ဆီမီးခုံမြို့ဆေးရုံ၌ တပ်စွဲထားသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ ဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ရှိ ဆေးရုံအတွင်း အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်သားများကို Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ရဲဘော် များက လက်ပစ်ဗုံးဖြင့် အနီးကပ်သွားရောက် ပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ တချို့ရှိကြောင်း၊ MBT တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“သေဆုံးမှုကရှိ နိုင်သေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အလယ်တည့်တည့်ကျတာ ဗိုလ် ၁ ကောင် ထိတယ်လို့တော့ ကြားထားတယ်။ အတွင်းထဲမှာဆိုတော့ သတင်းက ဆက်ပြီး စုံစမ်းမရလို့ အဲဒါကြောင့် မထုတ်ပြန်တော့တာ” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

ပြည်သူများအနေဖြင့် ငလျင် ဒဏ်ခံစားနေရသည်ကို သိရှိနားလည်ကြောင်း၊ မြန်မာနိုင်ငံတွင် အဆိုးရွားဆုံးကာလကို ကျော်ဖြတ်နေရခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ဇွဲမလျော့ဘဲ အားတင်းကာ ကြိုးစား၍ စစ်ကောင်စီကို အမြစ်ဖြတ်နိုင်မှသာ ယခုကြုံတွေ့နေရသော ဒုက္ခမျိုးစုံမှ လွတ်မြောက်နိုင်မည်ဖြစ်၍ စစ်ကောင်စီတပ်သားများ အနီးသွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် ဗိုလ်မိုက်ခဲက တိုက်တွန်းပြောဆိုထားသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *