ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိ ရှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၀၀နီးပါး သေဆုံး၊ ပျောက်ဆုံးမှု ရှိကြောင်း သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ရက်နေ့မှ မတ် ၂၅ရက်နေ့အထိ ပေးပို့သည့် စာရင်းအရ ဗန်းမော်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉၆ ဦး ရှိပြီး အရာရှိ ရှစ်ဦး ပါဝင်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“စစ်တပ်က ဒရုန်းတွေ အဓိကသုံးပြီး တိုက်ခိုက်လို့ KIA ဘက်က ထိခိုက်မှုရှိသလို စစ်တပ်ဘက်ကလည်း ရာချီသေဆုံးမှုရှိတယ်။ တပ်ရင်းဌာနချုပ် ၂၀ လောက်ကို ပတ်တိုက်နေရတာမို့ အချိန်ယူရပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်လွပ်လပ်ရေးတပ်မတော် (KIA) သည် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

စစ်ကောင်စီသည် ဗန်းမော်မြို့ကို ယနေ့ ဧပြီ ၉ရက်နေ့အထိ လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်နေပြီး ဒရုံးဗုံးများပါ ကြဲချတိုက်ခိုက်နေကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။

“စစ်တပ်က အပစ်ရပ်တယ်ပြောပေမယ့် မြေပြင်မှာတော့ အပစ်မရပ်ပါဘူး။ ဗန်းမော်ကို ဗုံးတောက် လျောက်ကြဲတယ်။ စစ်ကြောင်းထိုးတယ်။ ဒီနေ့မနက်ကို ဗုံးလာကြဲပါတယ်” ဟု ကချင် သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက ဒရုန်းနည်းပညာကို မြှင့်တင်ပြီး ဒရုန်းအထူးတပ်ဖွဲ့များထား၍ တိုက်ခိုက်နေကာ KIA ဘက်က ပစ်ချလိုက်သည့် ဒရုန်းအရေအတွက်အား အစားထိုးရန် အရေးပေါ်တောင်းခံမှုများ ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် Hexa drone နှင့် Heavy drone ဒရုန်းတပ်ဖွဲ့နှစ်ခုခွဲ၍ ဒရုန်းနည်းပညာ ကျွမ်းကျင်အဖွဲ့များနှင့် ပြည်တွင်းထုတ် ဒရုန်းများကိုပါ နည်းပညာမြှင့် သုံးစွဲလာခြင်းဖြစ်သည်။

ဓာတ်ပုံ-အင်တာနက်(ပုံဟောင်း)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *