စစ်ခေါင်းဆောင်က ခြေတုလက်တုလုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာကို သုဓမ္မမဏိဇောတဓရ ဂုဏ်‌ထူးဆောင်ဘွဲ့ပေးအပ်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အတိုအပြတ်များနေချိန်တွင် စစ်ခေါင်းဆောင်က ခြေတုလက်တုလုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာကို သုဓမ္မမဏိဇောတဓရ ဂုဏ်‌ထူးဆောင်ဘွဲ့ပေးအပ်

တိုက်ပွဲများ နိုင်ငံအနှံ့ဖြစ်ပွားလာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနှင့် ကျိုးကန်း၊ ပြတ်တောက်မှု(အတိုအပြတ်) များနေချိန်တွင် စစ်ခေါင်းဆောင်က ခြေတု၊လက်တုတပ်ဆင်သည့် ကုမ္ပဏီဒါရိုက်တာဖြစ်သူကို ဂုဏ်ထူး‌ဆောင်ဘွဲ့တံဆိပ် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသားတစ်ဦးတည်းပိုင် သန်းကြွယ်ကမ္ဘာကုမ္ပဏီလီမိတက်၊ သိန်းသန်းစက်မှုလက်မှု၊ 777 ခြေတုလက်တုလုပ်ငန်း၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာသန်းထွန်းဦးကို စစ်ကောင်စီက သုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်တော် ပေးအပ်ချီးမြှင့်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့က ကျရောက်သော ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့တွင် ဒေါက်တာသန်းထွန်းဦးကို သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာသန်းထွန်းဦးသည် ဗုဒ္ဓကလျာဏယု၀အသင်း (YMBA) ၏ ဒုတိယဥက္ကဋ္ဌများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ၁၉၈၀ တွင် ခြေတုလက်တု လုပ်ငန်းကို စတင်တည်ထောင်ခဲ့ကာ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်း(ဗဟို) အဖွဲ့ကို ဆက်သွယ်၍ ခြေတု လက်တု လှူဒါန်းမှုများကို လုပ်ဆောင်ပေးနေသူဖြစ်ကြောင်းသိရသည်။

ပုံစာ-စစ်ခေါင်းဆောင်၏ သုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရ​သည့် ဒေါက်တာသန်းထွန်းဦး

Comments

Leave a Reply

Your email address will not be published. Required fields are marked *