ရန်ကုန်မြို့တွင် “ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေလည်း” ဆိုင်းဘုတ်ထောင်၍ တော်လှန်သင်္ကြန်လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်မြို့တွင် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက “ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေလည်း” ဆိုင်းဘုတ်ထောင်၍ တော်လှန်သင်္ကြန်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို တော်လှန်ကျောင်းသားတွေက လူစည်ကားသော ကန်တော်ကြီးတွင် အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် တော်လှန်သင်္ကြန်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ “ပြည်သူမှ ပြည်သူသို့ စာနာထောက်ထားရင်း လာမယ့် မဟာသင်္ကြန်ပွဲတော်ရက်များ အတွင်းမှာ အသက်ဆုံးရှုံးသွားတဲ့ ပြည်သူများကို လွမ်းဆွတ်တမ်းတမှုမည်တဲ့ တိတ်တဆိတ် သင်္ကြန်နေ့ရက်များကို ကျတော်တို့အတူ ဖြတ်သန်းကြရပါမယ်” ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ က ပြောဆိုထားသည်။

ငလျင်ဘေးကြောင့် ပြည်သူများ ဒုက္ခမျက်ရည်ဝေနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက လျစ်လျူရှူပြီး သင်္ကြန်အတွင်း စာနာမှုကင်းစွာ မဏ္ဍပ်တွေ ဆက်လက်ဆောက်လုပ်နေခြင်းသည် ပြည်သူတွေကို မျက်နှာပြောင် တိုက်လွန်းသာ လုပ်ရပ်ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ က ပြောဆိုထားသည်။


Leave a Reply