ခမရ ၅၉၈ တပ်ရင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်

ရွှေကျင်ရှိ ခမရ ၅၉၈ တပ်ရင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ စလင်းတွင် စစ်တပ် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွား

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၈ တပ်ရင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တောင်ညို စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဧပြီလ ၁၀ ရက်နေ့က ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ ၏ ခမရ ၅၉၈ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စနိုက်ပါနဲ့ သွားရောက်သွားပစ်ခတ်တိုက်ခိုက်တာ၊ တစ်ယောက်သေပြီး တစ်ယောက် ဒဏ်ရာရတယ်” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်း၊ ဝေါမြို့နယ်ပကဖနှင့် အင်းတကော်ပကဖတို့ပူး ပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်းမြို့အနီးတဝိုက်ရှိ ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးနေမှု ကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဧပြီလ ၁၀ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က စလင်းမြို့မရဲစခန်းမှ အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၁၀၀ ကျော်ဖြင့် စလင်းမြို့အနီးတဝိုက်ရှိကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သဖြင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – စလင်းပကဖ တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ မွန်းလွဲပိုင်းတွင် စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်း သို့ ပြန်လည်ဆုတ်ခွါထွက်ပြေးသွားကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများကြောင်းသိရသော်လည်း အတိအကျသိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“တိုက်ပွဲမှာ ထိခိုက်သေဆုံးမှုကရှိပါတယ်။ စာရင်းအတိအကျမသိရတာပါ။ အဲဒီနေ့ကပဲ အဲဒီစစ် ကြောင်းက စလင်းစခန်းထဲကို ပြန်ဆုတ်သွားပါတယ်။ ၁၁ ရက်နေ့ကလည်း လင်းဇင်းစခန်းထဲကနေ အနီးအနားကျေးရွာတွေကို ထပ်မံစစ်ကြောင်းထိုးခဲ့ပါတယ်။ လတ်တလော ၂ ရက်အတွင်းတော့ ငြိမ် နေပါတယ်” ဟု စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *