ချောင်းဦးတွင် စစ်ကြောင်းထိုးရန်ထွက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၃ ဦး သေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိပြီးနောက် ပြန်လည်ဆုတ်ခွာထွက်ပြေးသွား

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်း သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိ၍ ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွားကြောင်း သိရသည်။

ချောင်း ဦးမြို့နယ်၊ နတ်ရေကန်တပ်စခန်းမှ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ချောင်းဦး မြို့အတွင်းမှ အင်အား ၄၀ ခန့်ပါစစ်ကြောင်းတို့သည် ပြီးခဲ့သည့် မတ် ၁၆ ရက် နံနက်ပိုင်းက မုံရွာ-မန္တလေး လမ်းအတိုင်း စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးပူး ပေါင်းတပ်မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း လျှပ်စီးတပ်ခွဲ မုံရွာခရိုင် ၁၂ တပ်ရင်း တပ်ခွဲ-၃ ထံက သိရသည်။

“ထွက်လာတဲ့ပူးပေါင်းစစ်ကြောင်းကို မြို့အရှေ့ဘက် နှစ်မိုင်အကွာမှာ ရဲဘော်တွေက ချောင်းဦးက ထွက်လာတဲ့အဖွဲ့ကို ၇ လုံးတွဲမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်လိုက်ချိန်မှာ ဒဏ်ရာရပြီးထွက်ပြေးကြတယ်။ ပြီးတော့ပြန် လည်စုဖွဲ့နေတာ စစ်ကြောင်းက အဲဒီချိန်မှာ ဒရုန်းနဲ့ ထပ်တိုက်ခိုက်ချိန်မှာ သေဆုံးတာပါ”ဟု မုံရွာခရိုင် ၁၂ တပ်ရင်း တပ်ခွဲ-၃ လျှပ်စီးတပ်ခွဲမှ ကိုမိုးကြိုးက ပြောသည်။

ယင်းသို့ ဒရုန်းဖြင့် လိုက်လံတိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်သားများသည် အဆောက်အဦ တစ်ခုအတွင်းသို့ ဝင်ရောက်ပုန်းအောင်းနေစဉ် တော်လှန်ရေးတပ်ဖွဲ့များက အာပီဂျီ၊ ၄၀ မမ ဗုံးသီး ၄ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းကို တောက်လျှောက်လိုက်လံတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ သုံး ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရ၍ လမ်းပိုင်းတွင်သွားလာနေသည့် ပြည်သူပိုင်ကားများကိုတား၍ နတ်ရေကန်တပ်စခန်းသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။

“တိုက်ခိုက်မှုက နှစ်နေရာပါ။ ဒဏ်ရာရတဲ့ကောင်တွေက ခြေပြတ် လက်ပြတ်တွေများပါတယ်။ မအူဂိတ်ကနေ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ရော စက်တပ်လေထီးတွေနဲ့ပါ ပစ်ကူပေးတာရှိပေမယ့် ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိခဲ့ပါဘူး။ လက်နက်ငယ်တွေနဲ့ အချင်းချင်း လှမ်းပစ်ခတ်ကြပါသေးတယ်”ဟု ကိုမိုးကြိုးက ပြောသည်။

တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် ပ.က.ဖ ဒရုန်းလက်ရုံးတပ်ဖွဲ့၊ ငမိုးရိပ်စစ်ကြောင်း ( မုံရွာခရိုင် ပ.က.ဖ လက်ရုံး စစ်ကြောင်း) Nway Oo Brothers Column တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုပ်သံ – လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် ပ.က.ဖ ဒရုန်းလက်ရုံးတပ်ဖွဲ့

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *