“ရခိုင်ပြည်နယ်မှာ ဆုံးရှုံးထားသည့် မြို့နယ်များမှ လဝက ရုံးများကို ရန်ကုန်တွင် ဖွင့်ထား”

AA ထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် ရခိုင်ပြည်ရှိ မြို့နယ်များမှ လဝက ရုံးများကို စစ်ကောင်စီက ရန်ကုန်တွင် ရွှေ့ပြောင်းဖွင့်လှစ်ထားကြောင်း သိရသည်။

ဆုံးရှုံးမြို့နယ်များမှ လဝက ရုံးများကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နှင့် သာကေတမြို့တို့တွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားအပါအဝင် အိမ်ထောင်စုစာရင်းနှင့် သက်ဆိုင်သော စာရွက်၊ စာတမ်းများကို ပြုလုပ်ပေးလျက်ရှိသည်။

အဆိုပါ လဝက ရုံးများကို စစ်ကောင်စီက ယာယီသဘောဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ရုံးလုပ်ငန်းများလည်ပတ်ရေးအတွက် AA ထိန်းချုပ်နယ်မြေများမှ ရန်ကုန်သို့ ရွှေပြောင်းလာသော ရခိုင်လူမျိုး လဝက ဝန်ထမ်းများကို သက်ဆိုင်ရာမြို့နယ်အလိုက် တွဲဖက်ရာထူးများပေး၍ ခန့်အပ်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး မာန်အောင် တစ်ခုတည်းတွင်သာ တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *