တနင်္သာရီတိုင်း၊ ထိုင်း -မြန်မာနယ်စပ်ရှိ ထီးခီးဗျူဟာ စစ်စခန်းကြီးကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်း ပိုက်ရရှိပြီး ၊ ထားဝယ်-ထီးခီးလမ်းနှင့်ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက ထိန်းချုပ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးတပ်စခန်းကို အပြီးသတ် သိမ်းပိုက် ရရှိပြီဖြစ်ကြောင်း Force For Federal Democracy -FFD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့မေလ ၉ ရက်နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာချုပ် လက်အောက်ခံ ကံပေါက်အခြေစိုက် ခလရ ၂၇၃ တပ်ရင်းမှ စစ်သားများ အခြေချ တပ်စွဲ ထားသည့် ထီးခီးခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အပြီးသတ်ပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ် သား၊ ထိခိုက်သေဆုံးမှု၊လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုများကို စိစစ်လျက်ရှိကြောင်း၊ အဆိုပါစခန်းကို မေလဆန်းပိုင်းမှစတင်၍ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထီးခီးစခန်း ဒီနေ့ပဲ သိမ်းပိုက်ရရှိပါပြီ။ နှစ်ဖက်အကျအဆုံး၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု၊ သုံ့ပန်းဖမ်းဆီးရရှိမှုတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး” ဟု Force For Federal Democracy -FFD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA ၏ စစ်ရေးဦးဆောင်မှုဖြင့် မဟာမိတ်တပ်ပေါင်းစုများ၊ FFD ချေ မှုန်းရေးနှင့်ဒရုန်းတပ်ဖွဲ့၊ KNLA (သဝခ) ဒရုန်းအဖွဲ့၊ တပ်မဟာ ၄ ဒရုန်းအဖွဲ့နှင့် TPLF ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စခန်းကို ဧပြီ နောက်ဆုံးပတ်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ် ဆင် တိုက် ခိုက်နေခဲ့ရာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းမှပစ်ကူပေးတိုက်ခိုက်ခဲ့ ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၄၀ ခန့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားမှုရှိခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းနှင့်ထားဝယ်မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်များ၏ အဆိုအရ သိရှိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *