ရန်ကုန်တွင် ငလျင်ကြီး လှုပ်ခတ်မည်ဆိုသော ကောလာဟလများကြောင့် ပြည်သူများ ညသန်းခေါင်အချိန် အထပ်မြင့်တိုက်တာများပေါ်မှ ပြေးဆင်းပြီး လမ်းပေါ်တွင် နေကြ

ရန်ကုန်တွင် ငလျင်ကြီး လှုပ်ခတ်မည်ဆိုသော ကောလာဟလများကြောင့် ပြည်သူများ ညသန်းခေါင်အချိန် အထပ်မြင့်တိုက်တာများပေါ်မှ ပြေးဆင်းပြီး လမ်းပေါ်တွင် နေကြ

ရန်ကုန်တွင် ငလျင်ကြီး လှုပ်ခတ်မည်ဆိုသော ကောလာဟလများကြောင့် ပြည်သူများ ညသန်းခေါင်အချိန် အထပ်မြင့်တိုက်တာများပေါ်မှ ပြေးဆင်းပြီး လမ်းပေါ်တွင် နေကြကြောင်း ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုက ပြောဆိုသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၁ နာရီအချိန် ငလျင်လှုပ်ခတ်မည်ဆိုသော ကောလဟလများ ပြန့်နှံ့လာခြင်းဖြစ်ပြီး လမ်းပေါ်မှ နေ၍ သတိထားကြရန်၊ ငလျင်လာမည်ဟု အော်ဟစ်ပြောဆိုသွားကြသူများကြောင့် ရန်ကုန်မြို့လယ်ခေါင်ရှိ မင်္ဂလာတောင်ညွန့်၊ လသာ၊ ကျောက်တံတား၊ စမ်းချောင်း၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်အပါအဝင် အထပ်မြင့်တိုက်တာများမှ ပြည်သူများ လမ်းပေါ် ပြေးထွက်လာကြကြောင်း၊ တချို့မှာ ၁ နာရီခန့် အကြာ ပြန်တက်သွားကြသော်လည်း အများစုမှာ မအိပ်ကြတော့ဘဲ လမ်းပေါ်တစ်စု၊ အိမ်တိုက်ခန်း ၀ရန်တာများတွင် စုပေါင်း၍ နေကြကြောင်း သိရှိရသည်။

“ပြည်သူတွေလည်း ကြောက်လန့်နေကြတာ။ အဲဒီ ငလျင်လာမယ်ဆိုပြီး အော်သွားတဲ့ လူတွေလည်း ဘာလို့ အဲဒီလိုတွေ လုပ်ကြလဲမသိဘူး။ မီးကလည်း မလာဘူး။ လမ်းမီးပဲလာတယ်။ ဘယ်သူမှ မအိပ်ရဲကြဘူး။ ဆူးလေနဲ့ ပန်းခြံနားမှာ လမ်းလယ်ပလက်ဖောင်းတွေအနားမှာ နေနေကြတာပဲ။ လူတွေကတော့ အများကြီးပဲ။ ကျနော်တို့ကတော့ ငလျင်ဆိုတာ အဲဒီလိုကြီး လာမယ်လို့ မှန်းလို့မရဘူးဆိုတာတော့ ရှင်းပြတယ်။ ဒါပေမယ့် ကြောက်နေကြလို့ ပြောလည်း သိပ် နားမဝင်ကြဘူး” ဟု ရန်ကုန်မှ ပရဟိတသမားက ရှင်းပြသည်။

ကောလာဟလများကြောင့် လူအများ အထပ်မြင့်တိုက်တာများမှ ပြေးဆင်းကြရာတွင် ကျန်းမာရေးမကောင်းသော ပြည်သူတချို့မှာလည်း အမောဖောက်မှုများရှိသဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်သို့ ပို့ဆောင်ရမှုများလည်းရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက် ၁ နာရီအချိန် လမ်းပေါ်သို့ ပြေးဆင်းလာ၍ နေထိုင်ကြသော ရန်ကုန်မြို့မှ ပြည်သူများ။

Photo- CJ ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *