မတ် ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းအတွင်း ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံတွေအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရွာမှာ သေဆုံးသူ ၉ ယောက်ရဲ့အလောင်းတွေ ဧပြီ ၁၀ ရက် ဒီနေ့ ထပ်မံတွေ့ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မန္တလေးမြို့၊ ပြိုကျ Great Wall Hotel အဆောက်အအုံကနေ ဒီနေ့ ည ၆ နာရီခွဲလောက်မှာ အမျိုးသားတယောက်နဲ့ ကလေး (မ) ၃ ယောက်၊ Sky Villa အဆောက်အအုံကနေ ၁၁း၄၀၊ ၁၂း၀၀ နဲ့ ၁၅း၂၀ အချိန်တို့မှာ အမျိုးသမီးတယောက် ၃ ယောက်၊ ၈၃ လမ်း၊ ၂၇×၂၈ လမ်းကြား၊ ကြယ်တိုက်ဝင်းအတွင်းရှိ RCC ၇ ထပ် အဆောက်အအုံကနေ နေ့လယ် ၂ နာရီလောက်မှာ အမျိုးသမီးတယောက်နဲ့ ကလေးငယ် (မ) တယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မြန်မာမီးသတ်ဦးစီးဌာန၊ ပရဟိတ အသင်းတွေနဲ့ ရုရှား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတွေ့ရှိခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြိုကျ အဆောက်အအုံအချို့ကနေ ကျောက်စိမ်း လက်ကောက်တွေ၊ ရွှေထည်ပစ္စည်း၊ ငွေသား၊ တန်းဖိုးကြီးပစ္စည်းနဲ့ အရေးကြီးစာရွက်စာတန်းတွေကိုလည်း တွေ့ရှိခဲ့ပြီး ပိုင်ရှင်ဖြစ်သူတွေဆီ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။















Leave a Reply