ထိုင်း-မြန်မာနယ်စပ်အနီး ထားဝယ်မြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့ရှိ စစ်ကောင်စီ၏ ထီးခီးဗျူဟာစခန်းနှင့် တခေါဘီခီးစခန်း တို့ကို သိမ်းပိုက်ရရှိဟု KNU က တရားဝင် ကြေညာ

ထိုင်း-မြန်မာနယ်စပ်အနီး ထားဝယ်မြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့ရှိ စစ်ကောင်စီ၏ ထီးခီးဗျူဟာစခန်းနှင့် တခေါဘီခီးစခန်း တို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး- KNU က တရားဝင် ထုတ် ပြန်ကြေညာသည်။

KNU က ၁၉၉၇ ခုနှစ်တွင် လက်လွှတ်ခဲ့ရသော တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ ထီးခီးဗျူဟာစစ်စခန်းကို ယနေ့ မေလ ၉ ရက်နေ့တွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထီးခီးဒေသသည် KNU မြိတ်−ထားဝယ်ခရိုင်၏ ခရိုင် ဌာနချုပ် နှင့် တပ်မဟာ ဌာနချုပ် တည်ဆောက်ရန် ၁၉၇၄ ခုနှစ်တွင် စတင် စီစဉ်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကြောင်း၊ ထီးခီးဒေသတွင် ခရိုင် ဌာနချုပ် နှင့် တပ်မဟာ ဌာနချုပ် ရုံးများ တည်ရှိပြီး ထီးထာတွင် ခရိုင် ဌာနချုပ် နှင့် တပ်မဟာ ဌာနချုပ် တွင် တာဝန်ထမ်းဆောင်နေသော ရုံးအဖွဲ့ဝင်များ၏ မိသားစုဝင်များ နေထိုင် ခဲ့ကြကြောင်း၊ ၁၉၉၇ ခုနှစ်တွင် မြန်မာစစ်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ နှစ်ပေါင်း ၂၈ အကြာတွင် KNU က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူပင် ယနေ့ မေလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန် လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ခလရ ၂၄ အခြေချတပ်စွဲထားသော လေးပနာဒီ (ခေါ်)တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကိုလည်း KNLA ဦးဆောင်သော မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

” စခန်းရပြီလေ။ ကရင့်အလံတင်လိုက်ပြီ ၊စစ်သားတွေ ကတော့ပြေးဆင်းကုန်ပြေ။ လိုက်ရှင်းနေတယ်။ ၇ရက်နေ့မှာ ဒရုန်းနဲ့ စတိုက်ပြီးသိမ်းတာ။ အခုမနက်သူတို့ ထွက်ပြေးကြတာ။ သူကမယ်လဒုက္ခသယ်စခန်းအနောက်ဘက်ထဲကစခန်းပေါ့၊ နောက်ထပ် မယ်လတို့၊ ဝမ်ခါသစ်တို့ အဲဒီ စကစ စခန်းတချို့ ကျန်သေးတယ်” ဟုကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါစစ်စခန်းသိမ်းတိုကိပွဲကြောင့်ထိုင်းဘက်အခြမ်း မယ်တန်ရွာဘက်သို့ ကရင်ဒေသခံရွာသား ၃၀၀ ကျော်စစ်ရှောင်နေထိုင်နေကြရပြီး ထိုင်းစစ်တပ်နှင့်ထိုင်းအာဏာပိုင်များမှနယ်စပ်ဖြတ် ကျော်ထွက်ပြေးလာသည့် အကြမ်း ဖက် စစ်ကာင်စီတပ်သားများကို ထိန်းသိမ်းရန် နယ်စပ်တစ်လျှောက် ကင်းပတ်နေကြောင်း သိရှိရသည်။

KNU တပ်မဟာ ၇ နယ်မြေအတွင်း ထိုင်း-မြန်မာနယ်စပ်တလျှောက် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည့်စစ်စခန်း ၁၀ခု ထက်မနည်းကျန်ရှိနေသေးကြောင်း သိရှိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *