ငလျင်ဘေးကြောင့်ပြိုကျပျက်စီးခဲ့ရပြီး ကယ်ဆယ်ရေးဝင်ခွင့်မပြုတဲ့ Great Wall Hotel ပြိုကျပြီ (ရုပ်သံ)

မန္တလေးမြို့တွင် ငလျင်ဘေးကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ Great Wall Hotel အတွင်းတွင် လူများစွာပိတ်မိနေသော်လည်း ဟိုတယ်ကကယ်ဆယ်ရေးခွင့်မပြုခဲ့ပဲ ဒီကနေ့မှာတော့ အလုံးစုံပြိုကျသွားပြီလို့ ဒေသခံတွေကဆိုပါတယ်။

အဆိုပါဟိုတယ်ရှေ့တွင် ကျန်ရစ်သူမိသားစုတွေက ပိတ်မိသူတွေကို အသက်ရှင်ကျန်ရစ်ခြင်းမရှိရင်တောင် အလောင်းထုတ်ယူဖို့ခွင့်ပြုရန် လက်အုပ်ချီတောင်းဆိုတာတွေပြုလုပ်ခဲ့ပါသေးတယ်။

ငလျင်ဘေးသင့်ပြီး ၇ ရက်ကြာမှ ကယ်ဆယ်ရေးတွေကို အလောင်းသယ်ယူခွင့်ပြုခဲ့တယ်လို့သိရပါတယ်။

“Great Wall hotel မှာ အစုလိုက်လေးတွေ သေနေကြတာ body တွေလဲ မပျက်စီးကြသေးဘူး အများကြီးဘဲတဲ့ရှေ့ရက်ကထိ ရှင်နေကြသေးပုံပဲ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

လက်ရှိမှာတော့ မနေ့ညက ရွာသွန်းတဲ့ မိုးကြီးလေထန်ခဲ့တာကြောင့် Great Wall Hotel ပြိုကျခဲ့တာလို့လဲ သိရပြီးတော့ ကားတစ်စီးပျက်ဆီးခဲ့ကြောင်းသိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *