှတ် ၃၁၉ ပတ်ဝန်းကျင်သို့ နယ်မြေရှင်းလင်းမှုများနှင့် ကင်းပုန်းဝပ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အမြန်လမ်းမှာ ဖြစ်တဲ့တိုက်ခိုက်မှုကြောင့် သက်ဆိုင်ရာ အမြန်လမ်း ရဲမှူးကြီးနဲ့ နယ်မြေခံ စစ်ဒေသမှူးတို့ သတိပေး ကြိမ်းမောင်းခံရပါတယ် ။ နဂိုကတည်းက လုံခြုံရေး တင်းကျပ်ထားဖို့ ညွှန်ကြားတဲ့ကြားထဲက ဖြစ်လို့ အခုလို သတိပေးခံရတာပါ။ အခုတော့ ပြင်စည် ရဲကင်းစခန်းနဲ့ ပတ်ဝန်းကျင်မှာ ကင်းပုန်းတွေ ချထားပါတယ်” ဟု နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ အမြန်လမ်းမှ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်း (နွားထိုးကြီး PDF) နှင့် မဟာမိတ်ဖြစ်သော မြစ်သားမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗီဒီယို- ယမန်နေ့ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၉ မှ တိုက်ပွဲ မြင်ကွင်း။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *