ရွှေဘ ခေတ်ကုန်သွားပြီ။

မင်းသားရွှေဘက အစပိုင်းခံလိုက်ရပြီးနောက်ပိုင်း အမြဲနိုင်တာ။ သူတို့လဲ အဲ့ဒီလို ဖြစ်မယ်လို့ ထင်နေတာ။

မဟုတ်‌တော့ဘူး ရွှေဘခေတ်ကုန်သွားပြီ။

ရောင်စုံ သူပုန်ခေတ်၊
စီစီဝမ် တာပန် ခေတ်၊
မိုင်းယမ်းမဲသ‌ဝေါ
အာ့တွေနိုင်ခဲ့တော့ အခုလဲ သူတို့ပဲ နိုင်မယ်ပေါ့။

ရောင်စုံသူပုန်ခေတ်က
စဝ်တပ်မှာ ဗိုလ်မှူးချုပ်ကျော်ဇောတို့က ဦးစီး၊အငယ်ပိုင်း ဘဘ ဦးတင်ဦးလို အရာရှိတွေ။
တကယ် အရည်အချင်းရှိတယ်။

စီစီဝမ် တာပန် ခေတ်မှာ ဦးစီး က ဘဘ ဦးတင်ဦး။အငယ်ပိုင်းက ကိုလေး။

မိုင်းယမ်းမဲသဝေါ ကျတော့ ဦးစီးက (သူတို့ ဖြုတ်ထုတ်သတ်ထဲ ပါသွားတဲ့)
တွင်း ၂ တင်ဦး။
သူ့လိုပဲ စဝ်တိုက်တတ် တဲ့ သဟသရ စစ်မောင်၊ လွန်းမောင် အကုန်ပါသွားတာ။
မိုင်းယမ်းမဲသဝေါ တုန်း အငယ်ပိုင်းက ရွှေမန်း။

အရေးအကြိးဆုံး အချက် ၂ ချက်ရှိတယ်။
ပထမက အဲ့ဒီအချိန်တုန်းက ပြည်သူက သူတို့ ဘက်မှ နည်းနည်းဖြစ်ဖြစ်ရှိသေးတယ်။
အခု လုံးဝ မရှိတော့ဘူး။

ဒုတိယ အချက် အဲ့ဒီအချိန်တုန်းက စဝ်တပ်ထဲမှာ တကယ် လုပ်ရည်ကိုင်ရည် ရှိတဲ့သူတွေ ရှိသေးတယ်။

နောက်ဆုံး နအဖ၊ နဝတ ခေတ်မှာတောင် အတော်အသင့်အရည်အချင်းရှိတဲ့သူတွေ အုပ်စုလိုက်ကြီးရှိသေးတယ်၊
ကျော်ဘ၊ ထွန်းကြည်၊ မြင့်အောင်၊ ချစ်ဆွေ၊ သူတို့က အောက်က တပ်ကိုပိုင်တယ်။
မောင်အေးတောင် တပ်ကို အတော်ပိုင်တယ်။
သူတို့လဲ စားတယ်၊ ခိုးတယ်။
အခြေခိုင်မှ စခိုး တာ။
အခုကောင်တွေက မဖြစ်ခင်က ခိုးနှင့်သည် တွေ။

မြန်မာ့ အာဏာရှင် သမိုင်းမှာ
ဘယ်သူဌေးမှ အာဏာရှင်ဖြစ်လာတယ်ဆိုတာ မရှိဘူး။
အကုန်လုံးက အောက်ခြေက တက်လာတာ။ အနည်းဆုံးအောက်သက်တော့ ကြေတယ်။

အခုခေတ် ဖြစ်နေတဲ့ ရာထူးကြီးလယ်ဗယ်တွေကိုကြည့်။
တစ်ယောက် စဝ် မတိုက်ဖူးဘူး။
မအလ လဲ စဝ်မတိုက်ဖူးဘူး။
စဝ်မတိုက်ရအောင် ဗမခ ဖြစ်တဲ့အချိန် ကျောင်းအုပ်ကြီးဝင်လုပ်တာ။
အကုန်လုံးက စဝ်ထဲဝင်တာ ခိုးဖို့ ဝင်လာတာ။

သန်းရွှေ တို့ မောင်အေးတို့ဟာ
အာဏာရှင်ဖြစ်ပြီးတဲ့နောက်မှ ခိုးစားရတာကို အရသာတွေ့လာတယ်။
ဒီတော့ သူတို့ နောက်ပိုင်း သူတို့ ကို မလှန်နိုင်အောင် ထားခဲ့တဲ့ မအလကိုလဲ ခိုးတတ်အောင် သင်ပေးခဲ့တယ်။
ဖအေထက်သားတလကြီး မအလ ကလဲ အာဏာ မရခင်ကတည်းက
ဘီလျံနာကြီးဖြစ်ပြီးသား။
အခုကျမှ ဗခ မြင့်ကျော်ထွန်းလို လူကို ဖမ်းပြတယ်။
ခိုးလို့သာ ဖမ်းကြေးဆို ရှိသမျ ဗခ တွေ အကုန်
မအလ က စပြီး အကုန်လုံးကို ဖမ်းရမှာ။
ဒီအောက်ဖဲတွေ အကုန်လုံးကို စဝ်တပ်ထဲမှာ ဗက လောက် ကစပြီး အကုန်သိတယ်။
စစ်တပ် ရဲ့‌ အောင်စိတ် မရှိတာ အဲ့ဒီကလာတာ။

အောင်စိတ်မရှိပဲ ခိုးစိတ်ပဲ ဝင်နေတာ။
အကုန်လုံးက ခိုးမယ်ဆိုတာချည်းပဲ ရှိတော့တာ။

သူတို့ ပြောတဲ့ ပဒက်ဆိုတဲ့သူတွေက ဖြဲမယ် ဆိုတချည်းပဲ။
အဲ့ဒါကြောင့် တလရဘက် လူတွေကိုလဲ သူခိုးသေဖော်ညှိပြီး သူတို့လဲခိုးတာပဲ ဆိုပြီး မြေပြင်နဲ့ ဦးဆောင် သူတွေကို သွေးခွဲနေတာ။

ဘာလုပ်လုပ်မရတော့ဘူး။
သူတို့ ဘာလို့ မနိုင်တာလဲဆိုတော့
❌သူခိုး စဝ်တိုက်လို့ စဝ်နိုင်တယ်ဆိုတာ မရှိလို့ပဲ။ ရာဇဝင်မှာလဲ မရှိဘူး၊ အခုလဲ ရှိမှ မဟုတ်ဘူး။

❌ရွှေဘ ခေတ်ကုန် သွားပြီ၊❌
ငတက်ပြားခေတ် ရောက်နေပြီ။
ငတက်ပြား စဝ်တိုက်လို့ ဘယ်တုန်းကမှ မနိုင်ဘူး။

Credit နိုင်ငံရေးသုတေသီ

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *