အဲဒီလှူဒါန်းငွေတွေကို ပေါက်ကိုယ်တော်က စစ်အသုံးစားရိတ်အတွက် အသုံးပြုမှာလို့ ပြည်သူတွေ မှတ်ချက်ပြုနေ
အကြမ်းဖက် ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ပေါက်ကိုယ်တော် ကို ဘုန်းကြီးဆေကိန္ဒ က ဧပြီ ၄ ရက်မှာ ကျပ်သိန်း ၁၀၀ ပေးအပ်ခဲ့တယ်လို့ ပေါက်ကိုယ်တော်က တစ်တော့မှာ တင်ထားတာ တွေ့ရပါတယ်။
“ပေါက်ကိုယ်တော်က ပြည်သူ့စစ်ခေါင်းဆောင်လေ။ သင်္ဃန်းဝတ်ကြီးနဲ့ စစ်တိုက်နေတာ။ သူ့ကတော့ သူ့ကို ပေးတဲ့ ပိုက်ဆံကို မစိုးရိမ်တိုက်ဟောင်းမှာ လှူမယ်ဆိုပြီး ပြောတာပဲ။ မဖြစ်နိုင်ပါဘူး။ ဒီပိုက်ဆံတွေကို စစ်အသုံးစားရိတ်အတွက် သုံးမှာပဲ။ ကျည်ဆန်တွေဝယ်မှာပဲ။ ဒါဆို ဘုန်းကြီးဆေကိန္ဒ က ပျူစောထီးတွေ အတွက် နောက်ကွယ်ကနေ ထောက်ပံ့နေတယ်ဆိုတာ ဒီရုပ်သံဖိုင်က သက်သေပဲ” လို့ ပြည်သူတစ်ဦး က မှတ်ချက်ပြုပါတယ်။
သင်္ဃန်းဝတ် ပေါက်ကိုယ်တော် က ပျူစောထီးတွေရဲ့ ခေါင်းဆောင်ဖြစ်ပြီးတော့ မကွေးတိုင်းအတွင်းမှာ ဒေသခံပြည်သူတွေကို ပျူစောထီးအဖြစ် အဓမ္မဝင်ခိုင်းနေသလို၊ ပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာပါ။
“ပေါက်ကိုယ်တော်က အခုလို အင်အားကြီးနေတာက နောက်ကွယ်မှာ ထောက်ပံ့မှုတွေ အများကြီးရှိလို့ပဲ လေ။ ဒီလို ထောက်ပံ့တဲ့အထဲမှာ ဆေကိန္ဒ တို့လို့ ဘုန်းကြီးတွေလဲ ပါနေတယ်ဆိုတာ အခုဖိုင်မှာ ကြည့်ရင် တွေ့ရမှာပဲ။ ဒါ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ဖို့ ထောက်ပံ့နေတာပဲ” လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက မှတ်ချက်ပြုပါတယ်။
ဒီလို ပြည်သူတွေကို အဓမ္မ၊ ညှင်းပန်းနှိပ်စက်နေတဲ့ သင်္ကန်းဝတ် ပေါက်ကိုယ်တော်လို လူမျိုးကို နောက်ကွယ်မှာ ထောက်ပံ့မှုတွေ များစွာရှိနေတဲ့အထဲက ဘုန်းကြီးဆေကိန္ဒ ရဲ့ လှူဒါန်းမှုက ရုပ်သံဖိုင်နဲ့ တကွ ထွက်ပေါ်လာခဲ့တာပါ။
ဒါအပြင် အခုလို ဘုန်းကြီးဆေကိန္ဒရဲ့ လှူဒါန်းမှုကို သင်္ကန်းဝတ် ပေါက်ကိုယ်တော် က ရုပ်သံဖိုင်နဲ့ တင်ခဲ့တာကလည်း သူ့ရဲ့နောက်မှာ ဘုန်းကြီးဆေကိန္ဒ တို့လို့လူမျိုးတွေ ရှိတယ်ဆိုတာကို တမင်တကာ ပြသချင်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
မှတ်ချက်တချို့မှာတော့ အခုလို ပေးအပ်မဲ့ ကျပ်သိန်း ၁၀၀ ကို ငလျင်ဘေးအတွက် ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ လှူဒါန်းမှုက အကျိုးရှိမှာ ဖြစ်တယ်လို့လည်း ရေးသားနေကြတာတွေ့ရပါတယ်။


Leave a Reply