မန္တလေးငလျင်သို့ ကယ်ဆယ်ရေး နှင့် သွားရောက်လှူဒါန်းမည့် အဖွဲ့များ မရမ်းချောင်စစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်မပြု

မန္တလေးငလျင်သို့ ကယ်ဆယ်ရေး နှင့် သွားရောက်လှူဒါန်းမည့် အဖွဲ့များကို စစ်ကောင်စီ၏ မရမ်းချောင်စစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်မပြုဘဲ လှည့်ပြန်ခိုင်း

မန္တလေးငလျင်သို့ ကယ်ဆယ်ရေး သွားသည့် ကူညီရေးအဖွဲ့နှင့် အလှူရှင်အဖွဲ့များကို စစ်ကောင်စီ၏ မရမ်းချောင်စစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်မပြုဘဲ လှည့်ပြန်ခိုင်းကြောင်း ကယ်ဆယ်ရေးသွားရောက်ရန်ကြိုးစားခဲ့သည့် အဖွဲ့တချို့ထံမှ သိရှိရသည်။

ယမန်နေ့ မတ် ၂၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဘက်မှ ငလျင်ဘေးသင့် မန္တလေးသို့ ကူညီကယ်ဆယ်ရေး သွားရောက်ကြမည့် အလှူရှင်များ၊ ကယ်ဆယ်ရေးပရဟိတအဖွဲ့များကို စစ်ကောင်စီ၏ ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာအမြဲတမ်းစစ်ဆေး ရေးဂိတ်က ဖြတ်သန်းခွင့်မပြုဘဲ လှည့်ပြန်ခိုင်းကြောင်း သိရှိရသည်။

“မွန်၊ ကရင်ဘက်ကနေ မန္တလေး ငလျင်ကို အရေးပေါ် ကူညီဖို့ သွားကြမယ့် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အလှူတွေကို မရမ်းချောင်စစ်ဆေးရေးဂိတ်က ပေးမဖြတ်ဘူး။ လုံခြုံရေးအရ ပေးဖြတ်လို့ မရဘူးဆိုပြီး လှည့်ပြန်ခိုင်းတယ်။ နိုင်ငံတကာကို ကူညီကြပါဆိုပြီး အကူအညီတောင်းနေတာ၊ ပြည်တွင်းက ကယ်ဆယ်ရေးအဖွဲ့တွေကိုတော့ ပိတ်ပင်မှုတွေ လုပ်နေပါတယ်” ဟု ကရင်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့ တစ်ခုက ပြောဆိုသည်။

လတ်တလော စစ်ကောင်စီက ရန်ကုန်-မြ၀တီ စစ်ဆေးရေးဂိတ်များကို တင်းကျပ်စွာ စစ်ဆေးလျက်ရှိပြီး ကားများကို ဂိတ်တိုင်းတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *