ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘောလခဲ၊ ဖားဆောင်းတို့ရှိ ကာကင်းစခန်း များကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆၀ ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၄၀ ကျော် သိမ်း ဆည်းရရှိ

ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘောလခဲ၊ ဖားဆောင်းတို့ရှိ စစ်ကောင်စီ အခြေစိုက် ကာကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆၀ ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ – JCS ကထုတ်ပြန်သည်။

မတ်လ ၄ ရက်နေ့မှစ၍ ကရင်နီပြည် စစ်ဦးစီးအဖွဲ့ JCS ၏ ကွပ်ကဲမှုဖြင့် ဘောလခဲနှင့် ဖားဆောင်းတို့ ရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေးစတင်ချိန်တစ်လအတွင်း အကြမ်း ဖက် စစ်ကောင်စီတပ်၏ ဗျူဟာတပ်အခြေစိုက် ကင်းများဖြစ်သည့် ဘောာလခဲမြို့နယ် ကာကင်းများ ဖြစ်သော အမှိုက်ကျင်း၊ ကျောက်ခွဲစက်၊ ရေကျော်၊ ရေနီပေါက်၊ ဝမ်ပလန်း စသည့် ကာကင်းစခန်း များကို တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့ကြေင်း သိရသည်။

အလားတူ ဖားဆောင်း မီးသတ်တိုက်နှင့် ရေဆိပ်များကို တိုက်ခိုက်ကန့်သတ်နိုင်ခဲ့ပြီး ယင်း ကာကင်း စခန်းသိမ်းပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဝ ဦးကျော်သေဆုံး၍ အချို့ကို အရှင်ဖမ်းဆီးရမိကာ လက်နက်မျိုးစုံ ၄၀ နှင့် ကျည်မျိုးစုံတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၂၀၂၅ ဇန်နဝါရီလ မှ စတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နှင့် မိုးဗြဲမြို့ဆက် ထားသည့် လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသဖြင့် စစ်ကောင်စီတပ်များ၏ ထိုးစစ်ကို ကရင်နီပြည်ရှိ တပ်ပေါင်းစုံမှ ခုခံကာကွယ်ခဲ့ရကြောင်း၊ ထိုထိုးစစ်များကြောင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တပ်သားအချို့မှာ သူရဲကောင်းပီသစွာ အသက်ပေးကာကွယ်ခဲ့ရကြောင်း သိရ သည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ မိုးဗြဲဒေသသို့ ထိုးစစ်များကို ကန့်သတ်နိုင်ရန်အတွက် ကရင်နီ ပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်းစုံပါဝင်သော စစ်ဆင်ရေးများကို ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (Joint Chiefs of Staff – JCS) အား ဖွဲ့စည်းကာ၂၀၂၅ ခုနှစ် မှ စ၍ ခံစစ်နှင့် ထိုးစစ်များကို စတင်ကွပ်ကဲခဲ့ကြောင်း အသိပေးထားသည်။

ကရင်နီတစ်ပြည်လုံး အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်နိုင်ရေး ရည်မှန်း ချက် ဖြင့် ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (Joint Chiefs of Staff – JCS) အား ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (Joint Chiefs of Staff – JCS) နှင့် စစ်ဆင်ရေး တပ်သားတို့ သည် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးနှင့် ကရင်နီပြည်တွင် ဖက်ဒရယ်တပ် တစ်ရပ်စတင်တည်ဆောက်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိ ပြုထားသည်။

သို့ရာတွင် မတ်လ ၂၈ ရက်နေ့တွင် ငလျင်ကြီးများစွာ လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည် တော် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက် စီး နေကြောင်းတွေ့ရှိရသဖြင့် ငလျင်ဘေးကြောင့် အသက်သေဆုံးရှုံးရသူများနှင့် ထိခိုက်ဒဏ်ရာရသူ များ အတွက် ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (Joint Chiefs of Staff – JCS)မှ မိသားစုများ နှင့် ထပ်တူ ဝမ်းနည်းရပါကြောင်း ပြောကြားသည်။

ကရင်နီပြည်နယ်တစ်ဝှမ်းလုံးတွင် စစ်ကောင်စီဖက်မှ တိုက်ခိုက်မှုအမျိုးမျိုးအား ရပ်တန့်ထားခြင်း မရှိ ဘဲ ဆက်လက်လုပ်ဆောင်နေသည့် အခြေအနေများကြောင့် မိမိတို့တပ်များဘက်မှ သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် ချိန်ညှိ၍ မိမိတို့ကာကွယ်ထိန်းချုပ်ထားသည့် ဒေသနှင့် ပြည်သူများအပေါ် စကစမှ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အခြေနေများပေါ်မူတည်၍ စစ်ဆင်ရေးများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ – JCS က ထုတ်ပြန်ထားသည်။


Leave a Reply

Your email address will not be published. Required fields are marked *