အင်းတော်သို့ စစ်ကူလာသော အင်အား ၁၅၀ ပါ စစ်တပ်ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်

အင်းတော်သို့ စစ်ကူလာသော အင်အား ၁၅၀ ပါ စစ်တပ်ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ အရာရှိနှင့်စစ်သား ၃၃ ဦးသေဆုံးပြီး ၃၁ ဦး အရှင်ဖမ်းမိ၊ လက်နက် ၅၄ လက် သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်သို့ စစ်ကူလာသော စစ်တပ်ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိနှင့်စစ်သား ၃၃ ဦးသေဆုံးပြီး ၃၁ ဦး အရှင်ဖမ်းမိကာ လက်နက် ၅၄ လက် သိမ်းဆည်းရရှိကြောင်း အမှတ် ၁ စစ်ဒေသ က သတင်းထုတ်ပြန်သည်။

မတ်လ ၁၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်တွင် ကသာမြို့ ခမရ-၃၀၉ မှ ထွက်လာသော စစ်ကောင်စီစစ်‌ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်တပ်စစ် ကြောင်းမှာ ဗိုလ်မှူး လင်းထက် ဦးစီးပြီး ခမရ ၁၀၆၊ ခမရ ၃၀၉၊ ခလရ ၆ တို့ ပူးပေါင်းထားသော အင်အား ၁၅၀ ခန့်ပါသော စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ ပူးပေါင်းစစ်ကြောင်းကို KIA၊ KPDF၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖ နှင့် ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရကြောင်း၊ စစ်သုံ့ပန်းအဖြစ် စစ်သား ၃၁ ဦး ဖမ်းဆီးရမိကြောင်း၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ထံမှ လက်နက် ၅၄ လက် သိမ်းဆည်းရရှိရာတွင် MA-1 ၂၉ လက်၊ MA-2 ၆ လက်၊ MA-3 ၁၂ လက်၊ MA-4 ၃ လက်၊ MA-11 ၁ လက်၊ MA-15 ၁ လက်၊ Anti Drone Gun ၁ လက်၊ MA-10 ဗုံးသီး ၃၇ လုံး၊ MA ကျည် ၈၀၀၀ တောင့်၊ MA-15 ကျည် ၂၀၀၀ တောင့်၊ ၆၀ မမ ဗုံး ၁၇ လုံး၊ ကျည်အိမ် ၁၁၃ ခု၊ ကျောပိုး Jammer ၁ ခု၊ ဆက်သွယ်ရေးစက် ၁ လုံး၊ အထိုင်ဖုန်း ၁ လုံး၊ ကျည်ကာဦးထုပ် ၁၂ လုံး သိမ်းဆည်းရမိကြောင်း သိရှိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *