“လိမ်လို့ရတာ သူ့ကိုယ်သူ နဲ့ သူ့ကိုယ်ဇွတ်မှိတ် ယုံတဲ့သူတွေ အပေါ်ပဲ၊ အချက်အလက်နဲ့ ထောက်ပြသွားတာ ဒီမှာ”
မနေ့ညတုန်းက ခိုင်နှင်းဝေက ပျဉ်းမနားငလျင်ကြောင့်ပြိုပျက်သွားတဲ့ အိမ်ထောင်စု (၁၈၅) စုအတွက် သိန်း ၄၀၀၀ ဝန်းကျင် လှူဒါန်းခဲ့ပါတယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ ပိုစ့်တင်ခဲ့တယ်။
ပိုစ့်အောက်မှာ ပျဉ်းမနားမြို့သူ၊ မြို့သားတွေက တကယ်ပြို၊ပျက်တဲ့သူတွေ မရကြောင်း အိမ်ပျက်စီးတဲ့သက်သေပုံတွေနဲ့တကွ comment ဝင်ရေးကြတာ အတော်လေးများပါတယ်။
ဝင်မန့်ကြတဲ့သူတွေက အကုန်မရလို့ ပြောနေကြတာမှမဟုတ် ပါဘူး၊ အမှန်တကယ်အိမ်ပြို၊ ပျက်စီးတဲ့သူတွေက မရဘဲ တခြားမဆိုင်တဲ့သူတွေရလို့ ဝင်ပြောကြတာဖြစ်ပါတယ်။
အဲ့ဒါကို ပိုစ့်ကို အမျိုးမျိုး edit လိုက်၊ only me တာလား ဖျက်ပစ်တာလားမသိ၊ ခဏကြာတော့ ပိုစ့်မရှိတော့ပြန်ဘူး၊ မကြာပါဘူး ပိုစ့်အသစ်ပြန်တင်လိုက်နဲ့ တာဝန်ခံဖြေရှင်းတာမလုပ်ဘဲ ရှောင်ပြေးနေတာ။
တကယ်တမ်း စာရင်းသေချာမစိစစ်ဘဲ ပြီးစလွယ် ပရမ်းပ တာလှူမိတာဆိုရင် ဝန်ခံရမယ်၊ တောင်းပန်ရပါမယ်။ အလှူ ရှင်တွေက ကိုယ့်ချွေးနဲစာထဲက စေတနာအပြည့်နဲ့ ကိုယ့်ကို ယုံကြည်ပြီးလှူတာဖြစ်တဲ့အတွက် တာဝန်ယူမှုအပြည့်ရှိရပါမယ်။
နစ်နာသူတွေက ဝိုင်းပြော၊ ဝေဖန်ထောက်ပြရင်လည်း ဖန် တွေက “သူ့လောက်လုပ်နိုင်လား၊ သူ့လိုလှူနိုင်လားဆိုတဲ့၊ သူ့လောက်မလုပ်နိုင်ဘဲ ဘာမှမပြောနဲ့ဆိုတာတွေလောက်နဲ့ ပြီးသွားတာချည်းပါပဲ”
သူ့ပထမပိုစ့်မှာတင်ထားတဲ့ “မင်္ဂလာရပ်ကွက်က အိမ်ခြေ (၁၈၅)” ဆိုကတည်းက စလွဲနေပြီ။ ၂၀၁၉ MIMU စာရင်းအရ ပျဉ်းမနားမြို့မှာ မြို့ပေါ်ရပ်ကွက် (၇) ခုရှိပါတယ် (ပုံလည်းထည့်ထားပါတယ်)။ နောက်ပြီး ငလျင်ကြောင့်ပျက်စီးတာက အဲ့ရပ်ကွက်တခုတည်းက ၁၈၅ အိမ်မရှိပါဘူး။
အဲ့ရပ်ကွက်မှာပဲ တကယ်ပြိုတဲ့ အိမ်ထောင်စုတွေမရကြတာကို ကာယကံရှင်တွေကိုယ်တိုင် comment ဝင်မန့်ကြတော့ edit ပြီး ရပ်ကွက်နာမည်ကို ဖြုတ်လိုက်ပါတယ်။
edit post မှာတော့ “ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ထံ ပြိုပျက်စာရင်းပေးထားသော” ဆိုပြီး ထည့်လိုက်ပါတယ်။ တကယ်သာ အဲ့အတိုင်းဆိုရင် အုပ်ကြီးတွေအနေနဲ့လည်း စာရင်းလာပေးသူတွေကို သေချာစိစစ်ပြီး မှတ်တမ်းထားရမှာပါ။
ကျနော်တို့ အစ်မတွေ မြေပြင်ဆင်းပြီး ဒီနေ့ထိ အချက် အလက် ကောက်ထားတဲ့ စာရင်းအရ ပြို၊ ပျက် ၂၀၀ ကျော်က မင်္ဂလာရပ်ကွက်တခုတည်းမဟုတ်ဘဲ ရပ်ကွက်ပေါင်းစုံကပါ။
နောက်ဆုံးပိုစ့်မှာဆိုရင် “အလှူရတဲ့သူတိုင်းက ဒုက္ခရောက်နေကြတဲ့သူတွေပါ” ဆိုပြီး လျှောချသွားတယ်။ အဲ့လိုပြောလို့မရပါဘူး၊ အခုအလှူငွေတွေက ငလျင်ဘေးသင့်အလှူဆိုပြီး ခေါင်းစဉ်တပ်အလှူခံထားတာဖြစ်လို့ ငလျင်ဘေးသင့်တဲ့သူတွေကိုပဲ လှူရမှာပါ။ အလှူငွေရတဲ့သူတွေအတွက် ပီတိကုသိုလ်ပွါးပေးပါဆိုပြီး မြို့သူ၊မြို့သားအချင်းချင်း ရန်တိုက်ပေးတဲ့စကားလည်း မပြောပါနဲ့။ ငွေရတဲ့သူတွေကို မုဒိတာမပွါးနိုင်လို့ ဝင်ပြီးပြောနေကြတာမဟုတ်ဘဲ တကယ်ဒုက္ခရောက် တဲ့သူတွေကို ရစေချင်ကြတာပါခင်ဗျာ။
အခုဟာက အများပြည်သူက ယုံကြည်လို့လှူထားတာကို ပြီးပြီးရော သေချာစီမံမခန့်ခွဲဘဲ လှူလိုက်တာမျိုးဖြစ်နေတာ။ စေတနာတကယ်ရှိပြီး အဆင်ပြေစေချင်လို့ လှူတာမဟုတ်ဘဲ ဓာတ်ပုံရိုက်ပြီး social media မှာ တင်ချင်ရုံ၊ နာမည်ကြီးချင်ရုံသက်သက်လုပ်နေတာမျိုး မဟုတ်ဖို့လိုပါတယ်။



Credit


Leave a Reply