နောက်တစ်ပတ်ထိ ကယ်ဆယ်ရေး မပြီးနိုင်တာမို့ ပိတ်မိနေသူတွေ တောင့်ခံနိုင်ပါ့ မလားစိုးရိမ်နေရ
ငလျင်လှုပ်ခတ်မှု တစ်ရက်ကေျာ်လာခဲ့ပေမဲ့ မန္တလေးမြို့ အဆောက်အဦပျက်တွေအောက် ပိတ်မိနေသူတွေကို ရှာ ဖွေကယ်ဆယ်ရေး မနိုင်မနင်း လုပ်ဆောင်နေရဆဲဖြစ်
အဆောက်အဦတွေအောက် ပိတ်မိနေသူတွေရဲ့ မိသားစုတွေဝင်က အကူညီတောင်းခံမှုတွေလည်း များပြားနေ
ကူညီကယ်ဆယ်ရေးအတွက် လူအင်အားနဲ့ စက်ပစ္စည်းအင်အားများစွာလိုအပ်

မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်လှုပ်ခတ်မှု တစ်ရက်ကျော် ရှိလာခဲ့ပြီဖြစ်ပြီး မန္တလေးမြို့ပေါ် ပြိုကျ ပျက်စီးနေတဲ့ အဆောက်အဦတွေအောက် ပိတ်မိနေတဲ့သူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်မှုမှာ လူ အင်အားနဲ့စက်ပစ္စည်းမလုံလောက်တဲ့အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ မနိုင်မနင်းလုပ်ဆောင်နေရတယ် လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၂၉ ရက်မှာလည်း မန္တလေးမြို့ပေါ်မှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့ နေအိမ် အဆောက် အဦတွေအောက်မှာ ပိတ်မိနေတဲ့သူတွေရဲ့ မိသားစုဝင်တွေက ကူညီကယ်ဆယ်ပေးဖို့ အကူညီတောင်းခံမှုတွေ လည်း အများအပြားရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဒါ့အပြင် ဆေးရုံတွေမှာလည်း လူနာတွေပြည့်နှက်နေတာကြောင့် လုံလောက်တဲ့ ကုသခံယူမှုရရှိနိုင်ဖို့ အခက်အခဲ ဖြစ်နေရသလို လူနာတွေအတွက် သွေးလိုအပ်ချက်တွေလည်း မြင့်တက်နေတာကြောင့် ကူညီလှူဒါန်းပေးဖို့ တောင်းဆိုတာတွေလည်း အများအပြားရှိနေတယ်လို့ ဆိုပါတယ်။

“ငလျင်က အတော်ကို ဆိုးရွာပါတယ်။ ဒီကနေ့ထိကို ငလျင်တွေကဆက်တိုက်ဆိုသလို လှုပ်နေတုန်း။ အခုကို ပြော နေရင်းနဲ့ လှုပ်နေပြန်ပြီ။ လူတွေလည်း စိတ်တွေက ကယောင်ချောက်ချားတွေဖြစ်လို့ပါပဲ။ ကိုယ်မျက်စိ ရှေ့တင် သေဆုံးတာတွေ နေအိမ်ပျက်စီးတာတွေမြင်နေရတော့ စိတ်ထဲမှာ နေလို့ထိုင်လို့ မကောင်းဘူး။ ဒီကနေ့ထိ ကူညီ ကယ်ဆယ်ရေးတွေ လုပ်နေတယ်ဆိုပေမဲ့လည်း မနိုင်မနင်းတွေဖြစ်နေကြတာပေါ့။ စက်ပစ္စည်းမလုံလောက်တာ လျှပ်စစ်မီးကလည်း ပျက်နေတာဆိုတော့ ရှာဖွေကယ်ဆယ်ရေးတွေအတွက် လျှပ်စစ်မီးကလည်း လိုအပ်တယ်။ အဲ ဒီတော့ ကူညီကယ်ဆယ်ရေးတွေက မနိုင်မနင်းဖြစ်နေတာပေါ့” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
မနေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ဒီကနေ့ထိ လှုပ်ခတ်နေဆဲဖြစ်တဲ့ နောက်ဆက်တွဲငလျင်အသေးတွေကြောင့် မန္တ လေး မြို့ပေါ် နေအိမ်နဲ့ အဆောက်အဦအများအပြား ထိခိုက်ပျက်စီးခဲ့ပြီး လူ ၁၀၀၀ ကျော်သေဆုံးကာ ထိခိုက်ဒဏ် ရာရရှိသူလည်း ဆေးရုံမှာ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။

“ ဆေးရုံတွေမှာလည်း လူနာတွေများနေတာဆိုတော့ မနိုင်မနင်းတွေဖြစ်နေတယ်။ ထိခိုက်ပျက်စီးတာနဲ့ သေဆုံး တာ တွေကလည်း များနေတာဆိုတော့ သေဆုံးသူက ၁၀၀၀ ကျော်သွားလောက်ပြီ။ အဲဒါ မန္တလေးတစ်မြို့ထဲကို ၁၀၀၀ ကျော်သွားလောက်ပြီ သေဆုံးသူက။ ကျနော် သိသလောက်ဆိုရင်ကို ရာနဲ့ချီပြီးရှိနေတာဆိုတော့”လို့ အဆို ပါ မန္တလေးမြို့ခံက ပြောပါတယ်။
မတ်လ ၂၉ ရက် ဒီကနေ့မှာ မန္တလေးမြို့ပေါ် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူတွေနဲ့ ပိတ်မိနေသူတွေကို ကူညီ ကယ်ဆယ်မှုလုပ်ဆောင်ပေးနေတဲ့ မြို့ခံတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ကူညီကယ်ဆယ်ရေး လုပ် ဆောင်ရာမှာ လိုအပ်ချက်တွေရှိနေတဲ့အတွက် အားမလို အားမရဖြစ်နေရတယ်လို့ သူက ပြောပါတယ်။

“ငလျင်ဖြစ်စဉ်က အရမ်းကြီးဆိုးရွားပါတယ်။ အခု ကူညီကယ်ဆယ်ရေးတွေ လုပ်နေရတာကလည်းတစ်မြို့လုံး အ တိုင်းအတာနဲ့ ဖြစ်နေတာဆိုတော့ လိုအပ်ချက်တွေ အခက်အခဲတွေကတော့ ရှိနေတာအမှန်ပါပဲ။ စောစောက ပြော သလိုပဲ မနိုင်မနင်းဖြစ်နေတာပေါ့။ မနေ့ကဆိုရင် ဒီလိုဖြစ်စဉ်မျိုး တစ်ခါမှ မကြုံဖူးတော့ ကူညီကယ်ဆယ်ရေးလုပ် ရတာ အခက်ခဲတွေရှိခဲ့တယ်။ ဒီကနေ့ကတော့ မနေ့ကထက်ပိုပြီးတော့ ကူညီကယ်ဆယ်ရေးတွေ ပိတ်မိနေသူတွေ ကို ကယ်ဆယ်ရေးတွေ အရှိန်နဲ့လုပ်နေပါတယ်။ ဒါပေမဲ့ လူအင်အားလိုအပ်ချက်တွေရှိနေတာနဲ့ စက်ပစ္စည်းလိုအပ် ချက်တွေကြောင့် မနိုင်မနင်းတော့ ဖြစ်နေသေးတာပေါ့” လို့ မန္တလေးမြို့တွင်း ငလျင်ဒဏ်ကြောင့် သေဆုံး၊ ထိခိုက်၊ ပိတ်မိနေသူတွေကို ကူညီပေးနေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရာမှာစက်ပစ္စည်းလုံလုံလောက်လောက်မရှိတာ၊လျှပ်စစ်မီးအခက်အခဲရှိတာ၊ မကြုံ ဘူးတဲ့ ဖြစ်စဉ်မို့ ကူညီကယ်ဆယ်ရေးအပိုင်းတွေမှာ အခက်အခဲရှိနေပြီး ပြည်သူတွေကိုကယ်ဆယ်ချင်သလောက် ကယ်ဆယ်လို့ မရဘဲ ဖြစ်နေတယ်လို့ သူကဆိုပါတယ်။

“ မနိုင်မနင်းဖြစ်တယ်ဆိုတာကလည်း အခုဖြစ်စဉ်ကအရမ်းကြီး ကြီးနေတာကြောင့် ကယ်ဆယ်ရေးတွေလုပ်ရတာ မနိုင်ဘူးဖြစ်နေတာပါ။ အဲဒီလို ဖြစ်နေတဲ့အတွက်လည်း ပြည်သူတွေကို ကူညီကယ်ဆယ်ချင်သလောက် ကယ် ဆယ်လို့မရတော့ အားမလိုအားမရတော့ ဖြစ်မိတာအမှန်ပါပဲ။ ဒီကနေ့ဆိုရင် မန္တလေးမြို့ပေါ်မှာ ကူညီကယ်ဆယ် ရေး အဖွဲ့တွေလည်း အတော်များများရောက်နေကြပါပြီ” လို့ ငလျင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ မန္တ လေးမြို့ ခံတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့ထဲ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦတွေအောက် ပိတ်မိနေတဲ့သူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ် ဆောင်ရာမှာ တစ်မြို့လုံးနီးပါး ထိခိုက်ပျက်စီးမှုများပြားနေတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ နောက် ထပ် တစ်ပတ်လောက်နဲ့ မပြီးစီးနိုင်လောက်ဘူးလို့ သူက ဆက်ပြောပါတယ်။
“ပိတ်မိနေတဲ့သူတွေကို ရှာဖွေကယ်ဆယ်ရေးတွေလုပ်တာက နောက်ထပ်တစ်ပတ်လောက်နေရင်ကိုမပြီးနိုင်သေး ဘူးလို့ ပြောရမှာပါ။ အဆောက်အဦအောက်တွေမှာ ပိတ်မိနေတဲ့သူတွေလည်း အဲဒီလို တစ်ပတ်လောက်အထိ အ သက်ရှင်သန်ပြီးတော့ တောင့်ခံထားနိုင်ဖို့ မလွယ်ဘူးလားဆိုတော့ အဲဒီလိုပဲ ပြောရမှာပါ။ သေဆုံးသူ စာရင်းတွေ ကတော့ ဘယ်လောက်ထိ သေဆုံးတယ်ဆိုတာက အတိအကျပြောဖို့ရာ ခက်ပါတယ်။ ကျနော်တို့ သယ်ယူတဲ့ စာ ရင်းလောက်ပဲ သိမှာပါ။ တခြားအဖွဲ့အစည်းတွေကလည်း လုပ်နေကြတာဆိုတော့လေ။ ပြောနိုင်တာကတော့ သေဆုံးသူတွေကတော့ များတယ်လို့တော့ ပြောနိုင်ပါတယ်”လို့ သူက ပြောပါတယ်။

လက်ရှိ ငလျင်ဘေးဒုက္ခကြုံတွေ့နေရချိန်မှာ ကယ်ဆယ်ရေးသမားတစ်ယောက်အနေနဲ့ ပိတ်မိနေတဲ့ ပြည်သူ တွေ ကို အသက်ရှင်လျက်နဲ့ ကယ်ထုတ်ပေးချင်ပေမဲ့ အားမလိုအားမရဖြစ်နေရလို့ မန္တလေးမြို့ခံ ရှာဖွေကယ်ဆယ်ရေး တွေ လုပ်ဆောင်နေသူက ဆိုပါတယ်။
“အခုလို ပြည်သူတွေ ဘေးဒုက္ခရောက်နေတဲ့အချိန်မှာ ကယ်ဆယ်ရေးသမားတစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံး ပြည်သူတွေကို အသက်ရှင်လျက်နဲ့ ကယ်ထုတ်ပေးချင်တယ်။ ကျနော်တို့လည်း ကျနော်တို့တတ်နိုင်တဲ့ လူအင်အား ပစ္စည်းအင်အားနဲ့ ကြိုးစားပြီးတော့ လုပ်ဆောင်နေပါတယ်။ ကျနော်တို့ ကယ်ဆယ်ရေးလုပ်တဲ့အခါမှာ ဥပမာ အိမ် တစ်အိမ်မှာ လူကတော့ သေဆုံးသွားလို့ လာခေါ်တဲ့အခါမှာ နောက်ထပ်ပိတ်မိပြီးတော့ အသက်ရှင်သန်နေတဲ့သူ တွေကို ဦးစားပေးသွားကယ်ရမှာဆိုတော့ သူတို့တွေကို ထားခဲ့ရတာပေါ့ဗျာ။ ကယ်ဆယ်ရေးသမား တစ်ယောက် အနေနဲ့က အားမလို အားမရတော့ ဖြစ်မိတာပေါ့”လို့ မန္တလေးမြို့တွင်းမှာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင် ပေးနေတဲ့ သူက ပြောပါတယ်။
စစ်အုပ်စုရဲ့ ဒီကနေ့ မနက်ပိုင်း ထုတ်ပြန်ချက်အရ ငလျင်ဒဏ်ကြောင့် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၁၀၀၀ ကျော်ရှိ ခဲ့တဲ့အနက် မန္တလေးတိုင်းက သေဆုံးသူ ၇၀၀ ကျော်၊ ဒဏ်ရာရသူ ၁၆၄၀ နဲ့ အများဆုံးဖြစ်နေတယ်လို့ ဆိုထား ပါတယ်။
ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းအတွင်းမှာ သေဆုံးသူ ၆၉၄ ဦး၊ ဒဏ်ရာရသူ ၁၆၄၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦး၊ နေအိမ် ၁၅၉၁ လုံး၊ ဘုန်းကြီးကျောင်း ၆၇၀၊ စာသင်ကျောင်း ၆၀၊ တံတား သုံးခု၊ ဘုရားစေတီ ၂၉၀ ထိခိုက် ပျက်စီးခဲ့ပြီး အသေးစိတ်စာရင်းတွေကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့ စစ်အုပ်စုက ဆိုထားပါတယ်။

မတ်လ ၂၈ ရက် မနေ့က မွန်းလွဲပိုင်းမှာ စစ်ကိုင်းမြို့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာ အကွာမှာ ဗဟိုပြု လှုပ် ခတ်ခဲ့တဲ့ အဲဒီငလျင်ဒဏ်ကို နိုင်ငံတဝှမ်း ခံစားခဲ့ကြရတာဖြစ်ပြီး ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှုဟာ ထင်မှတ်ထား တာထက် ပိုမိုများပြားနေပြီး အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) က ငလျင်ကြောင့် သေဆုံးသူ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်တယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။
မတ်လ ၂၉ ရက် ဒီကနေ့ မှာလည်း မန္တလေး၊ စစ်ကိုင်း အပါဝင် နေရာတချို့မှာ နောက်ဆက်တွဲ ငလျင်ငယ်တွေ မကြာခဏ လှုပ်ခတ်နေဆဲဖြစ်တာကြောင့် ငလျင်ဒဏ်ခံစားရပြီး သဘာဝဘေးသင့်နေတဲ့ နေရာတွေမှာ နေထိုင်နေ ကြ ရတဲ့ ဒေသခံတွေဟာ နေအိမ် အဆောက်အဦတွေထဲမှာ မနေထိုင်ရဲကြတော့ဘဲ ကွင်းပြင်တွေရှိတဲ့နေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေကြပြီး ညပိုင်းမှာလည်း ကွင်းပြင်မှာ အိပ်စက်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့ပေါ် အဆောက်အဦတွေထဲမှာ ပိတ်မိနေသူတွေကို လူမှုကူညီ ကယ် ဆယ်ရေး အဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေစဉ်/ ဓာတ်ပုံ – မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီး)


Leave a Reply