အင်းစိန်မြို့နယ် အမှတ် ၂ မှူခင်းရဲတပ်ဖွဲ့ CID ရုံးကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အောင်မင်္ဂလာဒုံလမ်းမကြီးဘေးရှိ အမှတ် ၂ မှုခင်းရဲတပ်ဖွဲ့ခွဲ မှုခင်းရဲတပ်ဖွဲ့ (Criminal Investigation department) CID ရုံးကို အဝေးထိန်းမိုင်းအကြီးစားနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကင်းသမား အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Rangoon Urban Column အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ည ၈ နာရီအချိန် CID ရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာ ရရှိသူကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
အင်းစိန်မြို့နယ်မှ ဒေသပြည်သူတစ်ဦးကမူ ယမန်နေ့ည ၈ နာရီ ၃၀ မိနစ်ဝန်းကျင် အောက်မင်္ဂလာဒုံလမ်းမကြီးတွင် ရဲနှင့်စစ်တပ်များက ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ကို မြင်တွေ့ရကြောင်း ပြောဆိုသည်။
“ပေါက်ကွဲမှု ဖြစ်တာလား ဘာလားတော့ သေချာမသိဘူး။ မနေ့ည ၈ နာရီခွဲလောက်မှာ CID ရုံးရှေ့နဲ့ ရုံးနီတစ်ဖက်ခြမ်းမှာ စစ်ကား၊ ရဲကားတွေနဲ့ အိမ်စီးကားတွေ တက္ကစီတွေကို အကုန်စစ်နေတာ။ ည ၉ နာရီလောက်အထိ စစ်ဆေးသွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။
ရန်ကုန်တွင် နေထိုင်သူ ပြည်သူများအနေနှင့် မြေပြင်သတင်းပေးအင်အားကောင်းစေရန်အတွက် Rangoon Urban Column ၏ တယ်လီဂရမ်ဖြစ်သည့် @RUC_info ကို ဆက်သွယ်၍ မြေပြင် သတင်းအချက်များ ပေးပို့ကြရန်လည်း Rangoon Urban Column အဖွဲ့က မေတ္တာရပ်ခံထားသည်။


Leave a Reply