ကနီမြို့ဘောလုံးကွင်းထဲဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဟတ်ယာဉ်ကို ဒရုန်းဗုံးသီးနဲ့တိုက်ခိုက်ရာ ရဟတ်ယာဉ်မောင်းပြေး

အကြမ်းဖက်စစ်ကောင်စီတပ် အင်အား (၂၀)ပါ MI-17 ရဟတ်ယာဉ်ကို ကနီမြို့မှာ တပ်ချိန်းဖို့ ဘောလုံးကွင်းအတွင်းဆင်းချိန်ဒရုန်း ၂ စီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာတပ်မချိန်းနိုင်ဘဲ ရဟတ်ယာဉ်ကို မောင်းပြေးသွားတယ်လို့ ကျောက်လုံးကြီး PDFက ထုတ်ပြန်ပါတယ်။

မတ် ၁၉ရက် ညနေ ၅နာရီလောက်မှာ မုံရွာမြို့ အကြမ်းဖက်စစ်တပ်ရဲ့ နမခမှ တက်လာတဲ့ အင်အား (၂၀) ပါ MI-17ရဟတ်ယာဉ်ဟာ ကနီမြို့ကို တပ်ချိန်းဖို့ ဘောလုံးကွင်းအတွင်းဆင်းချိန်မှာ ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့က Fixed Win ဒရုန်း ၂ စီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းဗုံးသီးများပေါက်ကွဲမှုကြောင့် “လေကာကင်းစောင့်များ ထိခိုက်မှုရှိပြီး အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပါ။ တပ်တွင်းသတင်းတခုအရ နမခတိုင်းမှူးဝက်ဘီးလူးမျိုးမင်းထွေးကျောင်းသားဘဝက ကနီမြို့ အထက တွင်ပညာသင်ယူခဲ့ဘူးပြီးအဲဒီတိုက်ခိုက်ခံရမှုကို ဒေါပွနေတယ်” လို့ ကျောက်လုံးကြီး PDFက ပြောပါတယ်။

အဲဒီလို ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့က ဗုံးသီးချ တိုက်ခိုက်မှုကြောင့် ကနီမြို့မှာရှိတဲ့ အကြမ်းဖက် ဗိုလ်မှူး၊ဒရုန်းဗိုလ်တွေကို ရဟတ်ယာဥ်ပေါ်မတင်ဆောင်နိုင်ဘဲ ပြန်တက်သွားတယ်လို့ ကျောက်လုံးကြီး PDFက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *