ငလျင်ဘေးကြောင့်ပြိုကျပျက်စီးခဲ့ရပြီး ကယ်ဆယ်ရေးဝင်ခွင့်မပြုတဲ့ Great Wall Hotel ပြိုကျပြီ (ရုပ်သံ)

ငလျင်ဘေးကြောင့်ပြိုကျပျက်စီးခဲ့ရပြီး ကယ်ဆယ်ရေးဝင်ခွင့်မပြုတဲ့ Great Wall Hotel ပြိုကျပြီ (ရုပ်သံ)

မန္တလေးမြို့တွင် ငလျင်ဘေးကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ Great Wall Hotel အတွင်းတွင် လူများစွာပိတ်မိနေသော်လည်း ဟိုတယ်ကကယ်ဆယ်ရေးခွင့်မပြုခဲ့ပဲ ဒီကနေ့မှာတော့ အလုံးစုံပြိုကျသွားပြီလို့ ဒေသခံတွေကဆိုပါတယ်။

အဆိုပါဟိုတယ်ရှေ့တွင် ကျန်ရစ်သူမိသားစုတွေက ပိတ်မိသူတွေကို အသက်ရှင်ကျန်ရစ်ခြင်းမရှိရင်တောင် အလောင်းထုတ်ယူဖို့ခွင့်ပြုရန် လက်အုပ်ချီတောင်းဆိုတာတွေပြုလုပ်ခဲ့ပါသေးတယ်။

ငလျင်ဘေးသင့်ပြီး ၇ ရက်ကြာမှ ကယ်ဆယ်ရေးတွေကို အလောင်းသယ်ယူခွင့်ပြုခဲ့တယ်လို့သိရပါတယ်။

“Great Wall hotel မှာ အစုလိုက်လေးတွေ သေနေကြတာ body တွေလဲ မပျက်စီးကြသေးဘူး အများကြီးဘဲတဲ့ရှေ့ရက်ကထိ ရှင်နေကြသေးပုံပဲ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

လက်ရှိမှာတော့ မနေ့ညက ရွာသွန်းတဲ့ မိုးကြီးလေထန်ခဲ့တာကြောင့် Great Wall Hotel ပြိုကျခဲ့တာလို့လဲ သိရပြီးတော့ ကားတစ်စီးပျက်ဆီးခဲ့ကြောင်းသိရပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *