လှိုင်သာယာ ပဒေသာပင်အိမ်ရာဝန်း(FMI) အတွင်းက အမျိုးသမီး ၂ ဦး ခွေးကိုရိုက်သတ်ပြီး ခုတ်ထစ်နေတာကို အနီးပတ်ဝန်းကျင်ရှိ နိုင်ငံခြားသားအမျိုးသမီးတစ်ဦးက သွားရောက်တားဆီးရာမှ သိရှိရပါတယ်။

အိမ်နီးချင်းဖြစ်သူ နိုင်ငံခြားသားအမျိုးသမီးက ရိုက်သတ်ခံရတဲ့ ခွေးအော်သံကိုကြားပြီး သွားရောက်တားဆီးချိန်တွင် ခွေးကိုအပိုင်းပိုင်းခုတ်တစ်ပြီးနေကြောင်း အဆိုပါ ရုပ်သံတွင်တွေ့ရှိရမှာပါ။

အဆိုပါ ရုပ်သံဖိုင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ်လေးက ခွေးလေးကို ဟောင်တယ် ကိုက်တယ်ဟုဆိုပြီးတော့ အိမ်ဝန်းထဲခေါ်ပြီး ရိုက်သတ်ခိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ခွေးသတ်ခဲ့တဲ့ လူ ၄ ဦးကို လှိုင်သာယာရဲစခန်းကိုပို့ဆောင်ထားပြီးဖြစ်ပြီးတော့ တစ်ဦးကိုတော့လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *