ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းမှ စစ်သား ၁ ဦးကို အရှင် ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၁ တပ်ရင်းမှ စစ်သား ၁ ဦးကို ရေးဘီလူး တပ်ရင်း တပ်ခွဲ ၂ က အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း ရေးဘီလူး တပ်ရင်းမှူးက ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရေးဘီလူး အဖွဲ့က ကျောင်းရွာ ကျေးရွာ အနီးအနား၌ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၁ တပ်ရင်းမှ စစ်သား ကျော်ဇင်ဖြိုးကို အရှင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သား ကျော်ဇင်ဖြိုးကို ရေးဘီလူး အဖွဲ့က ဆက်လက် စစ်ဆေးမှုများ လုပ်ဆောင်ပြီး မည်သို့ အရေးယူသွားမည်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

” ဘယ်လိုဆက်လုပ်မလဲဆိုတော့ တခြားအလင်းဝင်တဲ့ တပ်သားတွေနဲ့ မတူဘူး။ ကျွန်တော်တို့ဘက်ကို လာလေ့လာတာလား၊ ဒါမှ မဟုတ်လို့ရှိရင် သူတို့တပ်ရင်းကနေ မနေနိုင်လို့ ထွက်ပြေးလာတာလားပေါ့။ အများကြီး သုံးသပ်လို့ရတယ်။ ယုံကြည်မှာကို ၁၀၀ ရာခိုင်နှုန်း ပေးလို့မရဘူး။ ကျွန်တော်တို့ သေချာစဉ်းစားဆုံးဖြတ်ပြီး အကောင်းဆုံးဖြစ်အောင်တော့ အပြစ်ပေးကိုင်တွယ်ပါ့မယ်ဗျ”ဟု ရေးဘီလူး တပ်ရင်းမှူးက ပြောဆိုသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *