စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခံရသူက ဓားဖြင့်ခုတ်သောကြောင့် အုပ်ချုပ်ရေးမှူးသေဆုံး

ဟင်္သာတမြို့နယ်တွင် စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခံရသူက ဓားဖြင့်ခုတ်သောကြောင့် အုပ်ချုပ်ရေးမှူးသေဆုံး

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်၊သနွံသနော့ကျေးရွာအုပ်စု မကျည်းကုန်းရွာတွင် ဧပြီ ၁၁ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဖြူ(ခ)ဦးသက်နိုင်သည် တပည့်များနှင့်အတူ ကျေးရွာအတွင်းနေထိုင်သည့် မောင်ကျော်ဇင်ဦးအား စစ်မှုထမ်းရန် ခေါ်ဆောင်စဥ် ဓားဖြင့်ခုတ်ခံရသောကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

“ပိုက်ဆံမပေးနိုင်တဲ့လူငယ်တွေဆို အဲ့လိုခေါ်တာပဲ။ ကောင်လေးက မျှမျှတတမဲနှိုက်က်ဖို့ပြောတာ လက်မခံလို့ ခုလိုလုပ်လိုက်တာ။ သူလဲအခုတ်ခံရရောတပည့် နှစ်ယောက်က ထွက်ပြေးသွားတယ်”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ဓားခုတ်ခံရသော အုပ်ချုပ်ရေးမှူးမှာ ဦးခေါင်းပြတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီးမောင်ကျော်ဇင်ဦးကိုလည်း ရဲတပ်ဖွဲ့ကဖမ်းဆီး စစ်ဆေးနေကြောင်း ဒေသခံများမှပြောသည်။

ဧပြီ ၁၀ ရက်နေ့လည်း မြို့နယ်အစည်းအဝေးမှ ပြန်လာသော ကျုံပျော်မြို့နယ် ညောင်ပင်ကွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှကြိုင်သည် လမ်းတွင်သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးမှုဖြစ်ပွါးခဲ့သည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *