အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးနေချိန် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလမှာ ကျင်းပသွားမယ်လို့ ကြေညာလိုက်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကတစ်ဆင့် ဧပြီလ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်လို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို လာမဲ့ မေလ ၉ ရက်နောက်ဆုံးထား လျှောက်ထားဖို့ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ငန်းတွေကို ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်ဖို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းစိုးကို ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ပေးလိုက်တယ်လို့ ထုတ်ပြန်လာပါတယ်။

အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အပိုင်းလေးပိုင်းခွဲပြီး ကျင်းပဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက မတ်လ ၂၅ ရက်မှာ ပြောဆိုခဲ့ပါတယ်။

၂၀၂၅ခုနှစ် ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ် ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တွေမှာ ပြုလုပ်ဖို့ စစ်ကောင်စီက စီစဉ်နေတာပါ။

ရွေးကောက်ပွဲမှာ မဲများသူအနိုင်ယူစနစ် (FPTP)နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR)ကို ပေါင်းစပ် ကျင့်သုံးမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

နေပြည်တော်၌ ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် တွေ့ရစဉ်။ (Photo : UEC)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *