မကွေးတိုင်း၊ ငဖဲမြို့အပိုင် အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်လေကြောင်းကာကွယ်ရေးဗျူဟာစခန်းတိုက်ပွဲကို ပစ်ကူဖို့လာတဲ့ စစ်ကောင်စီရဲ့ အသေခံဒရုန်းနှစ်စင်းကို အာရက္ခတပ်တော်(AA)က ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က မတ်လ ၂၅ ရက်မှာ AA က ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ အမ်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ယောက်ကပြောပါတယ်။
“နတ်ရေကန်ဗျူဟာစခန်းကို အသေခံဒရုန်းတွေရော၊ စက်တပ်လေယာဉ်ရော၊ ရဟတ်ယာဉ်နဲ့ရော ဗုံးကြဲတိုက်ခိုက်မှုတွေ အမြဲတမ်းရှိတယ်။ မနေ့ကတော့ အသေခံဒရုန်း နှစ်စင်းကို AA က ပစ်တာ ထိသွားလို့ ပျက်ကျသွားတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် နတ်ရေကန်တိုက်ပွဲသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဆီက ဒရုန်းနဲ့ လက်နက်ခဲယမ်းတချို့ကို AA က တိုက်ခိုက်သိမ်းဆည်းရမိထားတယ်လို့ မြေပြင်စစ်ရေးအခြေအနေကို သိရှိသူ တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီ၏အသေခံဒရုန်းတစ်စင်းအား AA က ပစ်ချနေသည်ကို တွေ့ရစဉ်။ (ပုံဟောင်း)


Leave a Reply