ကျုံပျော်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရ

ကျုံပျော်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဆေးရုံသို့ပို့ဆောင်စဥ် လမ်းတွင်သေဆုံး

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဆေးရုံသို့ပို့ဆောင်စဥ်လမ်းတွင်ပင် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးမှာ ညောင် ပင်ကွင်းကျေးရွာအုပ်စုမှ ဦးလှကြိုင်ဖြစ်ပြီး ယနေ့ ဧပြီ ၁၀ ရက်နေ့တွင် ပြုလုပ်သည့် မြို့နယ်အစည်းအဝေးက ပြန်လာစဥ် မွန်းလွဲ ၂ နာရီဝန်းကျင်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

“မြို့နယ် အစည်းအဝေးက ပြန်လာချိန်မှာ အပစ်ခံရတာ။ ဒဏ်ရာပြင်းထန်တော့ အဲဒီမှာပဲ ရန်ကုန်ပို့တာ လမ်းတင်သေသွားတယ်။ သူ့ကြောင့်ထွက်ပြေးရတယ်သူတွေလဲ မနည်းဘူး”ဟု ညောင်ပင်ကွင်းကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးလှကြိုင်သည် သေနတ်ဒဏ်ရာပြင်းထန်သည့်အတွက် ကျုံပျော်မြို့မှ ရန်ကုန်ဆေးရုံကြီးသို့ပို့ ဆောင်စဥ် လမ်းတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်အတွက် ကျုံပျော်မြို့နယ်အတွင်း ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *