“တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေ ကို ရွေးကောက်ပွဲလမ်းကြောင်းရွေးဖို့ အလဲလဲကွဲနေတဲ့ စစ်တပ်ရဲ့ ခေါင်းဆောင် မင်းအောင်လှိုင် ပြော”
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေ အနေနဲ့ လက်နက် ကိုင်လမ်းစဉ်ကိုစွန့်ပြီး ရွေးကောက်ပွဲလမ်းကြောင်းကိုရွေးဖို့ မင်းအောင်လှိုင်က ဒီကနေ့ညပိုင်းမှာ ပြုလုပ်တဲ့ နှစ် ၈၀ ပြည့် တပ်မတော်နေ့ စစ်ရေးပြပွဲမှာ ထည့်ပြောလိုက်ပါတယ်။
လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်တယ် လို့ သူကပြောပါတယ်။
နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုဆိုလမ်းဖွင့်ထားကြောင်း ထပ်မံ အသိပေးပြောကြားလိုတယ် လို့ မင်းအောင်လှိုင်က ပြောခဲ့တာပါ။
“မိန့်ခွန့်တခုတည်းတင် စကားလုံးတွေ ကစဉ့်ကလျား ပြောသွားတဲ့ မင်းအောင်လှိုင်”
မိန့်ခွန်း ရှေ့ပိုင်းမှာ PDF တွေက အကြမ်းဖက်တွေဆိုပြီး ပြောသွားတယ်။
မိန့်ခွန်းအလယ်မှာကျ လက်နက်ချ အလင်းဝင်ပါတဲ့။ အကြမ်းဖက်ပါဆိုမှ အလင်းဝင်လို့ ရမလား
မိန့်ခွန်းအဆုံးမှာကျ ရွေးကောက်ပွဲ ဝင်ကြပါတဲ့။ အကြမ်းဖက် တွေက ဘယ်လိုလုပ် ရွေးကောက်ပွဲ ဝင်မလဲ …..
ခုချိန်မှာ PDF ရဲ့ စိုးမိုးနယ်မြေသာ အနည်းအကျဉ်းပဲ ရှိနေရင် ဒင်းက အဲ့နယ်မြေအချို့ ပလပ်ပြီး ရွေးကောက်ပွဲကို ချက်ချင်း ကောက်လုပ်မှာ။ တားလို့တောင် ရမှာ မဟုတ် သေချာတယ်။
မင်းအောင်လှိုင်ရဲ့ ခုတမျိုး တော်ကြာတမျိုး ပြောပုံကို ပြန်စဉ်းစားကြည့်ရင် အကြမ်းဖက်တွေ ရွေးကောက်ပွဲ ဝင်ကြလို့ ပြောတာများလားနော်။


Leave a Reply