မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊​ဇောင်ဂျမ်းကုန်းရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦးကျဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

မေလ ၅ရက်နေ့၊ ည ၇ နာရီ ၅၀ မိနစ်မှာ တစ်ကြိမ် ၊ည ၈ နာရီ ၃ မိနစ်မှာတစ်ကြိမ် စစ်ကောင်စီက လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာလို့​​ဒေသခံအချို့က​ပြောပါတယ်။​​လေ​ကြောင်းက​နေတိုက်ခိုက်ခဲ့တဲ့​တိုက်လေယာဥ်ဟာ Su 30 ဖြစ်ပြီး ​ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသွားတာလို့ ​ဒေသခံတစ်ဦးက​ပြောပါတယ် ။

လေ​ကြောင်းတိုက်ခိုက်ခံရတဲ့​ဇောင်ဂျမ်းကုန်းရွာဟာ မြိုင်နဲ့ ပခုက္ကုမြိုနယ်အစပ်မှာရှိတာလို့သိရပါတယ်။

“စာသင် ကျောင်းပေါ်ကိုကြဲချသွားတာပါ။တခုခုသတင်းပေါက်လို့ထင်တယ်။လက်ရှိ၅ယောက်ကျဆုံးပြီး ဒဏ်ရာ ရသူတွေ ရှိတယ်လို့သိထားရပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ထပ်မံရရှိတဲ့ သတင်းအရ သေဆုံးသူ ၇ ဦးရှိပြီး၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့​ ​ဒေသခံသတင်းရင်းမြစ် ၂ ဦးကပြောပါတယ် ။​သေဆုံးသူ​တွေရဲ့ အချက်
အလက်အ​သေးစိပ်ကို​တော့မသိရ​သေးပါဘူး။

မေလ၁ ရက်​နေ့မှာပခုက္ကူမြို့ရှိအမှတ် (၁၀၁)တပ်မဌာနချုပ်(တမခ-၁၀၁ )ကနေ မြိုင်မြို့နယ်ကိုထွက်လာတဲ့ အင်အား ၁၈၀ ​ကျော်ပါစစ်ကြောင်းကို ​တော်လှန်​ရေးတပ်​တွေက ​မေလ ၂ ရက်နဲ့ ၃ ရက်​နေ့​တွေမှာ ဖြတ်​တောက်တိုက်ခိုက်ခဲ့တာမှာစစ်တပ် အထိနာခဲ့ပါတယ် ။ အဲဒီစစ်​ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်​ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု​တွေဆက်တိုက် ပြုလုပ် နေတာလို့သိရပါတယ်။ အဲဒီစစ်​ကြောင်းကရွာ​တွေကိုလှည့်လည်စစ်​ကြောင်းထိုးဖျက်ဆီး​နေတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဒါအပြင် ​မေလ ၆ ရက်​နေ့မှာပခုက္ကူမြို့နယ် ၊ကန်တော်ရွာက​နေ စစ်သားနဲ့ ပျူ​စောထီးအင်အား ၁၇၀ခန့်ပါစစ်​ကြောင်း ၁ ​ကြောင်း ကလည်းစစ်ကူအ​ဖြစ် ထွက်လာပြီးမြိုင်နယ် ဒဟတ်ချောက် ရွာဘက်ကိုဦးတည်နေတယ်လို့စုံစမ်းသိရပါတယ် ။အဲဒီစစ်​ကြောင်းဟာ ပထမစစ်​ကြောင်း အထိနာ​နေလို့ ​နောက်ကလိုက်ထွက်လာတာလို့ ​ဒေသခံအချို့က​ပြောပါတယ် ။

​မေလ ၁ ရက်နေ့က ထွက်လာတဲ့ စစ်ကြောင်းက လေးတန်း သစ်ကြီးတော ပေါက်ပင်ကိုင်း ရွာတွေမှာပဲရှိနေပါတယ် ။အလားတူ မေ ၆ ရက်နေ့က ပခုက္ကူမြို့နယ် ၊ကန်တော်ရွာမှထွက်တဲ့ စစ်ကြောင်းက မြိုင်နယ် ဒဟတ်ချောက် ရွာဘက်ကိုဦးတည်နေပါတယ်။

တမခ(၁၀၁)ကထွက်လာတဲ့စစ်​ကြောင်းဟာမေလ၆ရက်​နေမှာမြိုင်မြို့နယ်ကလေးတန်းရွာဘုန်းတော်ကြီးကျောင်းကို မီးရှို့သွားတယ်လို့​ဒေသခံအချို့က​ပြောပါတယ် ။

ဒါအပြင် ​မေလ ၄ ရက်ညပိုင်းမှာလည်းစစ်ကောင်စီကမြိုင်မြို့နယ်အတွင်းကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့​သေးတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *