ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်က ဗုံးကျဲနေသဖြင့် ထိုင်းစစ်တပ်က F-16 တိုက် လေယာဉ် ၂ စီးဖြင့် ကင်းလှည့်
ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်က ဗုံးကျဲနေသဖြင့် ထိုင်းစစ်တပ်က အမေရိကန် F-16 တိုက် လေ ယာဉ် ၂ စီးဖြင့် ကင်းလှည့်နေကြောင်း ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး KNU တပ်မဟာ ၇ နယ်မြေအတွင်းတိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်ကောင်စီတပ်၏ ခလယ်ဒေးစခန်းကို KNLA ဦးဆောင်သော တပ်များက ထိုးစစ်ဆင်လျက်ရှိပြီး စစ်ကောင်စီကလည်း တန်ပြန် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုင်းစစ်တပ်က မြန်မာစစ်ကောင်စီ၏ တိုက်လေယာဉ် ပျံသန်း ဗုံးကျဲမှုကို သိရှိရပြီးနောက် ထိုင်းတော်ဝင်လေတပ်က တိုက်လေယာဉ် ၂ စီးဖြင့် ကင်းလှည့်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၅၇ မိနစ်အချိန် ထိုင်းဘုရင့်လေတပ်မှ F-16 လေယာဉ် ၂ စင်းက ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း ကင်းလှည့်ပျံသန်းမှုများလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာစစ်ကောင်စီတပ်၏ တိုက် လေယာဉ်သည် ထိုင်း-မြန်မာနယ်စပ်တွင် ပျံသန်းမှု ရှိခဲ့သော်လည်း ထိုင်းပိုင် နက်အတွင်းသို့ ရောက်ရှိခြင်းမရှိကြောင်း သိရှိရသည်။
ထို့ပြင် မြန်မာစစ်တပ်၏ တိုက်လေယာဉ် YAK-130 က ထိုင်း-မြန်မာနယ်စပ် မီတာ ၅၀၀ ခန့်အကွာသို့ ဗုံး ၄ လုံးကျဲချသဖြင့် နယ်စပ်တစ်လျှောက်ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း၊ ထိုင်းနှင့်မြန်မာနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားသော်လည်း ထိုင်းဘက်သို့ ကျည်များကျရောက်ခြင်းနှင့် ထိခိုက်မှု မရှိသေးဟု ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချ (ရုပ်/သံ)
ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း KNLA သတင်းရင်းမြစ်က ပြောဆိုသည်။
မတ်လ ၂၂ ရက်နေ့ မှစတင်၍ KNLA ဦးဆောင်သော ပူးပေါင်းတပ်များက KNU တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ခလယ်ဒေတပ်စခန်းကို စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ တစ်နေ့လုံးတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း၊ အဆိုပါ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူ ၁၅၀ ခန့် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း၊ ယနေ့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချနေကြောင်း သိရှိရသည်။
မြန်မာစစ်တပ်၏ တိုက်လေယာဉ် YAK-130 က ထိုင်း-မြန်မာနယ်စပ် မီတာ ၅၀၀ ခန့်အကွာသို့ ဗုံး ၄ လုံးကျဲချသဖြင့် နယ်စပ်တစ်လျှောက်ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။
“ဒရုန်းတွေနဲ့ အဲဒီစစ်တပ်စခန်းကို ပူးပေါင်းတပ်တွေက စပြီးတိုက်ခိုက်တာပါ။ မြေပြင်မှာလည်း စစ်တပ်က စစ်ကူလာလို့မရတော့ဘူး။ တိုက်ပွဲကတော့ တပ်စခန်းက ခုခံပစ်နေတာ။ ဒီနေ့ လေယာဉ်နဲ့ ဗုံးကျဲတာတွေလည်းရှိတယ်။ စခန်းကိုတော့ ပိတ်ဆို့ထားတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော ထိုင်း-မြန်မာနယ်စပ်အနီးတွင် တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးများ တိုးမြှင့်ထားကြောင်း သိရှိရသည်။

ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်က ဗုံးကျဲနေသဖြင့် ထိုင်းစစ်တပ်က အမေရိကန် F-16 တိုက် လေ ယာဉ် ၂ စီးဖြင့် ကင်းလှည့်နေကြောင်း ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
မတ်လ ၁၄ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်အနီး KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ ပူးလူးတူ တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ စစ်သား ၁၁ ဦး ထိုင်းဘက်သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း KNU က သတင်းထုတ်ပြန်သည်။


Leave a Reply