အင်အားကြီးငလျင်တခု ဖြစ်ပြီးတိုင်း နောက်ဆက်တွဲ ငလျင်များ လာတတ်တာ သဘာဝပါ။
ပင်မငလျင်နှင့် ပြတ်ရွေ့ အလျားကိုလိုက်ပြီး နောက်ဆက်တွဲ ငလျင်များက လပိုင်းကနေ နှစ်ပိုင်းအထိ ဆက်ကာ ဖြစ်တတ်ပါတယ်။
ပြထားတဲ့ ငလျင်လှိုင်းပုံက မန္တလေးစက်က ဒီနေ့ ဖမ်းမိတာတွေပါ။
အဲဒီအထဲမှာ အရွယ်အစား သေးငယ်လို့ ထုတ်ပြန်ခြင်း မရှိတဲ့ ဖြစ်ရပ်များလည်း ပါပါတယ်။
ရံခါမှာ ခပ်စိပ်စိပ် ဖြစ်နိုင်သလို အချိန်ကျဲတာလည်း ဖြစ်နိုင်ပါတယ်။
ဘယ် အရွယ်အစားနှင့် လှုပ်မယ် ဆိုတာလည်း မသိနိုင်ပါဘူး။
အချိန် အရွယ် အစားဆိုတာ ခန့်မှန်းရ ခက်ပါတယ်။
ဒေသ ၂ ခုအတွက် ဂရပ်ပုံ ၂ခု ထပ်မံ ဖြည့်စွက် ဖေါ်ပြလိုက်ပါတယ်။
ပုံများအရ ဖြစ်ကြိမ် ကျဲသွားသယောင် ထင်ရပါတယ်။
သို့သော်လည်း ထုတ်ပြန်ခြင်း မပြုသော အကြိမ်အရေကို ထည့်သွင်းစဉ်းစားပါက ငလျင်ဖြစ်ကြိမ် ကျဲသွားသည်လို့ မပြောနိုင်သေးပါ။
ဒါကြောင့် ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်ပမာဏ လှုပ်လိမ့်မယ်လို့ ဆိုတာတွေဟာ သက်သက် ကောလဟလ ပြောနေတာသာ ဖြစ်ပါတယ်။






Leave a Reply